Busy, past 2 Week

တစ်ပတ်လောက် game development အတွက် စာတွေ ဖတ်လိုက်ရတယ်။ cocos2d ကိုလည်း အမြန် လေ့လာရတယ်။ အိမ်ပြန်ချိန် ည ၉ နာရီ ဖြစ်တာလည်း ၁ ပတ်ကျော်နေပြီ။ ၁ ပတ်အတွင်းမှာ တော်တော်လေး အပင်ပန်းခံလိုက်တာ game development အကြောင်းကို အနည်းငယ် တီးခေါက်မိသွားတယ်။ အများကြီးမသိသေးရင်တောင် အရင်ကထက်တော့ နည်းနည်း ပိုသိလာပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး လုံးဝ ကို မအားတာ။ ရုံးက dead line တွေကော bugs တွေကော နဲ့ ရှုပ်နေတာပဲ။ game သေးသေးလေး တစ်ခုကို ပြီးခဲ့တဲ့ အပတ်က စရေးခိုင်းတယ်။ ခက်တာက logic ရှိတယ်။ မရေးတတ်ပြန်ဘူး။ ဒါကြောင့် cocos2d ကို ဖတ်ရတယ်။ logic က လွဲနေတယ်။ နောက်ပြီး game level design နဲ့ မကိုက်ပြန်ဘူး။

ဒါကြောင့် စဉ်းစားလိုက် ရေးလိုက်နဲ့ ခက်တာက logic နည်းနည်း လွဲနေတယ်ဆိုတာကို သဘောမပေါက်လိုက်တာ အချိန် ၃ ရက်လောက် အလကားကုန်သွားတယ်။ ဒါကြောင့် ဘာဆို ဘာကိစ္စမှ မလုပ်နိုင်။ ၂ ပတ် လုံးလုံး လှုပ်တောင် မလှုပ်နိုင်လိုက်ဘူး။ ဒီနေ့မှပဲ အားတာနဲ့ MZ Blog မှာ Starting Game Development ဆိုတာလေး ရေးမိတယ်။ web app တွေ ရေးရတာ ပျော်ဖို့ ကောင်းသလို game တစ်ခုဖန်တီးရတာလည်း challenge ဖြစ်တာပဲဗျ။ လုံးဝ မသိတဲ့ နယ်ပယ်တစ်ခုထဲကို blind ကြီး တိုးဝင်ရတာ တော်တော်ပင်ပန်းတဲ့ အလုပ်ပဲ။ ဘာပဲ ပြောပြော ဒီ စနေ တနင်္ဂနွေတော့ ခဏ နားလိုက်အုံးမယ်ဗျာ။ ရှားရှားပါးပါး အခုမှ နောက်ဆံ မတင်းပဲ နားရတဲ့ စနေနေ့ လို့ ဆိုရမယ်။

One response to “Busy, past 2 Week”

  1. စေတန်…

    ဆက်ကြိုးစားကွာ.. အားပေးနေတယ်… လက်ထဲမှာရှိတာလေးတွေ ရှင်းပြီးရင်တော့ မင်းလို လူတွေအတွက် ကောင်းကျိုးတစ်ခုခုပေးနိုင်ဖို့ လုပ်တော့မယ်… ခုထက်ထိတော့ ဘာမှမတတ်လို့ ဘာမှ မရေးသေးဘူး…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading