MVC
-
MVC ဆိုတာ Model View Controller ဆိုတာ လူတိုင်း သိနေလောက်ပါပြီ။ သို့ပေမယ့် တော်တော်များများက MVC နဲ့ framework ဆက်စပ်နေတယ်လို့ ထင်ကြပါတယ်။ CodeIgniter က MVC သုံးထားတယ်။ Symfony လည်း MVC သုံးထားတာပဲ။ CakePHP လည်း MVC ပဲ။ ဒါပေမယ့် သုံးပုံ သုံးနည်း မတူကြဘူး။ MVC ဆိုတာ တကယ်တန်းတော့ framework နဲ့ သက်ဆိုင်တာ မဟုတ်တဲ့ architectural pattern တစ်ခုပါ။ အခုတလော ExpressJs ကို သုံးပြီး Mongodb နဲ့ ရေးနေရင်းနဲ့ MVC pattern အကြောင်း သဘောပေါက်လာတယ်။ ပုံမှန် သမာရိုးကျ Web…
-
MVC ဘယ်လို ရေးရလဲ။ MVC ကို ကိုယ့်ဘာသာ ကိုယ် PHP နဲ့ရေးချင်တယ်။ MVC ကို CI တို့အခြား Framework မသုံးချင်ဘူး။ ကိုယ်တိုင် စမ်းရေးကြည့်ချင်တယ်။ ဘယ်လို ရေးရမှန်းမသိဘူး။ အဲလိုမျိုး မေးခွန်းလေးတွေ ခဏခဏ ကြားနေရတဲ့အတွက် ကျွန်တော် Nifty ဆိုတဲ့ framework ကို ရေးထားပါတယ်။ အရမ်းကို ရိုးရှင်းပြီး OOP ကိုပဲ အသုံးပြုထားပါတယ်။ MVC ပဲ ပါပါတယ်။ helper တို့ database class တို့ မပါပါဘူး။ core ပဲပေါ့။ core တည်ဆောက်ပုံ သိရှိသွားရင် အပေါ်မှာ ကိုယ့်ဘာသာကိုယ် helper class ထည့်တာတို့ database class…
-
MVC ဆိုတာကတော့ Model View Controller ဆိုတာ သိပြီးသားပြီးသားပါ။ ဒါပေမယ့် MVC ကို programming နဲ့ ရောထွေးနေကြတယ်။ MVC ဆိုတာ pattern တစ်ခုပါ။ Software Engineering မှာ အသုံးပြုတဲ့ architectural pattern လို့ဆိုရလိမ့်မယ်။ ဒါကြောင့် သူ့ကို Language တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ နောက်ပြီး framework တစ်ခုနဲ့ တစ်ခု အသုံးပြုပုံမတူဘူး။ ဒါပေမယ့် သဘောတရားနဲ့ အနှစ်သာရကတော့ အတူတူပဲ။ CodeIgniter ရေးတတ်တာနဲ့ MVC ဆိုတာ ဒီလို ရေးရပါလားလို့ ထင်ရင်တော့ မဟုတ်ပါ။ CodeIgniter မှာ MVC ကို ရေးပုံနဲ့ Symfony မှာ ရေးပုံက…
-
ဒီနေ့ Ornagai ကို iphone,android support လုပ်အောင် ဆွဲတော့မှ MVC ဘာကြောင့်ကြိုက်လဲ သဘောပေါက်တော့တယ်။ ဘာဆိုဘာမှ မလိုဘူး။ Controller ကလည်း အရင်အတိုင်း ပို့တာပဲ။ Model ကနေ အရင်လိုပဲ Function ခေါ်ပြီး သုံး။ လိုအပ်တာကို view ကို ပို့ပေးလိုက်တာ။ Model ကလည်း အသစ်ပြန်ရေးစရာမလိုသလို Controller ကလည်း နာမည်လေးပဲ ပြောင်းသွားတာရှိတယ်။ များများ စားစား အသစ်ပြန်ရေးစရာ ရှိကို မရှိတာ။ View မှာ design လေး ပြင်လိုက်ရုံပဲ။ ၁ ရက်ထဲနဲ့ ပြီးသွားတယ်။ အရင်တုန်းကဆိုရင် Design ပြောင်းပြီဆိုရင် စိတ်ပျက်ဖို့ကောင်းတယ်။ အကုန်လုံးကို ပြန်ပြင်ရတာကို။ code တွေကလည်း design…
-
ဒီနေ့တော့ ရေးတာ ပြီးသွားပါပြီ။ အရင်တုန်းက ရေးထားတဲ့ library လေး ကောက်ထည့်ပြီးရင် ကျွန်တော် အရင်ကရေးထားတဲ့ framework က MVC ဖြစ်သွားပြီ။ MVC ရေးရတာ မခက်ပါဘူး။ OOP နားလည်ရင်ရပါပြီ။ ကျွန်တော် သုံးထားတဲ့ File Structure လေး ကြည့်ကြည့်ပါ။
-
FB မှာ နှစ်ယောက်တည်း အားပါးတရ ဆွေးနွေးခဲ့တာလေးတွေကို ပြန်လည်ပြုစုပေးထားတဲ့ မဟန ကိုကျေးဇူးတင်ပါတယ်။ http://www.lawka-ahla.com/news.php?item.786