Is it worth ?

အခုတော့ infinity Blade ဆော့တာ အကုန်ပြီးပြီ။ Achievements ကတော့ ၃၈ ခု ပဲရှိသေးတယ်။ နောက်ထပ် ၄ ခုလောက် ရရင်တော့ ပြည့်ပြီ။ သို့ပေမယ့်လည်း မဆော့ချင်တော့ဘူး။ အခု All master ဖြစ်သွားတဲ့အတွက်ကြောင့် ထပ်ပြီး level တက်စရာ မရှိတော့သလို God King နဲ့ ချရင်လည်း လွယ်လင့် တကူနိုင်နေပြီ။ အဲ… အဆိပ်မမိသွားရင်ပေါ့။ God King နဲ့ ချတဲ့အခါမှာ ဓားစာ တချက်မိသွားရင် အဆိပ်မိသွားတတ်တယ်။ Heal ပြန်မလုပ်နိုင်ရင် သေပြီပဲ။ အဲဒါ တော်တော်ဆိုးတယ်။ တနည်းပြောရင် ညစ်ထားတာပေါ့ဗျာ။ ဆော့ရင်းနဲ့ ဂရုပြုမိလာတာက Infinity Blade company က တော်တော် ညစ်ထားတာပဲ။…More

Zawgyi iPad Keyboard on cydia

http://cydia.macforus.com မှာ ဇော်ဂျီ iPad Keyboard ရပါပြီ။ os 4.2 အတွက်သာ ဖြစ်ပါသည်။ 3.2 အတွက် မရပါ။ Zawgyi Keyboard iPad 4.2 ကို install လုပ်ပါ။ respring လုပ်လိုက်ပါ။ (cydia တွင် respring လို့ ရှာပြီး သွင်းလိုက်လျှင် respring app ရမည်) သို့မဟုတ် restart လုပ်လို့လည်းရပါသည်။ Setting -> Keyboard -> Myanmar ကို ရွေးပေးလိုက်ပါ။ keyboard က ကိုဝေဖြိုးလင်းပဲရေးထားတာပါ။More

iချင်း

iBell သံနှင့် မနက်မိုးလင်း iBus stop မှာ iPeople များ… iphone များနှင့် အလုပ်ရှုပ်နေ… iMRT ဝယ် iPhone များနှင့် ကလိကလိ… iPad များနှင့် iBook ကြီးကို ဖတ်နေကြပြန်… iOffice မှာ iApp များ ရေးရပြန်သည်… iApp အကြောင်း ဆွေးနွေးပြန်သည်… iOS အသစ်အကြောင်း ပြောကြပြန်၏…More

MMKeyboard

MMKeyboard ကို MMKeyboard ကနေ promo code ပေးလို့စမ်းကြည့်ဖြစ်တယ်။ ကျွန်တော်လည်း ထွေထွေထူးထူး ရေးစရာ မရှိတော့ဘူးထင်တယ်။ တော်တော်များများကို ထူးတေဇာ blog မှာ ရေးပြီးပါပြီ။ စသုံးသုံးခြင်းမှာတော့ မြန်မာစာ ရိုက်ရတာ iPad မှာတော့ touch က နှေးနေတယ်။ sound ကို off လိုက်တော့ အရင်ကထက် ရိုက်ရတာ ပိုကောင်းသွားတယ်။ နောက်တချက်က Zawgyi Keyboard မှာ back မပါလာတာပဲ။ စာလုံးများသွားလို့ ပြန်ဖျက်ချင်ရင် english keyboard ကို ပြန်ဖွင့်ပြီးတော့ ဖျက်နေရတယ်။ ပက်ဆင့်တွေ နံပတ်တွေ မပါသေးပေမယ့် အဆင်တော့ပြေပါတယ်။ iPhone version က မထင်မှတ်ပဲ ပိုကောင်းတယ်။ ရိုက်ရတာ မြန်တယ်။ iPad version က ဘာလို့ ပိုနှေးနေတာလဲတော့ မသိဘူး။ iPhone က လက်တစ်ချောင်းတည်းနဲ့ ရိုက်တာ ဖြစ်တဲ့အတွက် ကိစ္စမရှိပေမယ့်…More

