Facebook မှာ ကို Zack ၊ ကို သီဟ တို့နဲ့ ဘောလုံးပွဲ အကြောင်းပြော ဖြစ်တာလေး ပြန်ပြီး စုစည်းပြီး blog မှာ တင်ထားတာပါ။
Zack : မြန်မာလူမျိုးတွေ နိုင်ငံတကာ ဘောပွဲ အရမ်း ကြည့်ချင်နေတယ်ဆိုတာကတော့ အသေအချာပဲ ဒီ movie ကိုကြည့်ပါ။ လူစုလူဝေးနေရ ထိုင်ရသွားရစားရတာတွေမှာ အလေ့အကျင့် မရှိတဲ့ မြန်မာတွေ အတွက်တော့ ပြသနာပေါ့။ ပြောမယ်ဆိုရင်တော့ educated ဖြစ်ဖို့လိုတယ်ဆိုပေမယ့် ခုလိုလာကြည့်ကြတဲ့ သူအတော်တော်များများရဲ့ နေ့စဉ်ဘဝတွေက စားဝတ်နေရေးတွေနဲ့ လုံးပန်းနေရမှာ သေချာတယ်။ လွတ်လပ်စွာပြောဆိုခွင့်မရှိသေးတ ဲ့ တိုင်းပြည်မှာ ကွင်းထဲလူစုမိတော့မှ တဘက်အသင်းကို -ီးပဲဆိုပြီး ဆဲနေတာတွေကလဲ ဘယ်သူကို အပြစ်တင်ရမလဲ
Myanmar VS Oman Soccer Match Interrupted by Crowd with Violence!! HD from Htoo Tay Zar on Vimeo.
Hooligans made ugly World cup qualifer, Myanmar Vs Oman from Hpone Myint Khaing on Vimeo.
SG: ကျွန်တော်ကတော့ ကိုယ့်လူမျိုးကို စိတ်ညစ်စရာလို့ မမြင်ပဲနဲ့ ကျွန်တော် တို့ မျိုးဆက်တွေ နောက်မျိုးဆက်တွေမှာ ဒီလိုမျိုး မဖြစ်အောင် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်သလောက် educate လုပ်ပေးဖို့ လိုတယ်။ ပညာတတ်တာ မတတ်တာ ထက် ယဉ်ကျေးလာအောင် ကိုယ်တိုင် စံ နမှုနာ အနေနဲ့ နေထိုင်အောင် ကြိုးစားပြဖို့ လိုတယ်။ ဒီလို လုပ်တာတွေ မကောင်းဘူးဆိုတာ နားလည်အောင် ပညာပေး စည်းရုံးမှုတွေ လုပ်ရမယ်။ ကလေးတွေကို မဆဲ နဲ့ ဆိုပြီး လူကြီးတွေက ကလေးတွေ ရှေ့မှာ ဆဲပြနေရင် ဆဲမှာပါ။ ဆဲတာ မကောင်းဘူး ဘာကြောင့် မကောင်းတာလဲဆိုတာကို အခြေခံ အချက်ကျကျ ပြန်ရှင်းပြဖို့ လိုတယ်။ အရင်ဆုံးဗျာ .. ကျွန်တော်တို့ မျိုးဆက်တွေက ဖြစ်တယ်ဆိုရင် ကျွန်တော် အပါအဝင် ပညာပေးစည်းရုံးမှုတွေ အားနည်းသေးလို့ educate မဖြစ်တဲ့လူတွေကို ပြောရဆိုရခက်တယ်။ နားမလည်တဲ့ ကောင်တွေဆိုပြီး လွှတ်ထားလိုက်လို့ ။ ဘီယာ သောက်တာထက် မူးပြီး ဆဲတာကို ဝိုင်းပြီး အပြစ်မပြော မတားတတ်ကြတဲ့ ကျွန်တော်တို့ မျိုးဆက် အပြစ်တွေလည်း ပါတာပေါ့ဗျာ။ ပြောရင်တော့ အများကြီးပဲ။ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်ပတ်ဝန်းကျင်မှာ စံပြ အနေနဲ့ အရင်ဆုံး နေနိုင်အောင် ကြိုးစားဖို့ လိုတယ်
TH : ကျွန်တော် ဘောလုံးပွဲ တစ်ပွဲသွားကြည့်ဖူးတယ်ဗျ အဲဒီမှာ အဘကြီး တစ်ယောက် အသားကုန် ထိုင်ဆဲနေတာ ကျွန်တော် ဘေးမှာ မိုးမွန်နေတာပဲ အဲဒါနဲ့ ကျွန်တော်လဲ ဘောလုံးပွဲတစ်ပွဲနားတော့ အနားကပ်ပြီး မေးကြည့်တယ် အဘ ဒီလောက်ဆဲနေတာ ဘောလုံးသမားတွေ တော်တော်မုန်းပုံပဲ ဆိုတော့ မဟုတ်ပါဘူးကွာတဲ့ အိမ်က မိန်းမကြီးကို ဆဲချင်သမျှ ဒီမှာ လာဆဲနေတာတဲ့
SG: ကျွန်တော်တို့ နိုင်ငံမှာ အဲဒီ ဘကြီးလိုလူမျိုးတွေ အများကြီးပဲ .. ပညာရပ်တစ်ခုကို ကျွမ်းကျင်အောင် မသင်ပဲနဲ့ အဲဒီ ပညာရပ် နဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး.. အဲဒါကို သူသင်တာ မကောင်းလို့ ဘယ်သူ့ကြောင့် ဘဝကြောင့် ဆိုပြီး အပြစ်တင်နေကြတာတွေ အများကြီး .. အဓိက ကျွန်တော်တို့တွေ အရှိတရားကို ရင်ဆိုင်တတ်အောင် ကြိုးစားရအုံးမယ်.. ခဏခဏ ရှုံးရလွန်းလို့ အရှုံးကို ရင်မဆိုင်ရဲလို့ စိတ်ထွက်ပျောက်ရှာတယ်ဆိုရင် တော့ မှားနေပြီ။
အဘကြီး အနေနဲ့ အိမ်က မိန်းမကို မကျေနပ်ရင် အရက်ဆိုင်မှာ အရက်သောက်ပြီး တစ်ယောက်တည်း သွားဆဲလို့ ရတယ်။ ဒီထက် ကောင်းတဲ့ နည်းက အားကစားကွင်းမှာ ရဟတ်တွေ ဘာတွေ သွားစီးပြီးတော့ အားပါးတရ အော်ပြီး စိတ်ထွက်ပေါက် လုပ်လို့ရတယ်။ ကောင်းမွန်တဲ့ စိတ်ထွက်ပေါက်နည်းတွေကို သိလာအောင် ကျွန်တော်တို့တွေ educate လုပ်ပေးဖို့လိုတယ်။ ဘောလုံးပွဲက စိတ်ထွက်ပေါက်လုပ်တဲ့ နေရာ မဟုတ်ဘူး လို့ ကျွန်တော် ယူဆတယ်။ အပန်းဖြေတာနဲ့ စိတ်ထွက်ပေါက်လုပ်တာ မတူဘူးလို့ ကျွန်တော် ယူဆထားတယ်။
TH: အများစုက အဲဒီလို စိတ်ထွက်ပေါက်အနေနဲ့ ကြည့်တဲ့သူတွေ များနေတယ် ဘောလုံးပွဲတင်မဟုတ်ဘူးဗျ … စတိတ်ရှိုးကြည့်လဲ အဲဒီလိုပဲ ငါတို့ ဘောလုံးပွဲသွားကြည့်ကြမယ်ဟေ့ ငါတို့ စတိတ်ရှိုးသွားကြည့်ကြမယ်ဟေ့ ဘယ်အချိန်မှာ လူစုကြမယ် ပြီးရင် တင်ကြမယ် (တင်ကြမယ်ဆိုတာ အရက်သောက်ကြမယ်လို့ ပြောတာ) ဟေ့ဆိုပြီး သွားကြည့်ကြတာဗျ
အင်း .. အဲဒါကြောင့် ကျွန်တော်တို့တွေ educate ဖြစ်အောင် ဒီထက် ပိုကြိုးစားဖို့ လိုသေးတယ်.. ပတ်ဝန်းကျင်မှာလည်း စံပြ နမှုနာ လူမျိုးတွေ ကိုယ်အထင်ကြီး လေးစားရမယ့် လူတွေ ရှားလာတဲ့ အခါမှာ ပတ်ဝန်းကျင်က လူတွေ အတိုင်း ကူးစက်ကုန်မှာပဲ …
ဥပမာဗျာ။။ ကျွန်တော် သိတဲ့ ပတ်ဝန်းကျင်က Morris တို့ K တို့ စတဲ့ လူတွေ မပါဘူးဗျ။ တနည်းပြောရင် ပတ်ဝန်းကျင် က နေ တဖြည်းဖြည်း educate လုပ်ရမယ်။ ဒီလိုမျိုး educate လုပ်ပြီး ကောင်းမွန်တဲ့ Civilization တစ်ခုကို တည်ထောင်ရမယ်။ ဒါမှမဟုတ် ဘယ်သူအုပ်ချုပ် အုပ်ချုပ် ဒီလိုပဲ ဖြစ်လာမှာ
TH: ကျွန်တော် သွားကြည့်တော့လဲ စိတ်ထွက်ပေါက် အနေနဲ့ သွားကြည့်တာပါပဲ ဂိုးဝင်သွားရင် ဟေးး ….. ဆိုပြီး အော်ရတာ … ရှုံးသွားတဲ့ အခါ အားမလိုအားမရ ဖြစ်တာ … စိတ်ရှိလက်ရှိ အော်ခွင့်ရတာ အဲဒါတွေ ကြိုက်လို့ သွားကြည့်တာဗျ … ဆဲတာ မဆဲတာ၊ ခဲနဲ့ ပေါက်တာ မပေါက်တာကတော့ လူတစ်ယောက်ခြင်းစီရဲ့ ခံယူချက်နဲ့ ဆိုင်မယ်ဗျ …ဒါပေမယ့် အဲဒီလို ဘောလုံးပွဲဆိုတာ ဘယ်လို ထွက်ပေါက်သုံးပါလို့ သွားပြောလို့ ရတာမှ မဟုတ်တာ .. ဒီအပေါ်မှာ စည်းကမ်းနဲ့ပဲ ကိုင်တွယ်ရမယ် ထင်တယ်ဗျ
SG: ဆဲတာ မဆဲတာ ကို တားပိုင် ခွင့်မရှိဘူး။ ဒါပေမယ့် ခဲ နဲ့ ပေါက်တာ မပေါက်တာ ကတော့ စည်းကမ်း အရ တားပိုင်ခွင့်ရှိတယ်။ တနည်းပြောရင် လုံခြုံရေး တိုးမြှင့်ထားရင် မကြိုက်သလို လုံခြုံရေး မရှိပြန်တော့လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် ကျွန်တော်က ကိုယ့် အချင်းချင်း ထိန်းကျောင်းနိုင်အောင် ကြိုးစားပြီး စည်းကမ်း ရှိရှိ လေး အားပေးတတ်လာအောင် ကြိုးစားဖို့ လိုတယ်။
အစ်ကိုပြောသလိုပဲ စည်းကမ်း ပိုင်းတွေမှာ ပြင်ဆင်သင့်တာတွေလည်း ရှိတာပေါ့။ နောက်ပြီး မူးနေတဲ့ လူကို ဒီအတိုင်း သွားပြောရင် ပိုဆိုးလာမှာကလည်း ရှိသေးတယ်။ သူတို့ ပိုမိုက်မှပဲ သူ့ကို ထိန်းလို့ ရမှာ။ သူ့လောက် မမိုက်ရဲရင်တော့ မူးနေတဲ့ သူကို အေးအေးဆေးဆေး သွားပြော တောင်းပန်နေရင် ပိုဆိုးလာရုံပဲ ရှိမယ်လို့ ထင်တယ်
TH: Super Like ကိုစေတန်
Zack: အမှန်တွေကြီးပဲ ကြိုက်တယ်ဗျာ …. :D
ဟုတ်တယ်ကိုသီဟ ဒါဟာကိုယ်အဆင့်အတန်း အရည်အချင်းပေါ်မူတည်ပြီး ကိုယ်စိတ်ထွက်ပေါက်ကိုရှာခြ င်းပဲ ဒါကြောင့်စေတန်ကပြောတာ educated ဖြစ်အောင်လုပ်ကြမယ်လို့
ကျွန်တော်ဝင်ပြောချင်တာက အခြေခံစားဝတ်နေရေးမှ မချောင်လည်ရင် educated ဖြစ်အောင်လုပ်ဖို့ အချိန်ဆိုတာ မလွယ်ဘူးဗျ။ educate ဖြစ်နေတဲ့ အသိုင်းအဝိုင်းထဲလဲ မဝင်ရဲဘူး။
စလုံးမှာ ဆိုရင် ကျောင်းနေရမယ့် အရွယ်ကလေးတိုင်း စာသင်ကျောင်းမှာရှိတယ်။ ကျွန်တော်တို့ဆီမှာက ဘူတာမှာ၊ ကားဂိတ်မှာ၊ လမ်းဘေးမှာ အများကြီးပဲ
