svn

  • ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း…