Walter Isaacson ရဲ့ Steve Jobs စာအုပ်ထွက်ပြီး နောက်ပိုင်းထွက်တဲ့ Steve Jobs အကြောင်းရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို Steve Jobs နဲ့ တွဲ လုပ်ဖူးတဲ့ လက်ရှိ Apple က executives တွေက သဘောကျတဲ့ စာအုပ် ဆိုတာ ကြောင့် ထပ်ပြီးတော့ ဖတ်ဖြစ်ပါတယ်။ ဒီစာအုပ်က အတ္ထုပတ္တ ထက်စာရင် drama ပိုဆန်ပါတယ်။ ဖတ်ရတာ ပိုပြီးတော့ အရှိန်ရပါတယ်။ ကျွန်တော်ကတော့ Walter Isaacson စာအုပ်ထက် စာရင် Becoming Steve Jobs စာအုပ်ကို ဖတ်ရတာ ပိုအားရတယ်။ Walter Isaacson က Steve Jobs အကြောင်း အသေးစိတ်ပါတဲ့ အတွက် ဖတ်ရတာ နည်းနည်းထောက်လွန်းလှတယ်။ တချို့ အကြောင်းအရာတွေက တစ်ခုကနေ တစ်ခု jump ဖြစ်လွန်းလို့ နည်းနည်း ရောရော သွားတယ်။ ဖတ်လို့ အကောင်းဆုံး အပိုင်းကတော့ “Just Tell Them I’m Being an Asshole” ဆိုတဲ့ နောက်ဆုံး chapter ပါပဲ။

စာအုပ်ထဲမှာ Tim Cook အကြောင်း တော်တော်ပါတယ်။ နောက်ပြီးတော့ Plam ကို ပြောင်းသွားတဲ့ Plam CEO Jon Rubinstein က ဘာလို့ Plam ကို ပြောင်း သွားရတာလည်း ဆိုတဲ့ အကြောင်းလည်း ပါတယ်။ Pixar နဲ့ Disnesy စတဲ့ အကြောင်းတွေကိုလည်း ထည့်သွင်းရေးထားတယ်။

Steve Jobs အကြောင်းအရာတွေကတော့ ဒါတွေပါပဲ။ ဘယ်အချိန် ပဲ ဖတ်ဖတ် ဘယ်သူပဲ ရေးရေး ဒီ အကြောင်းအရာတွေပါပဲ။ သို့ပေမယ့် ပြီးခဲ့တဲ့ နှစ်က ထွက်ခဲ့ပြီး မင်းသား Michael Fassbender သရုပ်ဆောင်ထားတဲ့ Steve Jobs movie ကတော့ ကျွန်တော် အတွက်တော့ ကြည့်ရတာ အညံ့ဆုံးပဲ။ စာအုပ်ထဲမှာဆိုရင်တော့ လက်ရှိ ဖတ်ပြီးသွားတဲ့ Becoming Steve Jobs နဲ့ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ “The pirate of silicon valley (1999)” ကားကို အကြိုက်ဆုံးပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.