တနိုင်ငံလုံးအတိုင်းအတာနဲ့ educated ဖြစ်အောင်လုပ်နိုင် ဖို့ဆိုတာ မလွယ်ဘူး
TH: ကျွန်တော်တို့မှာ အဲဒီလို လူတွေ အများကြီး ရှိပါသေးတယ် ။ လူတိုင်းကို educated ဖြစ်အောင် လုပ်ဖို့ဆိုတာ မလွယ်ပေမယ့် ကိုစေတန် ပြောသလို ကျွန်တော်တို့မှာ တစ်ခြားသူတွေ အများကြီး ရှိပါသေးတယ်။ လူတိုင်းကို လိုက် Educated လုပ်ဖို့ မတတ်နိုင်ပေမယ့် ကိုယ့်လူ တစ်စုစာတော့ တတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ လူတစ်စုက လူအများကြီးထက် အပြောင်းအလဲတွေ သယ်ဆောင်လာနိုင်ပါတယ်။ ဆီလီကွန်ဗယ်လီ ဖြစ်ဖို့ အိန္ဒိယတိုက်က လူတိုင်းမလိုပါဘူး၊ လူတစ်စုသာ လိုပါတယ်။
Zack: good point >> ဆီလီကွန်ဗယ်လီ ဖြစ်ဖို့ အိန္ဒိယတိုက်က လူတိုင်းမလိုပါဘူး၊ လူတစ်စုသာ လိုပါတယ်။ :D like it
SG: အစ်ကိုပြောတဲ့ ပညာရေးကတော့ အခြေခံ အကျဆုံး အချက်ပေါ့ဗျာ။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး ကောင်လေးတွေကို ဆဲနေတာတွေ့ရင် ကျွန်တော်တို့တွေ ဒီအတိုင်း ထိုင်နေတတ်ကြတယ်။ အဲဒီလို ကလေးတွေ ကြီးပြီးလာရင်လည်း ဆဲမှာပဲ။ ကြမ်းမှာပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါပဲ နေလာကြတာတွေ များနေပြီ။ ကိုယ့်ပတ်ဝန်းကျင်ကို လည်း အရမ်းလျစ်လျူရှုမိတာ များနေပြီနဲ့တူတယ်။
အကုန်လုံးကို educated ဖြစ်အောင် လုပ်ဖို့ မတတ်နိုင်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကိုတော့ educated ဖြစ်အောင် စကြိုးစားရမယ်။ ချမ်းသာတိုင်း educated ဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားပြီးသားပါ။ ယဉ်ကျေးတာ မယဉ်ကျေးတာက ချမ်းသာခြင်း ဆင်းရဲ ခြင်းနဲ့ မဆိုင်ဘူး။ ပတ်ဝန်းကျင်နဲ့ ပဲ ဆိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်။
TH: နောက်ဆိုးတာ တစ်ခုက ကျွန်တော်တို့ မြန်မာတွေရဲ့ စိတ်ဓာတ်မှာ နိုင်ပဲနိုင်လိုကြတယ်ဗျ အရှုံးကို လက်မခံလိုကြဘူး အဲဒီ အရှုံးတစ်ခု ဖြစ်လာပြီဆိုရင် သင်ခန်းစာထုတ်ဖို့ထက် ဖျက်ပစ်ဖို့ပဲ လုပ်ကြတော့တယ်၊ ဘောလုံးအသင်းရှုံးပြီဆိုတာနဲ့ နည်းပြကိုထုတ် ပြန်ဖွဲ့ Downward Spiral ထဲမှာပဲ လည်နေတော့တယ် …
ပွဲကြည့်ပရိသတ်ကလဲ မရှုံးလို ဘောလုံးအသင်းကလဲ မရှုံးလို အားလုံးက မရှုံးလိုကြပဲ အရှုံးက သင်ရမယ့် သင်ခန်းစာတွေကို အဆုံးရှုံးခံပြီး တွင်းဆုံးကျအောင် ရှုံးနေကြတယ်
နောက် ဘောလုံး ဆိုက်ကိုထဲမှာ မြန်မာဆိုတာကြီးကို ဆွဲဆွဲထည့်နေတာ သိပ်တော့ ဘဝင်မကျဘူးဗျ။ ဘောလုံးက မြန်မာလောက် မကြီးတာ သေချာပါတယ်
SG: အမြဲရှုံးနေကျဆိုတော့ အရှုံးကို ရင်မဆိုင်ချင်တော့ဘူး။ ခက်တာက ဘာကြောင့် အမြဲရှုံးရလဲဆိုရင် ဟိုလူ့လက်ညှိုးထိုး ဒီလူ့လက်ညိုး ထိုးတာက အကျင့်ဖြစ်နေပြီ။ ပြဿနာကို ကျွန်တော်တို့တွေ ရင်ဆိုင်ရဲအောင် တာဝန်ယူတတ်ရဲ အောင် လုပ်ဖို့ လိုတယ်။
ဒါက ဘောလုံးတစ်ခုထဲမှာ မဟုတ်ဘူး။ နေရာတိုင်းမှာ မိမိတာဝန် မိမိယူရဲ တဲ့ စိတ်ရှိအောင် မွေးရအုံးမယ်။ အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ စိတ်ဆိုလည်း မမှားပါဘူးဗျာ။ ကိုယ့်တာဝန် ကိုယ်ယူရဲအောင် အရှုံးကနေ သင်ခန်းစာ ယူတတ်အောင် ကျွန်တော်တို့တွေ ကြိုးစားရမယ်။ ဒီသံသရာကြီးက ကျွန်တော် လူမှန်း သိကတည်းက လည်နေတာ အခုထက်ထိ မရပ်သေးဘူး။ ဘာကြောင့် မရပ်သလဲဆိုတာကို ကျွန်တော် တို့ အဖြေ မရှာပဲ လက်ညိုးထိုးပြီး သံသရာကြီးလည်ပတ်အောင် မောင်းနှင်နေသလို ဖြစ်နေတယ်ဗျာ
TH: ဘာကြောင့် မရပ်သလဲဆိုရင် ကျွန်တော်တို့ကြောင့်ပဲဗျ ဟားဟား
SG: ဒါကြောင့် ရပ်သွားအောင် ကိုယ့်ပတ်ဝန်းကျင်ကို အရင်ဆုံး ကောင်းမွန်လာအောင် ကြိုးစားဖို့လိုတာပေါ့ဗျ။
ငယ်ငယ်က ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော် ပြောတဲ့ မိန့်ခွန်း အခု ထက်ထိ သဘောကျနေတုန်းပဲ။
မိမိကိုယ်ကိုယ်ကြိုးစားပါ။ မိမိ အိမ်အတွက် ကြိုးစားပါ။ မိမိ ပတ်ဝန်းကျင်အတွက် ကြိုးစားပါ။ မိမိ ရပ်ကွက်အတွက် ကြိုးစားပါ။ မိမိ မြို့နယ်အတွက်ကြိုးစားပါ။ အဲလို အဆင့်ဆင့် နဲ့မှ နောက်ဆုံး တိုင်းပြည်အတွက် ကြိုးစားကြပါလို့ ဆရာကြီးပြောသွားတယ်။
ကိုယ်မကောင်းပဲနဲ့ တခြားအရာတွေကို ကောင်းအောင် ကြိုးစားဖို့ ခက်တယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင် ဒီ ဖြစ်ပျက်နေတဲ့ သံသရာ ထဲက ထွက်အောင် လုပ်ဖို့လိုတယ်။ ပြီးမှ ကိုယ့်မိသားစု ပတ်ဝန်းကျင်ကို educated ဖြစ်အောင် လုပ်ပေးပြီး ဒီ သံသရာကြီး မလည်ပတ်တော့တဲ့ ယဉ်ကျေးမှု တစ်ခုရောက်အောင် မောင်းနှင်ဖို့ လိုအပ်တယ်။
