ညမီးအိမ် သို့

update: ညမီးအိမ် unicode သုံးလို့ရသွားပါပြီ။ ပြဿနာက Masterpiece Uni Sans font ကို windows မှာ သွင်းထားမိလိုက်လို့ပါ။ ပြီးခဲ့တဲ့ ၂ ရက်လောက်က facebook မှာ ညမီးအိမ်က MZ ကို ပြန်လာချင်တယ်။ ခက်တာက Unicode ထက် ဇော်ဂျီကို သုံးချင်တယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ Unicode ကို အခုထက်ထိ မသုံးတတ်သေးဘူးလို့လည်း ဆိုလာပြန်တယ်။ သူ့လို ဘဝတူတွေ ရှိပါတယ်ဆိုတာကို သိစေချင်တယ်လို့ ရေးလာပါတယ်။ တွေ့တွေ့ချင်းပဲ ချက်ခြင်းပြန်ဖြေမလို့ ဆိုပေမယ့် ရုံးမှာ အလုပ်ချိန် ဖြစ်နေတာကြောင့် ဖြစ်သလို နောက်ပြီး ရှင်းရင်လည်း အများကြီး ရေးနေရမှာ ဆိုးတာကြောင့် post တစ်ခု အနေနဲ့ပဲ ရေးလိုက်ပါတယ်။…More

Windows 8 Screenshot

Keymagic ကတော့ အလုပ်မလုပ်တော့ဘူး။ Keymagic developer Dr.Carbon ကို တော့ ပြောထားတယ်။ Notepad မှာတော့ မြန်မာစာ ကို အလိုလို သိတယ်။ သို့ပေမယ့် IE မှာတော့ မသိသေးဘူး ။ နောက်ပြီး folder sorting ကလည်း အလုပ်မလုပ်သေးပါဘူး။ အခုက preview version ဖြစ်သေးလို့ အပြည့်အဝ အလုပ်မလုပ်သေးတာလို့ ထင်တာပဲ။ Firefox မှာဆိုရင် font သွင်းစရာမလိုပဲ မြန်မာစာတွေကို ဖတ်လို့ရပါတယ်။ သို့ပေမယ့် IE မှာတော့ မရပါ။ ပုံတွေကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်။ update: Keymagic အတွက် http://www.microsoft.com/download/en/details.aspx?displaylang=en&id=29 ကို သွင်းပေးလိုက်ရင် အလုပ်လုပ်သွားပါလိမ့်မယ်။More

Zawgyi with Lion

အခုတလော comment တွေမှာ Lion မှာ ဇော်ဂျီ မပေါ်တော့ဘူးဆိုတာပဲ ပြောနေတယ်။ Lion မှာ မြန်မာ Unicode ပါလာမယ်ဆိုတာကို ကျွန်တော် ဒီ post ကတည်းက ပြောဖူးပါတယ်။ ပါလာတဲ့ font ၂ ခုက Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ Unicode မကြိုက်ဘူးဆိုရင်တော့ Font Book ထဲကနေ တဆင့် အလွယ်တကူ turn off လုပ်လိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Turn Off လုပ်ထားတယ်။ ကျွန်တော်က MasterPiece Unis နဲ့ Myanmar 3 ကို ပိုသဘောကျပါတယ်။ လက်ရှိ ပါလာတဲ့ Unicode Font…More

KeyMagic Unicode Keyboard for iOS

လက်ရှိ iPhone/iPod Touch တွေမှာ unicode ပဲ အသုံးပြုချင်ပေမယ့် keyboard မရှိသေးတဲ့ ပြဿနာကို keymagic က ဖြေရှင်းပြီးပါပြီ။ cydia.macforus.com မှာ keymagic ကို ထည့်ထားပါတယ်။ Unicode မှ Unicode ဆိုတဲ့ iphone/ipodtouch သမားတွေအနေနဲ့ အောက်က link မှာ သွားရောက် ဖတ်နိုင်ပါတယ်။ http://ttkz.me/blog/2011/06/29/keymagic-for-ios/More

Lion that made me cry

Lion ကို ထူးမြင့်နောင် သွင်းပြီးတော့ facebook မှာ တင်ထားတဲ့ ပုံတွေပါ။ font ၂ မျိုးပါပါတယ်။ Myanmar MN နဲ့ Myanmar Sangam MN ပါ။ font ကတော့ Unicode 5.0 ဖြစ်နေတော့ လက်ရှိ စာလုံးတွေကို ကောင်းကောင်းမြင်ရမှာမဟုတ်ဘူး။ မယ့် ဆိုရင် –် နဲ့ –့ က နေရာလွဲပြီး တွေ့နေရမယ်။ font ရေးဆွဲပေးထားတဲ့ company ကတော့ Copyright (c) 2010 by Murasu Systems Sdn. Bhd. Malaysia. All rights reserved. နောက်ပြီးတော့ default keyboard ပါပါတယ်။ သို့ပေမယ့်…More

Lion support Myanmarsar

Twenty new font families for document and web display of text provide support for the most common languages in the Indian subcontinent, including Bengali, Kannada, Malayalam, Oriya, Sinhala, and Telugu. Devanagari, Gujarati, Gurmukhi, Urdu, and Tamil have been expanded. And three new font families support Lao, Khmer, and Myanmar.More

MMUnicode iPhone Keyboard

cydia.macforus.com မှာတော့ တင်ထားတာတော့ ကြာပြီ။ ရေးထားတဲ့ သူကတော့ ရှိန်မြင့်အောင် ပါ။ ကျွန်တော်ကတော့ မစမ်းကြည့်ရသေးပါဘူး။ လက်ရှိ iphone ကော iPad ကပါ jailbreak မလုပ်ထားပါဘူး။ jailbreak လည်း လုပ်လို့ မရသေးတာ ကြောင့်လည်း ပါတယ်။ အခုတော့ in app purchases ပိုင်း ရေးနေတဲ့ အတွက်ကြောင့် jailbreak လုပ်လို့ မရဘူး။ jailbreak လုပ်လိုက်ရင် in app purchases က development ပိုင်းမှာ အလုပ်မလုပ်တော့လို့ပါ။ စမ်းချင်တဲ့ သူတွေ စမ်းလို့ ရပါတယ်။ ပြဿနာများကိုတော့ nasperlay.net မှာ သွားရောက်မေးမြန်းနိုင်ပါတယ်။More

Mywebfont Addon

mywebfont အကြောင်းကိုတော့ ကျွန်တော် ဒီမှာ ပြောခဲ့ပြီးပါပြီ။ သို့ပေမယ့် html ကို မသိ CSS လည်း မသိ ဆိုတဲ့ သူတွေ အတွက် အရန်သင့် addon တွေ ရှိလာပါပြီ။ WordPress : mmunicode embed လက်ရှိတော့ Yunghkio Font တစ်ခု တည်းကိုပဲ support လုပ်ပါသေးတယ်။ နောက်များ အားရင်တော့ အခြား font တွေ ရွေးချယ်လို့ ရအောင် ထည့်သွင်း သွားပါမယ်။ Joomla : Unicode Embed ကို zack ကို ဒီ မနက် ရုံးချိန်မှာ ရေးဖို့ တောင်းဆို လိုက်တော့ ချက်ချင်းပဲ ရေးပေးလိုက်ပါတယ်။ Joomla…More