အခုတလော Motivation က Bending Spoons ဆိုတဲ့ Company ပဲ။
Indonesia ရဲ့ Lombok ကျွန်းကို ခရီးသွားနေတုန်း Luca Ferrari၊ Francesco Patarnello နဲ့ Matteo Danieli သုံးယောက်က Company ထောင်ဖို့ ဆုံးဖြတ်တယ်။ နှစ်လအကြာ Evertale ကို စတယ်။
$1 million investment ရ။ မအောင်မြင်။ Company ပိတ်။ Company ထဲမှာ $40,000 ပဲ ကျန်တယ်။
Liquidation preference အရ အဲဒီငွေက VC ယူခွင့်ရှိတယ်။ ဒါပေမယ့် ပမာဏနည်းပြီး liquidation လုပ်ရတဲ့ အလုပ်ရှုပ်တာနဲ့ legal cost မတန်လို့ VC ပိုင် share အားလုံးကို Founder တွေဆီ nominal €1 နဲ့ ပြန်ရောင်းပေးခဲ့တယ်။
အဲဒီ $40,000 ကို Bending Spoons စဖို့ seed capital အဖြစ် သုံးနိုင်သွားတယ်။
Evertale Team ထဲက Luca Querella နဲ့ Tomasz Greber ကိုပါခေါ်ပြီး လူငါးယောက်နဲ့ Bending Spoons ကို ပြန်စတယ်။ အဲဒီကနေ ပြန်စတာပဲ။
ပထမဆုံး acquisition က $10,000 နဲ့ဝယ်တဲ့ keyboard personalize လုပ်တဲ့ iOS App တစ်ခု။ $20,000 လောက် ပြန်ရတယ်။ ရတဲ့ငွေနဲ့ နောက်ထပ် App တွေထပ်ဝယ်။ ပြန်ပြင်။ အမြတ်ထွက်အောင်လုပ်။ နောက်ထပ်ထပ်ဝယ်။ ဒီပုံစံနဲ့ သွားတာ။
အခု Bending Spoons ပိုင်တဲ့ နာမည်ကြီး Products နဲ့ Companies တွေက—
– Evernote
– WeTransfer
– Remini
– Vimeo
– Meetup
– komoot
– AOL
– Eventbrite
– StreamYard
– Brightcove
တွေပါ ဝယ်နိုင်တဲ့အထိ ဖြစ်လာတာပဲ။
Brightcove ကို ဝယ်တော့ လုံးဝ surprised ဖြစ်သွားခဲ့ရတာ။ 2026 January မှာ AOL ကို ထပ်ဝယ်တော့ ကြမ်းလှချည်လားပေါ့။
အခု Airtable ကိုပါ $1.285 billion နဲ့ ဝယ်ဖို့ သဘောတူထားပြန်ပြီ။ Deal မပိတ်သေးဘူး။ Regulatory approval ကျန်သေးတယ်။
အီတလီ Tech Company။ ကိုယ်ပိုင် flagship App တစ်ခုတည်းနဲ့ ကြီးလာတာမဟုတ်ဘူး။ အလားအလာရှိပြီးသား Digital Products တွေကိုဝယ်။ ပြန်ပြင်။ အမြတ်ထွက်အောင်လုပ်။ ရတဲ့ငွေနဲ့ ထပ်ဝယ်။
ဝယ်ထားတာတွေကလည်း လုံးဝနာမည်ကြီးတွေချည်းပဲ။
ငယ်ငယ်က ဖတ်ဖူးတာတော့ ကိုယ်စိတ်ဝင်စားတာကို လုပ်။ ကိုယ်လုပ်တဲ့ App တစ်ခုတည်းကို အာရုံစိုက်ဆိုတာမျိုး။ WhatsApp ရဲ့ Story ဖတ်တုန်းကလည်း အဲလိုပဲ ထင်ခဲ့တာ။
တကယ်တန်းတော့ Business မှာ Formula တစ်ခုတည်း မရှိဘူး။
User များအောင် အရင်လုပ်။ နောက်မှ ပိုက်ဆံရလာမယ်ဆိုတဲ့ Company တွေရှိတယ်။
Bending Spoons ကတော့ အဲလိုမဟုတ်ဘူး။
အစကတည်းက ပိုက်ဆံရအောင်လုပ်။ အမြတ်ရအောင်လုပ်။ ရတဲ့အမြတ်နဲ့ နောက်တစ်ခုထပ်ဝယ်။ အဲဒီမူနဲ့ပဲ သွားနေတာ။