TH: ကျွန်တော်ကတော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်ဗျ ဆက်ကစ်ကြတာပေါ့ဗျာ
SG: ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်ဗျ။ တစ်နိုင်ငံလုံး အတိုင်းအတာထက် ကျွန်တော့် ပတ်ဝန်းကျင်ကိုတော့ ကောင်းမွန်လာအောင် ကျွန်တော် ကြိုးစားနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်။
ဘာပဲပြောပြော ဒီလို ဆွေးနွေးခွင့်ရတာ အရှုံးထဲက အမြတ်ပဲဗျ.. ကို PyePhyo Han ကော ကို Soe Thiha Naung ကို ကော ကျေးဇူးတင်တယ်ဗျာ။ ကျွန်တော် ဒါလေးကို ပြန်စုပြီး blog မှာ တင်ထားခွင့်ပေးပါ။ ကျွန်တော် ကိုယ်တိုင် မေ့သွားမှာ ဆိုးလို့ပါ။
TH: ဟုတ်တယ်ဗျ ဘလော့မှာဆိုတော့ နောက်ပြန်ဖတ်လို့ရတာပေါ့
Zack: Sure Bros … Share it :)
အမှန်အတိုင်းဝင်ခံရရင် ကျွန်တော်တို့ လူမျိုးကသွေးဆူလွယ်တယ်။ ကျွန်တော် 19th July နေ့တုန်းက တော်ဝင်စံကနေ ဗိုလ်ချုပ်မိန့်ခွန်း တွေကိုပြန်နားထောင် ဖြစ်တယ်။ အဲဒီထဲက ဗိုလ်ချုပ်ပြောတယ် ဘောလုံးပွဲနဲ့ ပတ်သတ်ပြီတော့ မြန်မာတွေ ရှုံးရင်လူချတယ် … တလွဲဆံပင်ကောင်း စသည်ဖြင့်ပေါ့ …. ဒီမှာပြန်နားထောင်လို့ ရတယ်ဗျာ။
ကျွန်တော်ပြောချင်တာက မနေ့ကဘောပွဲကိုကြည့်ပြီး အဲဒီ မိန့်ခွန်းကိုတန်းပြီး သတိရတာပဲ။ အဲဒီ ဗိုလ်ချုပ် လက်ထက်က ကောလိပ်ကျောင်းသား အခုကျောင်းသား ပညာဘယ်လောက်တတ်တယ်ဆိုတာ လူတိုင်းအသိပဲ။
အဲဒီတုန်းထဲက အဲလိုစိတ်ဓါတ်တွေကရှိနေတော့ ခုလိုမျိုး ပညာရေးပိုပြီး နိမ့်ကျလာတဲ့ အချိန်မှာ ဒါတွေပိုပြီးဆိုးလာတာပေါ့။ ကျွန်တော့် အမြင်ကတော့ “ပညာရေးနိမ့်ကျခြင်းက အလုံးစုံ နိမ့်ကျခြင်းပဲ။
ဟုတ်တယ် … ကျွန်တော်တို့တခြားဟာ မလုပ်နိုင်ရင်တောင် ပညာနဲ့ ပတ်သတ်ပြီး တစ်ဘတ်တစ်လမ်း လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ လုပ်လဲလုပ်နေကြတာပဲလေ
ဒါပေမယ့် ကျွန်တော်တို့လုပ်တာက ကျွန်တော်တို့ အသက် မတိမ်းမရိမ်း level ကသူတွေအတွက်ပဲ ဖြစ်နေလိမ့်မယ်။ စေတန် အားလုံးကို ကောင်းခြင်းတွေ ကူးစက်နိုင်ပါစေဗျာ။ (ပြောမယ့်သာပြောတာ မကောင်းတာဆို သင်စရာမလိုဘူးဗျ)
ကျွန်တော်တို့ထက် ငယ်တဲ့ ၆တန်း ရ တန်း လောက်ထဲကစပြီး အားလုံးကို ဖြစ်စေချင်တယ်။
ဒီ post နဲ့ ဆက်စပ်ပြီး Morris blog မှာ ဟိုးအရင်က ဖော်ပြဖူးတဲ့ post လေး တစ်ခုကိုလည်း သွားဖတ်သင့်တယ်။
Leave a Reply