AI က အရင်က Developer တွေပဲ အလုပ်ပြုတ်တာကနေ အခုဆိုရင် Mini Series ဘက်မှာ crew တစ်ခုလုံး အလုပ်ရှားသည့် အဖြစ်ကို တဖြည်းဖြည်း ရောက်လာပြီ။
တရုတ်မှာ Seedance 2.5, MiniMax H3 တို့က အတော်ကောင်းလာတယ်။ MiniMax H3 က model weights ပါ ထုတ်ပေးထားတော့ ကိုယ်ပိုင် hardware နဲ့ local မှာတောင် run လို့ ရလာပြီ။ Quality ကလည်း Seedance 2 level နီးနီးထိ ရလာတယ်လို့ community test တွေမှာ မြင်ရတယ်။
ဥပမာ RTX PRO 6000 Blackwell နဲ့ ComfyUI ပေါ်မှာ H3 ကို ပုံမှန် workflow နဲ့ run ရင် 15 sec video တစ်ပိုင်း ထုတ်ဖို့ မိနစ် 20 ကျော်၊ 25 မိနစ်ဝန်းကျင် ကြာနိုင်တယ်။ ဒါပေမယ့် NVFP4, SageAttention, cache optimization စတာတွေ ထည့်လိုက်ရင် 15 sec ကို 8 မိနစ်ဝန်းကျင်၊ 5 sec ကို 2 မိနစ်ဝန်းကျင်ထိ ရလာသည့် benchmark တွေ ရှိတယ်။
ဒီနေရာမှာ 5 sec = 2 minute ဆိုတာ H3 ရဲ့ default speed လို့ ဆိုတာမဟုတ်ဘူး။ RTX PRO 6000 Blackwell ပေါ်မှာ optimization လုပ်ထားသည့် setup ရဲ့ benchmark ပဲ။
Reddit နဲ့ StableDiffusion community မှာ H3 နဲ့ စမ်းထားတာတွေ ကြည့်ရင် voice sync, lip sync တွေလည်း တော်တော်ကောင်းလာပြီ။ ref တွေပေးပြီး ကိုယ် ကြိုက်သည့် သူ ကို သရုပ်ဆောင်ခိုင်းလို့ရနေပြီ။
အခု တရုတ် AI short video တွေထဲမှာ AI slop ဖြစ်နေတာ အများကြီး ရှိသေးတယ်။ ဒါပေမယ့် တစ်နှစ်အတွင်း quality တက်လာသည့် speed ကို ကြည့်ရင် နောက်ပိုင်းမှာ အတော်ကောင်းလာမယ့် သဘောရှိတယ်။
ပြီးတော့ ဒီပြဿနာက Actor တစ်ယောက်တည်းရဲ့ market မဟုတ်ဘူး။
Extras, makeup, costume, lighting, camera crews, physical sets, location rental, dubbing, voice work စသည့် market တစ်ခုလုံး ပါသွားနိုင်တယ်။
တရုတ်မှာ Mini Series / Micro Drama boom ကြောင့် အရင်က လူအများကြီး အလုပ်ရလာတယ်။ ဒါပေမယ့် အခု AI micro drama တွေ တက်လာတာနဲ့ production cost အရမ်းကျသွားတယ်။
CNA က China Netcasting Services Association report ကို ကိုးကားရေးထားတာအရ 2026 ပထမ ၃ လအတွင်း တရုတ်မှာ micro drama 128,000 လောက် ထွက်ပြီး အဲဒီထဲက 122,000 လောက်၊ 95% ကျော်ကို camera နဲ့ live actors မသုံးဘဲ AI နဲ့ generate လုပ်ထားတယ်လို့ ဆိုတယ်။
Fully AI micro drama တစ်ခုကို လူ 5–10 ယောက်လောက်နဲ့ နှစ်ပတ်ကနေ တစ်လအတွင်း ပြီးအောင် လုပ်လို့ ရလာတယ်။ Traditional live-action production နဲ့ ယှဥ်ရင် cost ကလည်း အများကြီး နည်းသွားတယ်။
တနည်းပြောရင် အရင် Mini Series တွေ အားကောင်းလာလို့ Actor, crew, makeup, costume, lighting, camera, set construction စသည့် လူတွေ အလုပ်တွေရလာပေမယ့် နောက်ပိုင်းမှာ production က AI ဘက်ကို ပြောင်းသွားရင် ဒီအလုပ်တွေ ပြန်ရှားသွားမယ့် သဘောမျိုး မြင်နေရတယ်။
ဒါပေမယ့် live-action crew အလုပ်လျော့လာတာကို AI တစ်ခုတည်းကြောင့်လို့တော့ မပြောသင့်ဘူး။ Market မှာ content အရမ်းများလာတာ၊ platform subsidy လျော့တာ စတာတွေလည်း ပါတယ်။ AI ကတော့ ဒီပြောင်းလဲမှုကို ပိုမြန်စေမယ့် factor တစ်ခု ဖြစ်လာနေပြီ။
နောက်ပိုင်းမှာ အရင်ဆုံး ထိနိုင်တာက low-budget commercials, music videos, background actors, stock-video models, simple product videos, dubbing/voice work စတာတွေ ဖြစ်မယ်ထင်တယ်။
High-end production တွေမှာတော့ actor နဲ့ crew တွေ ပျောက်သွားဖို့ အချိန်ရှိဦးမယ်။ ဒါပေမယ့် cheap content, fast content, short video, ads, mini drama တွေမှာတော့ AI နဲ့လုပ်တာ economics အရ ပိုတန်လာမယ်။
တနည်းပြောရင် Developer သာ အလုပ်တွေ ရှားကုန်တာ မဟုတ်ဘဲ Mini Series ဘက်မှာပါ AI ကြောင့် အလုပ်တွေ ရှားလာမယ့် သဘော ရှိတယ်။
