sad

  • ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သြင်္ကန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သြင်္ကန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။ ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။…