Zawgyi Embed Bookmarklet

iPad ကို iOS 4.2 GM version ကို update လုပ်လိုက်တာ jailbreak မရတော့ဘူး။ ဒါနဲ့ website တွေကို ဖတ်လို့မရတော့ဘူးပေါ့။ အဓိက email မှာ မရရင်တောင် website မှာ မြန်မာလို မြင်ရရင် မဆိုးဘူးဆိုပြီး ကိုယ့်ဘာသာ ကိုယ် bookmarketlet လုပ်လိုက်တယ်။ Safari မှာ Bookmark လုပ်လိုက်တယ်။ ပြီးတော့ iPad ကို Sync လုပ်လိုက်တယ်။ bookmark ကို run လိုက်တာနဲ့ လက်ရှိရှိနေတဲ့ site က စာတွေအားလုံးကို zawgyi font နဲ့ မြင်ရအောင် ဖန်တီးလိုက်ပါတယ်။More

what ipad look like ?

iPad နဲ့ ပတ်သက်ပြီး ခဏခဏ မေးတဲ့ မေးခွန်းတွေရှိတယ် ။ iPad က ဘာနဲ့ တူသလဲ။ ဘာအသုံးကျသလဲပေါ့။ NetBook ဝယ်ရမလား iPad ဝယ်သင့်သလား။ Nook က စာဖတ်ဖို့အတွက် iPad ထက် ပိုကောင်းမယ်ထင်တယ်နော်။ စတဲ့ … စတဲ့ မေးခွန်းပေါင်းများစွာရဲ့ အနှစ်ချုပ်ကတော့ iPad က ဘာလဲ ဆိုတာပဲ။ iPad ကတော့ အရိုးအရှင်းဆုံးပြောရရင်တော့ iPodTouch အကြီးစားပေါ့ဗျာ။ Code တွေ ဘာတွေ ရေးဖို့ဆိုတာထက် iPodTouch နဲ့ အတူတူပဲလို့ ဆိုလို့ရမယ်။ သူက laptop တစ်ခုလို coding တွေရေးလို့ရမှာမဟုတ်ဘူး။ Development တွေ လုပ်လို့ရမှာတော့မဟုတ်ဘူး။ သို့ပေမယ့် စာဖတ်တာကတော့ laptop ထက်စာရင် အများကြီး သာတာပေါ့ဗျာ။ PDF file တွေကို လွယ်လွယ်ကူကူ…More

Pulse for iPad

ဒီနေ့ မနက်ပဲ Pulse ကို ဝယ်ဖြစ်လိုက်တယ်။ $3.99 ပေးရပါတယ်။ အစကတော့ ခိုးကူးသုံးကြည့်သေးတယ်။ မဝယ်ခင်ကပေါ့။ သုံးကြည့်လိုက်တော့ တော်တော်လေးကို သဘောကျသွားတယ်။ idea လေးလည်း ကောင်းတယ်။ စာဖတ်ရတာလည်း အဆင်ပြေတယ်။ သုံးကြည့်လိုက်တော့ ခိုး သုံးရမှာ စိတ်မသန့်တော့ဘူး။ တကယ်တော့ ဝယ်ရတဲ့ဖိုးနဲ့ ရတဲ့ quality ကို ယှဉ်ကြည့်လိုက်ရင် ရတဲ့ Quality က အသာကြီး သာနေရင် ဝယ်သုံးဖို့ မနှမြောပါဘူး။ Coding က လေ့လာတတ်သူတိုင်း ရေးလို့ရပါတယ်။ idea ကတော့ လူတိုင်း မလုပ်နိုင်ဘူး။ ဒါက လေးစားဖို့ လိုတယ်။ Pulse က $3.99 နဲ့ရတာ သက်သာတယ် တန်တယ်လို့ ဆိုလို့ရမယ်။ Apollo ကို…More

Chaos Ring (iPad Game)

Chaos Ring ကို ကစားပြီး မဆိုးဘူးလို့ ဆိုရမယ့် game ပဲ။ Planet vs Zombia ကတော့ ကျွန်တော့်အတွက် မကောင်းဘူးဗျ။ ကလေးတွေ မိန်းကလေးတွေ အကြိုက် game လိုမျိုးပဲ။ တနည်းပြောရင် စိတ်မရှည်ဘူး။ Chaos Ring ကတော့ ကျွန်တော်ကြိုက်တဲ့ Game ထဲမှာ ပါတယ်လို့ ဆိုလို့ရမယ်။ Review ကိုတော့ mmgamer မှာပဲ ရေးထားပါတယ်။More