The Pragmatic Programmer

The Pragmatic Programmer ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ အပတ် က မှ ဖတ်လို့ ပြီးသွားတယ်။ စာအုပ်ဖတ်နေရင်းနဲ့ ဒီစာအုပ်ကို အလုပ်စလုပ်တဲ့ အချိန်လောက်က ဖတ်ထားမိခဲ့ရင် ကောင်းမှာပဲ ဆိုပြီး တွေးမိတယ်။ စာအုပ်ထဲက အချက် တော်တော်များများကတော့ အလုပ်လုပ်တာ ၈ နှစ် ဝန်းကျင်လောက် ရှိလာတဲ့ အခါ စာအုပ်ထဲက အချက်အလက် တော်တော်များများက အလုပ်ကနေ တဆင့် သင်ပြီးလို့ လက်တွေ့ လုပ်ခဲ့တာတွေ များတယ်။ သို့ပေမယ့် လိုအပ်လို့တာ လုပ်ခဲ့ပေမယ့် ဘယ်လောက် အရေးပါတယ်။ ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ ကောင်းကောင်းမသိဘူး။ ဒီစာအုပ်ဖတ်ရင်းနဲ့ မှ အသုံးဝင်ပုံတွေကို သဘောပေါက်လာတယ်။ တစ်အုပ်လုံးကတော့ ဖတ်ရတာ မဆိုးဘူး။ အထူးသဖြင့် ကျွန်တော်နဲ့…More

သွေး

ဂျာနယ်ကျော်မမလေး ရေးတဲ့ သွေး ဝတ္ထုကို ငယ်ငယ်ကတည်းက ဖတ်ချင်နေတာ ကြာပြီ။ အဲဒီ အချိန်တိုင်းက စာအုပ် ဆိုင်တွေမှာ ဝယ်လို့ မရတာရယ် နောက်ပြီး အသစ်ပြန်ထုတ်ချိန်မှာတော့ မဝယ်ဖြစ်တော့ရယ်ကြောင့် မဖတ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကမှ သွေးဝတ္ထုကို စဖတ်ဖြစ်ခဲ့တယ်။ ကျွန်တော်က ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ တစ်ခါမှ မဖတ်ဘူးခဲ့တော့ ဒီစာအုပ်ဟာ ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ်ကျော်မမလေး ရဲ့ စာအုပ်လို့ ဆိုရမယ်။ အမှာစာမှာ ရှုမဝ မဂ္ဂဇင်းအတွက် လစဉ် ရေးသားထားပြီး လတိုင်း အချိန် တတ်နိုင်သလောက်ပေးပြီး ရေးသားထားတဲ့ စာအုပ်လို့ဆိုထားပါတယ်။ ဖတ်ကာစကတော့ တော်တော်လေး အေးပြီး လေးလွန်းလှတယ်။ နောက်ပိုင်းမှာတော့ ဖတ်ရတာ မဆိုးလှပါဘူး။ လစဉ် ဖော်ပြတဲ့ ဝတ္ထုဖြစ်တာကြောင့်…More

The Rosie Project

Bill Gates ရဲ့ recommend လုပ်တဲ့ စာအုပ်တွေထဲမှာ ရှားရှားပါးပါး ဝတ္ထုစာအုပ် တစ်အုပ်ပါပါတယ်။ စာအုပ်တော်တော်များများက non-fiction တွေ ဖြစ်ပြီး Graeme Simsion ရေးထားတဲ့ The Rosie Project ကို သူ့ မိန်းမက recommend လုပ်လို့ ဖတ်ကြည့်ပြီးတော့ သူက ပြန်ပြီး recommend လုပ်ထားတာပါ။ လတ်တလော ဖတ်စရာ စာအုပ် ကုန်နေတာနဲ့ Rosie Project ကို ဖတ်ကြည့်လိုက်တော့ ၄ ရက် လောက်နဲ့ ပြီးသွားတယ်။ တော်ရုံတန်ရုံ စာအုပ် ၁ အုပ်ကို ၁ လ လောက် အေးအေးဆေးဆေး ဖတ်ပေမယ့် Rosie Project က ရယ်ရတာကြောင့် လက်က…More

Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future

ပြီးခဲ့တဲ့ လ က Orchard က Kinokuniya ကို ရောက်တုန်းက အရောင်းရဆုံး စာအုပ်တွေထဲမှာ Elon Musk စာအုပ်တွေ့တာနဲ့ ဝယ်ဖြစ်ခဲ့တယ်။ Elon Musk ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူငယ်ချင်း တစ်ယောက် သူ့ interview youtube video link ပို့တာကနေ သူ့ကို စသိခဲ့တာ။ အဲဒီ video ကနေ တဆင့် Space X , Tesla နောက်ပြီး PayPal founder တစ်ယောက်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့တယ်။ နောက်ပိုင်း Tesla က ကား မိတ်ဆက်ပွဲတွေ ကြည့်ဖြစ်ရင်း Elon Musk ဟာ ကား လောက…More

