Problem in Mahabote App

တခြား ဖုန်းတွေမှာ Day of the week တွေကို OS ကနေ reply ပြန်တာ တစ်ခု လျော့နေတယ်။ ဘာလို့ ဖြစ်တာလည်းတော့ သေချာမသိသေးဘူး။ လက်ရှိ သုံးထားတာကတော့ NSDateFormatter ကနေ ပြန်ပြီး ထုတ်ထားတာပဲ။ ကျွန်တော့် ဖုန်းနဲ့ ipad မှာတော့ မှန်ပေမယ့် UK နဲ့ Australia က ဖုန်းတွေမှာ မမှန်ဘူးဖြစ်နေတယ်။

ဘယ်လိုလည်း ဆိုတော့ တနင်္လာဆိုရင် ၂ ကို select လုပ်ရမှာ ဖြစ်ပေမယ့် ၁ ကို သွား select လုပ်နေတယ်။ ၁ ဖြစ်တဲ့အတွက်ကြောင့် တနင်္ဂနွေ ကို သွားပြီး select လုပ်လိုက်တဲ့အတွက်ကြောင့် result က မှားပြီး ပြနေတယ်။ fixed လုပ်ပြီး ကျွန်တော် upload ပြန်လုပ်လိုက်ပါ့မယ်။ နောက်အပတ်လောက်မှာ app store က approve ဖြစ်ပြီးရင် အခု ပြဿနာဖြစ်နေတဲ့သူတွေ တချက်ပြန်စမ်းပေးစေလိုပါတယ်။

နောက်တစ်ချက်က မြန်မာနှစ်သစ်ကူးပြီးမှ မွေးသည် ဆိုတဲ့ button က April 1 ကနေ ၁၃ အတွင်းပဲ အလုပ်လုပ်ခွင့်ပေးထားတယ်။ အဲဒီ အတွင်းက သြင်္ကန် ဖြစ်နေတတ်တယ်။ တခြား ရက်တွေဆိုရင်တော့ နှစ်သစ်ကူးပြီးမှ မွေးမမွေးကို ဆုံးဖြတ်လို့ရတယ်။ အခု UI design က အသုံးပြုသူတွေကို နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပုံစံဖြစ်နေတယ်။ အဲဒါကိုလည်း ပြန်ပြင်ပြီးတော့ နောက် version မှာ fixed လုပ်ပေးပါမယ်။

နောက်ပြီး comment မှာ မေးထားသလို US မှာ က ၁ ရက် နောက်ကျတဲ့အတွက် နှစ်သစ် မကူးသေးပေမယ့် မြန်မာမှာက နှစ်သစ်ကူးသွားပြီ။ အဲဒီဟာကို ဘယ်လို တွက်ထားသလဲဆိုတော့ နှစ်သစ် မကူးသေးဘူးလို့ သတ်မှတ်ပြီးပဲ တွက်ထားပါတယ်။ မြန်မာ time zone နဲ့ ကိုက်ပြီး မတွက်ထားပါဘူး။ ဘာလို့လည်းဆိုတော့ time zone calculation တွေ အများကြီး ရေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ထည့်မတွက်ထားတာပါ။ နောက်ပြီး ထည့်တွက်သင့် မတွက်သင့်ကိုလဲ မသိလို့ပါ။ တကယ်လို့ ဒီ အထဲမှာ မဟာဘုတ် တတ်ကျွမ်းတဲ့ ဆရာများရှိရင်လည်း အကြံဉာဏ်လေး ပေးခဲ့စေချင်ပါတယ်။ Time Zone calculation လုပ်ဖို့ကတော့ သိပ်မလွယ်တော့ ထည့်တွက် ဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်။

အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်။ Download ချပြီး စမ်းသပ် အသုံးပြုသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

update: iPhone 4 ပြဿနာပါ။ အခု fixed လုပ်ပြီး submit လုပ်ထားပါတယ်။ version အဟောင်းကော အသစ်ကော စမ်းသပ်ပေးတဲ့ ကို ပြည့်ဖြိုးဟန်ကိုလည်း ကျေးဇူးတင်ပါတယ်။

2 responses to “Problem in Mahabote App”

  1. ကိုစေတန် ..

    နှစ်ကူးပြီး ဟုတ်မဟုတ်ဆိုတာက ခန့်မှန်းချေလောက်ပဲတွက်လို့ရမယ်ထင်တယ် .. ဘာလို့လဲဆိုတော့ ဒီနှစ်လိုမျိုးဆို နှစ်ကူးက တော်တော်နောက်ကျတယ် ..

  2. update version works fine.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading