GeForce Now Expereince

Reddit မှာ GeForce Now က 50% off နေတယ် ဆိုတာ တွေ့တာ နဲ့ ချက်ခြင်း ကောက်ပြီး membership လုပ်လိုက်တယ်။ Priority ဆိုရင် လုံလောက်ပြီ။ နောက်ပြီး ၆ လ ကို မှ $25 ဆိုတော့ တစ်လ မှ​$4 လောက်ပဲ ကျတယ်။ Game စက် တစ်လုံး ဆင် ရင် ဒါမှ မဟုတ် Asus ROG Ally X ဝယ်ရင် $800 လောက် ကုန်မယ်။ ၃ နှစ်လောက် ဆိုရင် out of date ဖြစ်မှာ ဆိုတော့ တစ်လ ကို $22 လောက် ကုန်မှာ။ ဒါကြောင့် GeForce Now ကို တန်တယ် ထင်ပြီး subscribe လုပ်လိုက်တာ။

ဝယ်ပြီးမှ ကောင်းတာတွေ ကော ဆိုးတာတွေ ကော တွေ့ရတယ်။

ကောင်းတာတွေက

Storage မလိုတော့ခြင်း

Game တစ်ခုခုကို အနည်းဆုံး 5GB လောက် ရှိတယ်။ အချို့ game တွေ ဆိုရ် 120 GB လောက် ရှိတယ်။ ဆော့ချင်သည့် AC Odyssey ဆိုရင် 45 GB လောက် ပေးရတယ်။ Storage size တွေက အများကြီး ပေးရသည့် အပြင် download ချတာ အချိန်တွေ အများကြီး ပေးရတယ်။

GeForce Now မှာတော့ ဖွင့်ပြီး ဆော့ရုံပဲ။ ခဏလေး စောင့်ပြီးတာနဲ့ စ ဆော့ လို့ရပြီ။

နေရာတိုင်း ဆော့နိုင်ခြင်း

Controller ရှိရင် အင်တာနက် အဆင်ပြေရင် ကြိုက်သည့် နေရာမှာ ဆော့လို့ရတယ်။ အဓိက controller နဲ့ အင်တာနက် 300 Mbps လောက် ရှိဖို့ပဲ။ Save Data က Cloud Storage ဖြစ်သည့် အတွက် အတော် ကို အဆင်ပြေတာ။

မကောင်းတာတွေကတော့

Game အကုန် မရခြင်း

ကိုယ်ဝယ်ထားပြီး ကိုယ်ဆော့လို့ မရတာ တော်တော် ဆိုးတာ။​ AC Odyssey ပြီးရင် Sekiro ဆော့ဖို့ ပြင်ထားပေမယ့် ဆော့မရတာပဲ။

Activition က Geforce Now က game တွေကို removed လုပ်လိုက်တော့ ဆော့မရတော့ဘူး။ ပြဿနာ က developer တွေက Geforce Now ကို music streaming service လိုမျိုး ပိုက်ဆံ​ခွဲယူ ချင်တာ လို့ ပြောကြတာပဲ။ Nvidia ဘက်က ကြည့်ရင် user က သူ့ဘာသာ game ဝယ်ပြီး သူ့ virtual machine မှာ လာ ဆော့တာ ပိုက်ဆံ ခွဲပေးစရာ မလိုဘူး လို့ ထင်တယ်။ နောက်ဆုံး ညှိမရတော့ ဆော့ မရတာပဲ။

တချို့ game တွေက anti-cheat software တွေရဲ့ permission ကြောင့် Geforce Now မှာ ဆော့မရဘူး။​ Developer ဘက်က ကြည့်ရင်လည်း Anti-cheat က အရေးကြီးတယ်။​ Valorant လိုမျိုး game မှာ anti cheat ထည့်ထားမှ​ဖြစ်မှာ ဖြစ်ပြီး Gefoce Now ကလည်း system level permission မပေးနိုင်ဘူး ထင်တယ်။ ဒါကြောင့် အချို့ game တွေက မရပြန်ဘူး။

Only 3 Game Stores

လက်ရှိမှာတော့ Epic, Steam, Ubisoft game store တွေ connect လုပ်လို့ရတယ်။ Sync ကတော့ Ubitsoft နဲ့ Steam ပဲရတယ်။ subscribe လုပ်ပြီးမှ​ AC odyssey ဝယ်ထားသည့် Ubisoft မှာ ဆော့လို့ရတာ တွေ့တော့ တော်သေးတာပေါ့ ဖြစ်သွားရတယ်။ မဟုတ်ရင် ဆော့ချင်သည့် game ဆော့ မရဖြစ်နေရင် ဝယ်လိုက်တာ အလကားပဲ။

ဝယ်သင့်လား

အင်တာနက်က 300Mbps ရှိလား။​ ဆော့ချင်သည့် game ရှိလား။ နောက်ပြီး Free ကို အရင် စမ်းကြည့်ပြီး GeForce Now server က ကိုယ် နေသည့် နေရာနဲ့ နီးလား။ stable ဖြစ်လား အရင် စမ်းကြည့်ပါ။​ GeForce Now က နိုင်ငံ တိုင်းမရပါဘူး။ နောက်ပြီး စလုံး မှာ တော်တော် ဆိုးဆိုး ရွားရွားပဲ ဆိုပြီး reddit တွေ မှာ တွေ့တယ်။ Priority ကို ဆော့ဖို့ အတော်လေးကို စောင့်ရတယ် လို့ ပြောတယ်။​ အဓိက စလုံး ဘက်က partner က အဆင်မပြေတာလို့ လည်း ပြောကြတာတွေ့တယ်။

ကျွန်တော့် အတွက်တော့ ၆ လ ကို $25 နဲ့ ရတာ တန်တယ် ဆိုရမှာပဲ။