တာတေစနေသား

ဦးနု ရေးထားတဲ့ တာတေစနေသား စာအုပ်ကို ဖတ်မယ် ဖတ်မယ်နဲ့ မဖတ်ဖြစ်ခဲ့တာ ပြီးခဲ့တဲ့ လမှ စဖတ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အပတ်မှ ပဲ ပြီးသွားတော့တယ်။ ဦးနုစာအုပ် မဖတ်ခင် တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကြောင့်ပဲ တာတေစနေသား ကို မဖြစ်မနေ ဖတ်မှ ဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်သွားတယ်။ စဖတ်ကာစကတော့ သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဦးနု ငယ်ဘဝက ဆိုးခဲ့တဲ့ အကြောင်းတွေလောက်ပဲ။ တကယ်ကောင်းတာကတော့ ဦးနု သူဟာ ဘုရားဆုပန်ပြီး အချိန်က စပြီးတော့ ပြောင်းလဲသွားတာပဲ။ အဲဒီက စပြီးတော့ နောက်ပိုင်း တောက်လျှောက် ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ် ဆိုတာ မမှားဘူး။ ကျွန်တော်တို့…More

ခြေရာပျောက်မြစ်

ရန်ကုန် ပြန်တုန်းက ခြေရာပျောက်မြစ် စာအုပ် ဝယ်ခဲ့တယ်။ စာရေးဆရာ က ဦးသန့်မြေး ဒေါက်တာသန်းမြင့်ဦး ရေးထားပြီးတော့ မြနှင်းဆီ ဘာသာပြန်ထားတာပါ။ စာအုပ်ကို စဖတ်လိုက်ကတည်းက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ သီပေါမင်း ပါတော်မူတာကနေ စပြီးတော့ မြန်မာ့ သမိုင်း အစအဆုံးကို ရေးသားထားပါတယ်။ အစပိုင်းမှာ သမိုင်း ကြောင်းက အစီအစဉ် မကျလှပဲ ဆက်စပ်ရာ သွားနေတယ်။ သို့ပေမယ့် ကျွန်တော်တို့ မသိခဲ့ရတဲ့ သမိုင်းတွေ ပါဝင်နေတယ်။ ရှေးခေတ်က မွန်တွေ ရဲ့ အကြောင်း ၊ နောက်ပြီး အလောင်းမင်းတရား သာ မရှိခဲ့ရင် တတိယပြည်ထောင်စုက မွန်မင်း တည်ထောင်တယ်များ ဖြစ်သွားလေမလား ဆိုပြီး အံအားသင့်ဖွယ် ဖတ်ခဲ့ရတယ်။ အလောင်းမင်းတရားဟာ အံဩဖွယ်ကောင်းလှတယ်။ မုဆိုးဖို ရွာသူကြီးကနေ…More

Steve Jobs

Steve Jobs စာအုပ်ကို Nook STR နဲ့ ဖတ်ဖြစ်တယ်။ Nook STR က စာဖတ်လို့ တော်တော်ကောင်းတာတော့ အမှန်ပဲ။ စာအုပ်တစ်အုပ်လုံး ခြုံကြည့်ရင်တော့ စာအုပ်ကောင်း တစ်အုပ်ပါ။ တစ်ချို့ အချက်လေးတွေ သဘောမကျစရာ ပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး သေချာမပါဝင်ပေမယ့် Steve Jobs အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ စာအုပ်ထဲမှာကတော့ Steve Jobs စမွေးတဲ့ အကြောင်းကနေ ကင်ဆာဖြစ်ပြီး အနားယူလိုက်တဲ့ အထိ ပါဝင်ပါတယ်။ ငယ်စဉ် ဘဝအကြောင်းကို ဖတ်မိရင်တော့ Pirate Of the Silicon Vally မှာ Steve Jobs က ဘာကြောင့် ဒီလောက် ဆိုးရသလဲဆိုတာကို နားလည်လို့…More

ကျောင်းတွင်း ဒီမိုကရေစီ

Facebook မှာ ခင်မြတ် က ဦးသန့်ရဲ့ ကျောင်းတွင်း ဒီမိုကရေစီ စာအုပ်ကို ပြန်ရိုက်ပြီး တင်ထားပေးပါတယ်။ ပြီးတော့ PDF နဲ့ share ထားတယ်။ message ပို့ပြီးတော့ epub file လုပ်ဖို့အတွက် တောင်းတော့ မူရင်း doc file ကိုပို့ပေးပါတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် online က နေ ပုံတွေ ပြန်ရှာပြီးတော့ cover လုပ်လိုက်တယ်။ epub ပြောင်း ။ mmepub နဲ့ font epub ထည့်။ cover ထည့် လိုက်ပါတယ်။ epub version ကိုတော့ ဒီမှာ download ချနိုင်ပါတယ်။ PDF ကိုတော့ ဒီမှာ ဖတ်ပြီး…More