Fixed For IE not work onclick

အခု Project တစ်ခုကို ၃ ရက်လောက်နဲ့ အပြီးရေးလိုက်ရတယ်။ Google Map API လေး သုံးပြီး ရေးရတာ။ google api ကတော့ အံဩဖို့ကောင်းလောက်အောင် documentation ပြည့်စုံတာပဲ။ အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့လုပ်ထားပေးတယ်။ ကျွန်တော်က အဲလိုမျိုး Open Technology လေးလုပ်ချင်တယ်။ ကျွန်တော် လုပ်ထားတဲ့ code တွေအကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြချင်တယ်။ ခက်တာက အချိန်မရှိဘူး ဖြစ်နေတယ် :D ။ အဲမှာ ဘာတစ်ခု သွားတွေကလည်းဆိုတော့ IE မှာ onclick မရဘူးဗျ။





T



အဲမှာ option မှာ onclick ကို အလုပ်မလုပ်တာကို တွေ့ရတယ်။ တော်တော်လေး ခေါင်းစားသွားတယ်။ ဒါနဲ့ အရင်က သင်ဘူးတဲ့ စာတွေကို မနည်းပြန်စဉ်းစားရတယ်။ firefox မှာတော့ အဆင်ပြေတယ်။ နောက်တော့ select မှာ onchange လေးကို စမ်းကြည့်မယ်ဆိုပြီး လုပ်လိုက်တာ အဆင်ပြေသွားတယ်။ အဲမှာ တစ်ခုထပ် စဉ်းစားရပြန်တယ်။ onclick မှာ fucntion ကို parameter တွေနဲ့ ပို့လို့ရမယ်။ ဒါပေမယ့် onchange ဆိုရင် ခက်ပြီ။ ဒီတော့ value ကို , နဲ့ ကိုယ်ထည့်ချင်တဲ့ parameter ကို ထည့်ရေးလိုက်ပြီး ပြီးမှ split ပြန်လုပ်လိုက်တယ်။ တော်တော်လေးကို အဆင်ပြေသွားတယ်။







T




အဲမှာဆို onchange ကနေ function ခေါ်ပြီး this.value ကို ပြန်ပို့လိုက်တယ်လေ။ parameter တွေကို split ပြန်ခွဲပြီး သီးသန့် function နဲ့ ပြန်ပို့ရုံပဲ။ ၂ ဆင့်ဖြစ်သွားပေမယ့် IE ကော FF ပါ အဆင်ပြေသွားတာပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading