job

  • အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။…

  • တစ်ပတ်လောက် game development အတွက် စာတွေ ဖတ်လိုက်ရတယ်။ cocos2d ကိုလည်း အမြန် လေ့လာရတယ်။ အိမ်ပြန်ချိန် ည ၉ နာရီ ဖြစ်တာလည်း ၁ ပတ်ကျော်နေပြီ။ ၁ ပတ်အတွင်းမှာ တော်တော်လေး အပင်ပန်းခံလိုက်တာ game development အကြောင်းကို အနည်းငယ် တီးခေါက်မိသွားတယ်။ အများကြီးမသိသေးရင်တောင် အရင်ကထက်တော့ နည်းနည်း ပိုသိလာပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး လုံးဝ ကို မအားတာ။ ရုံးက dead line တွေကော bugs တွေကော နဲ့ ရှုပ်နေတာပဲ။ game သေးသေးလေး တစ်ခုကို ပြီးခဲ့တဲ့ အပတ်က စရေးခိုင်းတယ်။ ခက်တာက logic ရှိတယ်။ မရေးတတ်ပြန်ဘူး။…

  • Job ?

    အလုပ်အပေါ်မှာ ခံယူချက်က တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။ အချို့တွေကလည်း ဝါသနာပါတာကို လုပ်လို့ ဆိုကြသလို အချို့တွေကလည်း အလုပ်ရနိုင်တာကို လုပ်။ ဝါသနာထက် ရေရည်ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူသလို ကျောင်းပြီးကာစ လူငယ်လေးတွေလည်း ဘာလုပ်ရမှန်းမသိကြတာ အမှန်ပါ။ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောဘူးတယ်။ သားကို အမေတို့က ပညာအမွေပဲ ပေးနိုင်တယ်။ ပညာတတ်အောင် သင်ပေးတဲ့ အထိပဲ အမေတို့ တတ်နိုင်မယ်။ ကိုယ့်ဘဝ ကိုယ်ရပ်တည်ရမှာပဲလို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောခဲ့ဘူးတယ်။ ပညာ အမွေ ? အဖေ တို့ အမေ တို့ ပေးနိုင်တာကတော့ ကျောင်းပညာ အမွေပါ။ ကျောင်းပညာ လို့…

  • အပြောင်းအရွှေ့ – ၂

    ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။ အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။

  • ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။…

  • ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။