အရင်က Online Game တွေဆို သိပ်မကြိုက်ဘူးဗျ။ ဆော့လည်း မဆော့ဖြစ်ဘူး။ ရုပ်ပုံတွေမပါလို့။ အခု Online Game တစ်ခုဆော့နေတယ်။ နာမည်က Ikariam တဲ့။ လိပ်စာကတော့ ikariam.org ပေါ့။ အဲဒီ game မှာ world ၁၄ ခုလောက် ပါတယ်။ world တစ်ခုမှာလည်း ကျွန်းတွေ အများကြီးပဲဗျ။ အဲဒီ ကျွန်းတွေ အများကြီးထဲကမှ ကျွန်းတစ်ကျွန်းမှာ မြို့လေး တစ်မြို့ ကိုယ်က စရတာပေါ့။စကစားရင်တော့ နည်းနည်းလေး လည်နေလိမ့်မယ်။ သိပ်ပြီး ကစားတတ်အုံးမှာမဟုတ်သေးဘူး။ သူက သစ် ကို ကျွန်းပေါ်မှာ ခုတ်ရတယ်။ ကျွန်းတစ်ခုမှာ သံယံဇာတ တစ်ခု အမြဲရှိတတ်တယ်။ နောက်ပြီး ကိုယ့်မြို့ကို အမြဲ Upgrade လုပ်ရတယ်။ စစ်တပ်ကိုလည်း upgrade လုပ်ရတယ်။ research တွေလည်း လုပ်ရတယ်။ ကစားရတာ နည်းနည်းရှုပ်တယ်။ ဒါပေမယ့် ကစားရင်းကနေ မကစားပဲ မနေနိုင်တော့ဘူး။ အချိန်ကို အကြာကြီးပေးပြီးတော့ ဆော့ဖြစ်သွားတယ်ဗျာ။ အခုတလော အဲဒီ game လေးကို ဖွင့် upgrade လုပ်စရာရှိတာ လုပ်ထား။ ပြီးရင် ဒီဘက်မှာ လုပ်စရာရှိတာလုပ်ပေါ့။ ပျင်းရင် game ဆီပြန်သွား။ ဘာတွေဆက်လုပ်ရမလဲကြည့်။ လုပ်လို့ရတာလေးတွေ လုပ်ထားပြီး အလုပ်ပြန်လုပ်ပေါ့။ အရင်ကလို အလုပ်တစ်ခုထဲ ပျင်းပျင်းရိရိဖြစ်နေတာထက်စာရင် မိုက်တာပေါ့။

ကျွန်တော့် World က MY , 30:41 မှာ ရှိတယ်။ မြို့ကတော့ Pyu ပေါ့။

2 responses to “Ikariam”

  1. မောင်စေတန်နော် ဂိမ်းတွေပဲ သိပ်မကစားနဲ့ဦး :D

    1. မကစားပါဘူး… ဆော့ကြည့်ပါလား… တစ်ခါတစ်ခါ Upgrade လုပ်ဖို့ အကြာကြီးစောင့်ရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading