ပျင်းဖို့တကယ်ကောင်းတာနော်… မဖတ်ခင် ကြိုစဉ်းစား… ရေးရင်းနဲ့ ပျင်းလို့တောင် အမြန်ပြီးအောင် သိမ်းလိုက်တာ..
တစ်ရံသောအခါ…….
ကျွန်းသေးသေးလေး နိုင်ငံမှ ရောက်ရှိလာသော ခပ်ဝဝ လူတစ်ရောက်အား ကြိုဆိုရန် အကျွန်ုပ်တို့ ပြင်ဆင်ရလေသည်။
ထိုကျွန်းသေးသေးလေးတွေ နေထိုင်ကာ အကျွနု်ပ်တို့၏ MZ အတွက်သာမကာ အကျွန်ုပ်တို့အားလုံး ခင်မင်ရသော ခပ်ဝဝ လူကြီးတစ်ယောက်….
စကားပြောလျှင် တစ်လုံးခြင်း အေးအေးဆေးဆေးပြောတတ်ပြီး ဝင်းဦးကဲ့သို့ လေသံပေါက်သောကြောင့် အများက ကိုဝင်းဦးဟု ခေါ်ကြသော ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော် ကိုDBA ကြီး ပြန်ရောက်ခြေတော့မည်…..
လေယာဉ်ကွင်းသို့သွားရန် လေယာဉ်ကွင်းနှင့် အနီးကပ်ဆုံးသော exiter ….
လေယာဉ်ကွင်းနှင့်အနီးဆုံး phpCrazy…..
တို့အား အရင်ဦးစွာ ရောက်စေခဲ့သည်။
ထို့နောက်တွင်မူ အကျွန်ုပ်သည် စည်သွတ်ဘူး နှင့် ညီမတော်….
ညဇီးကွက်….. အဲ…. ညမီးအိမ်… (ညမှာပဲ online ပေါ်ရှိလို့ ညဇီးကွက်လို့ပြောင်းရန် ကောင်းသား)
တို့နှင့်အတူ အမြန်နှုန်းနှင့် သွားရောက် ကြိုဆိုလေသည်။
လေယာဉ်ကွင်းသို့ရောက်လေသော်…..
ကလင်…. ကလင်…. (ဟန်းဖုန်းအသံတော့ မရေးတော့ပါဘူး)
“ရောက်ပြီလား….”
“အေး… ငါတို့ရောက်ပြီ…. ကိုပီဇီကို ရှာလိုက်အုံးမယ်… မင်းကော ဘယ်မှာလဲ…”
“ငါအထဲမှာပဲ… ကိုDBA ကြီးကို ကြိုပြီး ထွက်လာခဲ့မယ်”
“အေး…အေး…”
“Exiter လား”
“အင်း… သူအထဲမှာပဲတဲ့”
“အော်… ကိုပီဇီ ရောက်ပြီလားမသိဘူး..”
“ရှာကြည့်ရမယ်”
မကြာပါချေ… ကလေးတစ်ယောက်နဲ့ အပြိုင် ကလေးတစ်ယောက်လို ဆော့ကစားနေတော မပိန်မဝ… အရပ်က ၅ ပေ ၈ လက်မ ဝန်းကျင်… ဗိုက်နည်းနည်းထွက်နေပြီ… မျက်မှန်ကြီးနဲ့ လူကြီးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
“ကိုပီဇီရေ… ရောက်နေပြီလား…” ဟု နှုတ်ဆက် ဂါရဝ ပြုလိုက်လေသည်။
“ဒါက စည်သူထင်တယ်”
“သူက ညမီးအိမ်လေ”
“အင်း ဓာတ်ပုံတွေ့ဘူးတယ်”
“စည်သူကြီးက အပြင်မှာ ပိုခန့်နေပါလား..” ဟုဆိုလိုက်သောအခါ….
