iPhone Development Intro – 1

iPhone application တစ်ခု ရေးသားဖို့ရာ နည်းလမ်း ၂ ခု ရှိပါတယ်။ HTML5 Web Application နဲ့ iPhone Application တို့ပါပဲ။ HTML5 Web application ဆိုတာက သမာရိုးကျ website ကို iPhone Safari နဲ့ အဆင်ပြေအောင် ပြောင်းလဲရေးသားရတာပါ။ HTML5 ဖြစ်တဲ့အတွက်ကြောင့် Video တွေ Sound တွေ ထည့်သွင်းလာနိုင်ပါတယ်။ အဲဒီလိုမျိုး HTML5 တွေကို စမ်းသပ်ချင်တယ်ဆိုရင်တော့ http://www.apple.com/html5 မှာ လေ့လာနိုင်ပါတယ်။ ပုံမှန် Web Development နဲ့ အတူတူပါပဲ။ ဘာမှ ကွာခြားမှုမရှိပါဘူး။ ထူးခြားတာကတော့ safari webkit css တွေ ခေါ်ယူသုံးစွဲလို့ရတာပါပဲ။ more…More

ယောင်ခြောက်ဆယ် (Mobile Dev)

အခုခေတ်က တော်တော်ယောင်လို့ ကောင်းတဲ့ ခေတ်လို့ ဆိုရမလားမသိဘူး။ Language တွေ ယောင်လို့ ပြီးလို့ Mobile Development လုပ်တော့မယ်ဆိုရင် ထပ်ယောင် စရာတွေ လာပြီ။ Android ကိုလုပ်မလား iPhone ကိုလုပ်မလား။ နောက်ပြီး ၂ ခုလုံးလုပ်ချင်တယ်ဆိုတဲ့သူတွေလည်း ရှိသေးတယ်။ ဟိုးအရင်တုန်းက Mobile အတွက် Nokia Symbian ပဲရှိတော့ Java လေ့လာပဲ။ အခုတော့ ခေတ်တွေက ပြောင်းသွားပြီ။ Web Developer လည်း Mobile App ရေးလို့ရကုန်တော့ Web Developer တွေလည်း Mobile လိုင်းကို ယောင်တောင်တောင်နဲ့ လွယ်လွယ်လေး ကူးလို့ရနေပြီ။More

Meet the new language

ဘာလိုလိုနဲ့ iPhone SDK ကို လေ့လာတာ ၅ လ လောက်ရှိသွားပြီထင်တယ်။ January က စပြီး လေ့လာဖြစ်တယ်လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ iPhone SDK Alert Box ဆိုတဲ့ post လေး ရေးခဲ့ဘူးလို့ပါ။ အဲတုန်းကတော့ Alert box တောင် မရေးတတ်သေးဘူး။ လုံးဝ စလုံးရေ စဆိုပါတော့။ ကျွန်တော် ၅ လ အတွင်း မှာ Objective C ကို သိရုံလေး သိလာတယ်။ တနည်းပြောရင် သူများရေးထားတာ ကူးချတတ်လာတယ်ပေါ့။  language အသစ်တစ်ခုကို ငါ ဘယ်လို လေ့လာခဲ့လဲဆိုတာကို အခုအချိန်မှာ ပြန်စဉ်းစားမိတယ်။More

Ornagai iPhone

စနေနေ့က အိပ်ရာနိုးကတည်းက client site ကို သွားလိုက်ရတာ။ အရေးထဲ taxi ကို bill စာရွက် တောင်းထားလိုက်ဖို့ မေ့လိုက်တော့ ရုံးက ပိုက်ဆံပြန်ရမရက မသေချာဘူး။ ညနေ ၃ နာရီခွဲမှပြီးလို့ taxi နဲ့ ပြန်လာလိုက်တာ မိုးက လမ်းမှာရွာနေတာနဲ့ ငိုက်လို့ကောင်းကောင်းနဲ့ စီးသွားလိုက်တာ။ အိမ်ရှေ့ရောက်တော့ ပိုက်ဆံ ရှင်းပြီး bill စာရွက်တောင်းဖို့တောင် မေ့သွားတယ်။ စနေနေ့ကလည်း MZ 2.0 တောင် မလုပ်နိုင်လိုက်ဘူး။ အိမ်ရောက်တော့ ခဏနားပြီး iPhone SDK အတွက် sqlite ကို နည်းနည်းဖတ်ကြည့်လိုက်တယ်။More

Jailbreak 3.1.3

ကျွန်တော့် iPodTouch မှာတော့ စမ်းပြီးပြီ။ အလုပ်လုပ်တယ်ဗျို့။ http://www.macforus.com/lang/en-us/jailbreak-3-1-3-iphoneipodtouchMore

Oh! Ubuntu 10.04 and iPhone SDK 3.2

ဒီနေ့ကတော့ download ဆွဲရတဲ့နေ့လို့ ဆိုရမလားပဲ။ Ubuntu 10.04 လည်း ထွက်ပါပြီ။ ထို့အတွက် iPhone SDK 3.2 ကိုလည်း download ချလို့ရပြီ။ အရင်က Developer license ရှိသူတွေပဲ download ချလို့ရခဲ့ပေမယ့် အခုတော့ download ဆွဲလို့ရသွားပြီ။ နောက်လလောက်ဆိုရင် developer license ဝယ်ရင်ကောင်းမလား စဉ်းစားနေတာ။ လုပ်စရာတွေ များများစားစားမရှိပေမယ့် ဒီအတိုင်း ကလိနေတာ distribute လုပ်လို့မရတော့ အလကားပဲလိုလို ဖြစ်နေတယ်။ အင်း ၉၉ ဒေါ်လာဆိုတော့လည်း နှမြောမိတယ်။ :D ဘာပဲပြောပြော ဝင်လိုက်ဖို့ကတော့ များပါတယ်။ ဝင်လိုက်မှပဲ သေသေချာချာ ရေးဖြစ်မယ်ထင်တယ်။ အခုက စိတ်ကူးပေါက်ပြီး ရုံးက prototype လေး လုပ်ခိုင်းမှ ထထ…More

First App writing using iPhone SDK

အရင်တုန်းက PhoneGap နဲ့ ပဲ ကလိနေတာ ဒီနေ့မှ iPhone SDK ကို ပြန်စဖြစ်တော့တယ်။ stanford က သင်တာက iTuneU နဲ့ subscribe လုပ်ပြီးတော့ iPhone SDK ရေးနည်း သင်နေတာ ပြီးတော့မပြီးသေးဘူး။ ရုံးသွားရုံးပြန်လောက်ပဲ bus ပေါ်မှာ ကြည့်ဖြစ်ရင်း သင်ထားတာ။ အခု RSS reader လေး တစ်ခု စမ်းကြည့်ထားတယ်။ RSS read တာကတော့ ဘယ်ရေးတတ်မလဲ။ Googling လုပ်လိုက်ပြီး XML Parser အလုပ်လုပ်ပုံပါ တစ်ခုတည်း ဖတ်လိုက်ရတယ်။ iPhone SDK ရေးရတာတော့ ရေလည်သဘောကျတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်ဗျ။ ဘယ်လိုပြောရမလဲမသိဘူး။ မသိရင် တော်တော်ခက်တယ်။ သိလိုက်ပြန်ရင်လည်း ဟောခနဲ…More