WebOS 6.0

အခုခေတ်လူတွေကတော့ WebOS ဆိုတာကို သိသည့်လူ ရှားလိမ့်မယ်။ iPhone မပေါ်ခင်က Palm phone တွေမှာ Palm OS ဆိုပြီး ရှိတယ်။ ၂၀၀၉ လောက်မှာ Palm OS ကနေ Palm WebOS ဆိုပြီး စခဲ့တာ။ iPhone က ၂၀၀၇ မှာ ထုတ်ပြီး စအောင်မြင်လာပြီး Palm ရဲ့ market တော်တော်များများ ပါသွားသည့် အချိန်ပေါ့။ 2010 မှာ HP က Palm ကို ဝယ်လိုက်တယ်။ အဲဒီ တုန်းကတော့ သေပြီ။ webOS တော့ မစခင် သေပြီလို့ ထင်ခဲ့တာ။ HP က webOS ကို အသေအချာ လုပ်ပြီး ဖုန်းမှာ iPhone နဲ့ ပြိုင်ဖို့ လုပ်ခဲ့တာပဲ။ ပြဿနာက Android က စပြီး အောင်မြင်နေချိန်မှာ webOS နဲ့ တာထွက်ဖို့ ကြိုးစားသည့် HP က မှားတာပဲ။

webOS ကို ၂၀၁၀ လောက်မှ စခဲ့ပြီး ၂၀၁၁ လောက်မှာ ထုတ်ဖို့ ကြိုးစားတော့ ပြဿနာတွေ စတာပဲ။ Android က စပြီး အောင်မြင်ချိန် webOS က javascript ကြောင့် performance issue တွေ တော်တော်များ စဖြစ်တာပဲ။ HP TouchPad စင်္ကာပူမှာ ထွက်တော့ ဝယ်ဖို့ ကြိုးစားသေးတယ်။ ဘယ်မှာ မှ မရောင်းဘူး။ ထွက်ပြီး မကြာခင်မှာ အကုန် sold out ဖြစ်ကုန်တာ။ ပစ္စည်း နည်းတာလည်း ပါတာပေါ့။ အဲဒီ တုန်းက webOS အတွက် SDK တွေ down , App တွေရေးကြည့်လုပ်ခဲ့သေးတယ်။ အကုန် javascript နဲ့ ပဲ ချရတာ။

HP Veer

HP Veer က ၂၀၁၁ မှာ ထွက်တာပဲ။​ စင်္ကာပူကို မရောက်လာဘူး။​ US က နေ တိုက်ရိုက် မှာလို့ ရတယ် ဆိုတာလည်း မသိတော့ မဝယ်ဖြစ်လိုက်ဘူး။​ စလုံးရောက်ရင် ရောက်ရောက်ခြင်း ဝယ်မယ် ဆိုပြီး အားတင်းထားပေမယ့် မရောက်လာခဲ့ဘူး။ webOS ကို simulator နဲ့ စမ်းပြီး UI/UX တွေကို အသေ သဘောကျတာ။ Jon Rubinstein က iMac , iPod တွေလုပ်ခဲ့တာ ဆိုတော့ HP ရဲ့ webOS က UI/UX တော်တော်လေးကို မိုက်တယ်။ ပြဿနာက javascript ပဲ။ အခုခေတ်လို javascript engine က strong မဖြစ်တော့ app တွေက ရေလည် လေးပြီး နှေးတယ်။ native performance ကို မယှဥ်နိုင်ဘူး။​ Android, iOS App တွေနဲ့ လုံးဝ ယှဥ်လို့မရဘူး။ နောက်ပိုင်း iOS UX က webOS က နေ ကူးထားတာတွေ ရှိတယ်။ iOS multi tasking စတုန်းက web OS အတိုင်း ပဲ design လုပ်ထားခဲ့တာ။ List ပြသည့် ပုံစံ နောက်ပြီး Swipe Up လုပ်ရင် close လုပ်လိုက်တာမျိုးပေါ့။

HP executives Jon Rubinstein & Todd Bradley presenting WebOS phones in 2011.

နောက်ဆုံးတော့ webOS ကို LG က ဝယ်သွားပါလေရော။ LG က လုံးဝ ကို focus on TV ပဲ။ LG TV တိုင်းမှာ webOS ပဲ သုံးတယ်။ App တွေထက် TV ဟာ content focus ဖြစ်သင့်တယ် ဆိုပြီး LG က ပြောသွားတာ သဘောကျတယ်။ webOS ဟာ content အသားပေး design ကို ပဲ​ focus ထားမယ် လို့ ပြောသွားတယ်။ webOS TV ထွက်တော့ ချက်ခြင်း Best ကို သွားပြီး webOS TV ကို သွားစမ်းခဲ့တာ မှတ်မိသေးတယ်။ လိုချင်ပေမယ့် စလုံးမှာ အိမ်က အမြဲပြောင်းနေတာ့ ဝယ်ဖို့ အဆင်မပြေဘူး။

webOS

အခု နောက်ပိုင်း LG TV ကို android ထက် သဘောကျတယ်။ LG Magic Remote က android TV မှာ button တွေကို နှိပ်နေရတာ ထက် အများကြီး ပိုမြန်တယ်။ စာရိုက်ရတာတွေလည်း ပို အဆင်ပြေတယ်။

ဒီနေ့ LG TV ကြေငြာရင်းနဲ့ webOS 6.0 ပါ ကြေငြာသွားတာတွေ့မိတော့ ဝမ်းသာမိတယ်။ HP WebOS သာ ဆက်ရှိနေရင် webOS app လုပ်မယ် လို့ ဆုံးဖြတ်ခဲ့ဖူးတော့ အခုချိန်မှာ webOS ဖုန်းတွေ မရှိတော့ပေမယ့် LG မှာ အသုံးဝင် နေတာလေးတွေ့မိတယ် မဆိုးလှဘူးပေါ့။

WebOS 6.0

ပြဿနာက TV မှာက OS update လုပ်မရတာပဲ။ webOS အဟောင်းသမားတွေက TV မလဲ မခြင်း webOS အဟောင်းပဲ သုံးနေရတော့ phone တွေလို အဆင်မပြေလှဘူး။ TV တစ်ခုက ၅ နှစ် မက သုံးလို့ ရတော့ TV မှာ OS က update လိုက်မလုပ်ပေးတာကတော့ သိပ်အဆင်မပြေဘူးပေါ့။

webOS 6.0 နဲ့ TV ထွက်ရင်တော့ ဝယ်ချင်ပါသေးတယ်။ webOS ကို စတင် announce လုပ်ကတည်းက သဘောကျလာခဲ့တာ LG က webOS အသစ်တွေ ထုတ်လိုက်တိုင်း အတိတ်ကို ပြန်ပြန်ရောက်သွားမိတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.