Don’t Work Hard, Work Smart

တနေ့မှာ လူ၂ယောက်ဟာ ခရီးသွားရင်း မြစ်တစ်ခုရှေ့ကို ရောက်လာတယ်။

ပထမလူ ။။ ငါ မြစ်ကို ရေကူးပြီးသွားလိုက်မယ်။

ဒုတိယလူ ။။ ခဏနေပါအုံး။ အနီးအနားမှာ လှေတို့ တံတားတို့ ရှိမလား အရင်ရှာလိုက်အုံးမယ်။

ပထမလူ ။။ မင်းက အချိန်အရမ်းဖြုန်းတာပဲ။ ငါတို့တွေ ငယ်ငယ်ကတည်းက ရေကူးလာတာပဲ။ ဒီ မြစ်လောက်တော့ အပျော့ပါကွာ။

ဟုပြောပြီး အင်္ကျ ီ၊ ဖိနပ်တို့ကို ချွတ်ပြီး ဖြတ်ကူးဖို့ ပြင်လေသည်။  ဒုတိယလူကတော့ ဟင်း… ဟု သက်ပြင်းလေးလေး တချက်ချလိုက်ပြီး ဟိုဒီ… ဒီဒီ လှည့်ကြည့်လိုက်သည်။

ဒုတိယလူ ။။ အင်း… ငါကတော့ ဟိုဘက်နား သွားကြည့်လိုက်အုံးမယ်။

ပထမလူ ။။ မင်းက တကယ်ကို မကြိုးစားတဲ့ကောင်ပဲ။ ရအောင် ဖြတ်ကူးလိုက်ရင် ဟိုဘက်ရောက်ပြီပဲ ဟု စိတ်ထဲမှာ တွေးမိလိုက်လေသည်။

ပထမလူ က ရေထဲကို ဆင်းသွားပြီး ရေကူးရန် စတင်တော့သည်။ ထိုအချိန်တွင် ဒုတိယလူက တခြား ဖြတ်ကူးဖို့ နည်းလမ်း ရှိလေမလားဆိုပြီး ရှာရန် ထွက်ခွာသွားလေသည်။

နာရီဝက် မိနစ် အကြာ…

ဒုတိယလူ ပြန်ရောက်လာသည်။ ပထမလူ ရေကူးနေတာကို နောက်မှ ငေးကြည့်နေသည်။

ပထမလူ … ရေကူးတာ ရောက်ခါနီးနေပြီ။ မြစ်တစ်ဝက်နား ရောက်တော့မည်။ နောက်ထပ် နာရီ ဝက်လောက်ဆိုရင် ဟိုဘက် ကမ်းရောက်တော့မှာပဲဟု ဒုတိယ လူတစ်ချက်တွေးမိလိုက်သည်။ ရုတ်တရက် ပထမလူ က ပြန်လှည့်လာလေသည်။ ဒုတိယလူက လှမ်းအော်လေသည်။ ဆက်ကူးပါလား။ ပထမလူက ငါမရတော့ဘူး ဟု ပြန်အော်ပြောလေသည်။ မကြာမီ ကမ်းပေါ်သို့ ပထမလူ ပြန်ရောက်လာပြီး မောဟိုက်နေလေသည်။

ဒုတိယလူ ။။ ဘာဖြစ်လို့ပြန်လှည့်လာတာလဲ။

ပထမလူ ။။ မရဘူး။ ရေစီးအရမ်းသန်တယ်။

ဒုတိယလူ။ အင်း။ ဒါဆိုရင် ငါတို့ ဟိုဘက် ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရင် လှေဆိပ်ရှိတယ်။ အဲဒီကနေ လှေငှားပြီးတော့ ဟိုဘက်ကို သွားကြတာပေါ့။

ref: http://www.marcellegros.com/what-does-dont-work-hard-work-smart-mean/

ကိုဖတ်ပြီး ပြန်လည်ရေးသားထားခြင်းဖြစ်သည်။

2 responses to “Don’t Work Hard, Work Smart”

  1. နည်းလမ်းရှာပြီးဖြေရှင်းတာပိုပြီးသင့်တော်တာပေါ့..။
    ဒီလို ပိုစ့်လေးတွေ ဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုစေတန်ရေ..
    နောက်ထပ်လဲ များများ ရေးနိုင်ပါစေ..။
    :))

    1. သူများရေးထားတဲ့ ဆောင်းပါးလေး ဖတ်မိပြီး ပြန်တွေးရင်း ပြန်ရေးလိုက်တာ.. ကိုယ့်ဘာသာကိုယ် အဲလိုမရေးတတ်ဘူး.. :D

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading