Fixed mmwebfonts origin issue
တော်တော်တိုင်ပတ်သွားတယ်ပဲ ပြောရမယ်။ Apache မှာ Header set Access-Control-Allow-Origin “*” ဆိုပြီးထည့်ထားပေမယ့် Cloudflare က အလုပ်မလုပ်ဘူး။ Clear cache တွေမျိုးစုံလုပ်ပေမယ့်လည်း အလုပ်မလုပ်ဘူး။ တချို့ font တွေ က အလုပ်လုပ်ပေမယ့် တော်တော်များများ အလုပ်မလုပ်တော့ ဘူး ဖြစ်သွားတယ်။ နောက်ဆုံး မရသည့် အဆုံးမှာ Digital Ocean space ပေါ်ကို font တွေ ပြောင်းတင်လိုက်တယ်။ ပြီးတော့ Space CDN နဲ့ font ကို ပြန်ထည့်ပေးလိုက်တော့ အရင်ကထက် ပိုပြီး ကောင်းပြီး အဆင်ပြေသွားသေးတယ်။ ရက်တော်တော်ကြာသွားသည့် အတွက်လည်း တောင်းပန်ပါတယ်။ လက်ရှိ mmwebfonts သုံးနေသည့် သူတွေ အများကြီး ရှိပြီး… Continue reading Fixed mmwebfonts origin issue
2019
2019 ဟာ personal development အတွက် ဘာမှ မလုပ်ဖြစ်သည့် နှစ်ပဲ ဆိုရမယ်။ ပုံမှန် ၁ နှစ်ကို စာအုပ် ၅ အုပ်လောက် အနည်းဆုံး ဖတ်ဖြစ်ပေမယ့် ဒီနှစ်ကတော့ ၁ အုပ်ပဲ ပြီးတယ် ဆိုရမယ်။ ပုံမှန် အားဖြင့် Apple Developer Conference ပြီးရင် Video တွေ ထွက်သမျှ အကုန်ကြည့်ခဲ့ပေမယ့် ဒီနှစ်ကတော့ ၂ ခု လောက်ပဲ ကြည့်ဖြစ်တယ်။ ၁ နှစ်လုံး ဘာလုပ်နေလဲ ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်မေးမိတယ်။ အောင်မြင် App ရှိလာတော့ စာအုပ်မဖတ်ခင်မှာ အဲဒီ App မှာ စာအုပ်ရှိရင် နားပဲထောင်လိုက်တာ များတယ်။ စာအုပ်မဖတ်ဖြစ်ပေမယ့် စာအုပ်… Continue reading 2019
Encryption, Encoding, Hashing
ပုံမှန် interview တွေမှာ ကျွန်တော် မေးနေကျ မေးခွန်းတစ်ခုပါ။ Encryption , Encoding , Hashing ဘာတွေ ကွာလဲ ဆိုပြီး မေးနေကျ မေးခွန်းတစ်ခုပါ။ တော်တော်များများက Encryption နဲ့ Encoding ကို ရောနေသလို Hashing ကို ဘာဖြစ်လို့ အသုံးပြုသလဲ ဆိုတာကို နားမလည်တာများပါတယ်။ Encryption Data ကို တစ်စုံတစ်ယောက်က ဖတ်လို့ မရအောင် ပြုလုပ်ချင်သည့် အခါမှာ Encryption ကို အသုံးပြုပါတယ်။ ဥပမာ သော့အိမ် နဲ့ သော့ လိုပါပဲ။ သေတ္တာကို သော့ နဲ့ ခတ်လိုက်တယ်။ သေတ္တာထဲမှာ ဘာရှိလဲ သိဖို့ အတွက် သော့ နဲ့ ပြန်ဖွင့်… Continue reading Encryption, Encoding, Hashing
3DES Encrypt Decrypt with PHP
ပြီးခဲ့သည့် အပတ်က .NET ဘက်ကနေပြီးတော့ TripleDES ကို သုံးပြီး encrypt လုပ်ထားတာကို PHP က ပြန်ဖြည်ဖို့ ဖြစ်လာတယ်။ PHP ရဲ့ default openssl encrypt decrypt က အလုပ်မလုပ်ဘူး။ ဒါနဲ့ ရှာကြည့်တော့ နောက်ဆုံး phpseclib နဲ့ပဲ အဆင်ပြေသွားတယ်။ အရင်ဆုံး composer နဲ့ phpseclib ကို သွင်းဖို့ လိုမယ်။ composer require phpseclib/phpseclib ပြီးရင် composer နဲ့ အခုလို အသုံးပြုနိုင်ပါတယ်။ use phpseclib\Crypt\TripleDES; function encrypt($val,$key) { $des = new \phpseclib\Crypt\TripleDES(\phpseclib\Crypt\Base::MODE_ECB); $key = "HELLO"; $des->setKey($key);… Continue reading 3DES Encrypt Decrypt with PHP
OnRoadMap
ရုံးအတွက် Project Management tool အတွက် တော်တော်များများသုံးဖြစ်ခဲ့တယ်။ ရုံးမှာ လူများလာသည့် အခါမှာ အချို့ Tool တွေက အဆင်မပြေတာလေးတွေ ရှိလာတာနဲ့ ၃ နှစ်အတွင်း တစ်ခု ပြီး တစ်ခုပြောင်းသုံးခဲ့တာ အခု OnRoadMap ကို သုံးဖြစ်နေတယ်။ OnRoadMap ကို အဓိက သုံးဖြစ်သည့် အချက်ကတော့ ဘယ်သူတွေ ဘာလုပ်နေလဲ ဆိုတာကို တစ်နေရာတည်းမှာ ကြည့်လို့ရတာပဲ။ Basecamp က အဆင်ပြေပေမယ့် ပြသနာက ဘယ်သူတွေ အားနေတယ် ဘယ်သူတွေ ဘာတွေ လုပ်နေလဲဆိုတာ တစ်နေရာတည်းမှာ ကြည့်မရဘူး။ ဒီနေ့ ဘာတွေလုပ်ထားလဲဆိုတာကို သိဖို့ history ကို ပြန်ကြည့်နေရတယ်။ OnRoadMap မှာ အဆင်ပြေတယ်။ နောက်တချက်က Project… Continue reading OnRoadMap
Myanmar Unicode is supporting in InDesign 2020
Indesign 2020 မှာ မြန်မာ Unicode ကို စပြီးတော့ အသုံးပြုနိုင်ပါပြီ။ မြန်မာ unicode သုံးမယ်ဆိုရင် အရင်ဆုံး Preference > Advanced Type > Default Composer မှာ Adobe World-Ready Paragraph Composer ကို ပြောင်းသုံးပေးဖို့ လိုပါတယ်။ ပြီးရင်တော့ မြန်မာ unicode ကို အသုံးပြုနိုင်ပါပြီ။
Noto San Zawgyi with English Glyph
စာအုပ်ထုတ်ဖို့ စာရိုက်ပြီးတော့ စာတွေ ပြန်စစ်တော့ အမှားတွေ အများကြီးပဲ ဖြစ်နေတယ်။ အဓိက ကတော့ ဝင်းပြောင်းလိုက်တာရယ် နောက်ပြီးတော့ Code ကို နားမလည်ပဲ ပြန်ရိုက်ထားတာကြောင့် spacing တွေ ပြဿနာဖြစ်နေတာ။ ဒါနဲ့ပဲ အစကနေ ပြန်စစ်ပြီး Unicode နဲ့ ရေးထားတာ ပြောင်းကြည့်ဖို့ လုပ်ဖြစ်တယ်။ Indesign ဖြစ်တော့ Unicode support လုပ်ပြီထင်ပြီး စမ်းကြည့်တော့ အလုပ်မလုပ်ဘူး ဖြစ်နေတယ်။ Unicode Support လုပ်ဖို့အတွက်က သီးသန့် unicode font ကို သုံးမှ ရမှာ ဆိုတော့ အဆင်မပြေပြန်ဘူး။ font design မများသလို အထူအပါးတွေကလည်း နည်းတယ်။ လက်ရှိ font design များတာကတော့ win… Continue reading Noto San Zawgyi with English Glyph