စည်သွတ်ဘူးကြီးသည်…ဟဲဟဲ…နှင့် သဘောမနှောတွေ့သွားလေသည်။
မကြာပေချေ…. လေယာဉ်ပျံကြီးဆိုက်ရောက်လာကာ…. လူကြားထဲတွင် ထင်းကနဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ထားသော ကိုDBA ကြီးကိုတွေ့လိုက်ရလေသည်။ ကာစတန် အဝတွင် ဆံပင်ပုံစံအသစ်ညှပ်ထားသော exiter က အရုံသင့်စောင့်ကြိုကာ လက်ပြသည်ကို အကျွနု်ပ်တို့မြင်လိုက်ရသည်။ ကျွန်ုပ်တို့ လက်ပြသည်ကိုကား အထဲမှ လူကောင်ထွားထွားအစ်ကိုကြီးက မမြင်ရှာပေ။
အတိုချုံးလိုက်သောအခါ EXITER က အထုတ်အပိုးတွေ ယူဆောင်ကာ ကိုDBA ကြီးထွက်လာလေသည်။
“ဒါက စေတန်ထင်ပါ့”
“ဒါကတော့ စည်သူမဟုတ်လား”
“ဒါကတော့ ညမီးအိမ်ပေါ့”
“ကိုပီဇီကြီးရေ မင်္ဂလာပါဗျာ”
အသီးသီး လက်ဆွဲနှုတ်ဆက်ပြီးသောအခါမှာတော့
“ကျွန်တော်တို့တွေ တစ်ရက်လောက်တွေ့ရအောင်… အခုတော့ ကျွန်တော် တောင်ဂုတ်သွားမလို့… ကျွန်တော့်အမျိုးသမီး ဇာတိကို သွားမလို့ ပြန်လာရင် တွေ့မယ်လေဗျာ”
ဟုဆိုကာ…. ကို DBA ကြီးထွက်ခွာသွားလေသည်….
တောင်ဂုတ်မှ ကိုDBA ကြီးပြန်ရောက်ခြေပြီ….
ကျွနု်ပ်လည်း တွေ့ရန်အတွက် တစ်ဦးပြီးတစ်ဦးအားချိန်းဆိုပြီးသောအခါ…..
သီတင်းကျွတ်ဖြစ်တဲ့အားလျော်စွာ… အကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ကိုDBA က ညရောက်လျှင် အမျိုးများ ရောက်ရှိမည်ဖြစ်ပါသဖြင့် ဝမ်းနည်းစွာ ပွဲရက်ရွှေ့လိုက်ရပါလေတော့သည်။ တစ်ရက်ခြားတော့ ရောက်သောအခါ ညမီးအိမ်တစ်ယောက်မှ လွှဲပြီး အခြားလူများအဆင်ပြေသဖြင့် ထိုသူအပေါင်း ရှုစားစေရန် ကန်ဘောင်ရှေ့က လ ပေါင်မုန့်ဆိုင်သို့ ညနေ ၄ နာရီ ခွဲအရောက် ချိန်းဆိုလိုက်လေသည်…………….
ထိုနေ့ရောက်ဝယ်…..
အကျွန်ုပ်၏ သွားတစ်ချောင်းမှာ ထဖောက်လာလေသည်။ သွားဒဏ်ကြောင့် အကျွနု်ပ်မှာမူ မနက်စာတောင် လွတ်သွားရရှာလေသည်။ စည်သွတ်ဘူး လာရောက် နိုးလို့ မနည်းအိပ်ရာမှ ထကာ အကျွန်ုပ်တို့ ဇာတ်လိုက်ကျော် ကိုDBA အားသွားရောက်တွေ့ရန် ကြိုးစားရရှာလေသည်။
“ညမီးအိမ် မလိုက်ဖြစ်ဘူးတဲ့… မနေ့က အလုပ်နားလို့ ဒီနေ့နားလို့မရတော့ဘူး”
“အင်း…”
စကားတောင် ကောင်းကောင်းမပြောနိုင်ရှာသော အကျွန်ုပ်ဖြစ်အင်အတွက် ကိုယ်တိုင် ဆေးခန်းရှာရပေတော့မည်။ ထို့ကြောင့် ကျွန်ုပ်တို့အထဲတွင် သက်တောင်အကြီးဆုံး တီလေးအား သွားရောက် မခေါ်ခင် ဆေးခန်းတစ်ခုထဲသို့ အရင်ဦးစွာ ကြွရောက်ပေရတော့သည်။ သို့သော် ကံဆိုးစွာနဲ့ပင် ဆရာဝန်ပြန်သွားတော်မူသော်ကြောင့် သွားဝေဒနာနဲ့ ဗိုက်ဟာ ဝေဒနာအား ပြင်းထန်စွာ ခံစားနေရလေတော့သည်………
ဒီအတိုင်းဆို မဖြစ်ချေဘူး…. တီလေးကို သွားခေါ်မယ်… ပြီးရင် နောက်တစ်ဆိုင်သွားမယ်…. ဟု တွေးတောကာ တီလေးဆီ အရောက် အပြေးနှင်ပေတော့သည်။ သို့သော်…. ကံဆိုးစွာပြင်… တီလေး အစည်းအဝေးခန်းထဲ ဝင်နေသောကြောင့် မစောင့်ဆိုင်းနိုင်ပဲ နောက်ဆေးခန်းသို့ ကူးပေရသည်။ သို့သော် ကံထပ်ဆိုးစွာဖြင့် ဆရာဝန်မရှိချေ။ ထိုအချိန်ကား ၄ နာရီထိုးချေတော့မည်။ ၂၂ လမ်း ဆေးခန်းသို့ ရောက်ပေသော အခါ…….
