anime

  • One Piece Figure

    ဒီနေ့ West Cost မှာ One Piece Figure တွေ့တယ်လို့ ပြောလို့ ထပ်ပြီး ဝယ်ခဲ့တာပါ။ ၆ ရုပ် ကို S$20 ကျပါတယ်။ လိုချင်တဲ့ အရုပ်တွေကကတော့ ကျန်သေးတယ်။ အခု အရုပ်ထဲမှာ Usopp အရုပ်မပါသေးဘူး။ ထပ်လိုချင်တဲ့ အရုပ်က Boa Hancock အရုပ်။ နောက် ကြုံရင်တော့ Nico Robin အရုပ်အသေးလေး ရှာဝယ်အုံးမယ်။ Boa Hancock Figure ကတော့ ရှားမယ်ထင်တယ်။ နည်းနည်းကြီးတဲ့ One Piece Kids အရုပ်တွေက ၃ ရုပ် S$13 လောက်တော့ ပေးရတယ်။ ဒါပေမယ့် Kids အရုပ်တွေကတော့ မကြိုက်လှဘူး။ Boa Hancock…

  • မနေ့တုန်းက MMTU မှာ ၂၁ ရာစု ခေါင်းဆောင်မှု ကို ဖတ်ကြည့်လိုက်တော့ One Piece ကို သွားပြီး မြင်တယ်။ One Piece ကို ရေးတဲ့ ကာတွန်းဆရာ Eiichiro Oda က ၁၉၉၇ မှာ One Piece ကို စခဲ့တာပါ။ One Piece မတိုင်ခင်မှာ Romance Dawn ဆိုတဲ့ ကာတွန်း စာအုပ်အရင် ထွက်ခဲ့တယ်။ One Piece ရဲ့ Prototype ပေါ့။ အဲဒီ နောက်ပိုင်းမှာ One Piece ထွက်လာတာပဲ။ One Piece က ပထမ အပိုင်းတွေ အဲလောက် ကြည့်မကောင်းသေးဘူး။ ဒါပေမယ့် ကာတွန်း ဆရာ ရဲ့ လက်ရည်တွေ တဖြည်းဖြည်းတက်လာတာကို တွေ့ရတယ်။ ဇာတ်လမ်းကို အစက…