“ဆရာမ ၄ နာရီခွဲ မှလာမယ်”
“မထူးတော့ဘူးလေ… စောင့်လိုက်ရမှာပေါ့…. ကိုပီဇီတို့ ရောက်နေလောက်ပြီ… ငါတို့ နောက်ကျတော့မယ်.. ဖြစ်တယ်မဟုတ်လား စည်သူ”
“အင်း… ဘယ်တတ်နိုင်မလဲ.. သွားနာတာကို အရင်လုပ်ရမှာပေါ့… နောက်မှ သွားတာပေါ့” ဟု စည်သွတ်ဘူးမှာ သွားဒဏ်ကြောင့် ရှုံ့မဲ့နေသော အကျွနု်ပ်အား နှစ်သိမ့်ရှာပေသည်။ ဗိုက်ဆာဒဏ်ကို ဖြေဖျောက်ရန် ဆန်ပြုတ်တစ်ပွဲအား စားပြီးနောက် ဆေးကုမှု ဒဏ် ခံယူပြီးနောက်…. လ ပေါင်မုန့်ဆိုင် သို့အရောက်နှင်ပေရသည်။
ရောက်ချိန်ကား ၅ နာရီ ခွဲ…. ( မရောက်ခင် လ ပေါင်မုန့်ဆိုင် အခြေအနေကြားကာလ အား ဒီမှာ ဖတ်နိုင်သည် )
ရောက်ချိန်တွင် ကိုပီဇီကား ပြန်တော့မည်။ ရွှန်းရွန်း လေးကား နှုတ်ဆက် သူ့အမေနှင့် ပြန်လာသည်ကို လှမ်းတွေ့လိုက်ရလေသည်။ ရွှန်းရွှန်းအား ကလိထိုးလိုက်သော အခါ… လုပ်နဲ့.. သမီးက ယားတတ်တယ်ဟု မပီမသ… ဝိုးတိုးဝါးတား… မပီကလာပီကလာ ပြောလေတော့သည်… (ပျင်းလာပြီနော်…. ရှုပ်ပါတယ်…. မြန်မြန်ပြီးလိုက်တော့မယ်)
“key change လေးတွေ တစ်ယောက်တစ်ခု… ဟောဒီက board admin ကြီးအတွက် ရှေ့က ကြည့်ရင် ကလေး အင်္ကျ ီ နောက်ကကြည့်တော့ Visual Studio 2008 ပေါ့…”
တော်တော်လှတဲ့ အင်္ကျ ီ… ရှေ့ဘက်က batman တို့ superman တို့လို သူရဲကောင်း ၃ယောက်ပုံတွေ… သို့ပေမယ့်…
၁ယောက်၏ ရင်ဘတ်တွင် WS (Windows Server ဟုခန့်မှန်းရသည်) , VS (Visual Studio), SQL ဟုရေးသားထားလေသည်။ အားပါး… တကယ့်ကို သူရဲကောင်းကြီးတွေပါလား….
“ဘယ်ကရတာလဲ အစ်ကိုရေ.. အင်္ကျ ီ ကတော့ တော်တော်မိုက်တယ်”
“စင်္ကာပူမှာ Microsoft ပွဲသွားတက်တုန်းက ရခဲ့တာလေ”
ထိုအင်္ကျ ီလေး အား ကျွန်တော် တော်တော်သဘောကျမိတာတော့ အမှန်ပင်။
မကြာမီပါပေ…. ကိုပီဇီကြီး ပြန်ခြေတော့သည်။ ကျွန်ုပ်တို့တွေတကား စားစရာ သောက်စရာများ မှားစားပြီး စကားပြောကာ နေရစ်ခဲ့လေသည်။ အလာပ သလာပ ပြောဆိုပြီးနောက်……
Exiter သည်ကား….. Bus နှင့် ဒိုးကာ… ဇာတ်လိုက်ကျော်ကြီး ကိုDBA, စည်သွတ်ဘူး တို့ကို ကျွနု်ပ် မောင်စေတန်…လိုက်ပို့ကာ ပြန်ချေတော့လေသည်……..
Leave a Reply