Private Blog

wordpress မှာ တစ်စုံတစ်ယောက်အတွက် ရည်စူးပြီး လုပ်ထားတဲ့ blog တွေဆိုရင် ကျွန်တော်တို့အနေနဲ့ Member Only Plugin ကို အသုံးပြုလို့ရသလို post တွေကို password နဲ့လည်း လုပ်လို့ရပါတယ်။ Add New Post မှာ ညာဘက် Site Bar က Publish ဆိုတဲ့အထဲမှာ Visibility : Public ဖြစ်နေတယ်.. အဲမှာ Edit လုပ်ပြီးတော့ Password Protected လည်းလုပ်လို့ရပါတယ်။ သိချင်တဲ့လူရှိတယ်ဆိုလို့ post တင်လိုက်တာ…More

WordPress 2.8 using codepress

အရင်က ကျွန်တော် စဉ်းစားတယ်.. wordpress မှာ theme editor ပိုင်းကို codepress သုံးသင့်တယ်.. ဘာလို့မသုံးတာလဲမသိဘူးပေါ့… theme editor မှာ php ကို ပြန်ပြင်တဲ့အခါ စိတ်ညစ်ရတယ်… အရောင်တွေနဲ့ မခွဲထားတော့ တချက်တချက်ရောရော သွားတယ်ဗျ… အခုတော့ သူက codepress သုံးလိုက်တော့ syntax အရောင်တွေနဲ့ တော်တော်လေးကို အဆင်ပြေသွားတယ်..More

Add Attribute in Pre WordPress

မနေ့ညက တစ်ညလုံး မအိပ်လိုက်ရဘူး။ အဲဒီ wordpress ဒုက္ခပေးနေတာနဲ့ပဲ။ ဘာပြဿနာလည်းဆိုတော့ ခွဲခြားခွဲခြား လုပ်တာပဲ။ admin , editor role ဆိုရင် <pre name=”code” class=”xhtml”> လို့ရေးပြီး publish လုပ်ရင် လက်ခံတယ်။ အဲ.. အခြား role သာဆိုရင်တော့ <pre> လို့ပြောင်းသွားတယ်။ အဲမှာ ပြဿနာစတွေ့တာပဲ။ အစက tinymce editor ပြဿနာထင်ပြီး အချိန်ကုန်ခံပြီး ကလိတယ်။ မရဘူး။ ၁ ရက် ကုန်သွားတယ်။ ၆ ရက်နေ့ဆို site က စတော့မှာ အဲဒီ အချက်မရရင်လည်း site က အဓိပ္ပာယ်မရှိတော့ဘူး ဖြစ်နေတယ်။ အဓိက google syntax highlighter တွေကို…More

WordPress 2.7

ဒီနေ့ မနက်မှ ကြည့်ဖြစ်တယ်။ wordpress အသစ်ပြောင်းပြီးသွားပြီဆိုတာနဲ့ Update လုပ်လိုက်တယ်။ အဲ.. အဲဒီမှာ ပြသနာ စတာပဲဗျ။ ကျွန်တော်က အရင်က admin drop down menu သုံးထားတယ်။ update လည်းလုပ်လိုက်ရော ပြသနာက စပါလေရော။ ဒါနဲ့ FTP ထဲဝင်ပြီး admin drop down ကို ဖျက်လိုက်ရတယ်။More

Habari ကိုမသုံးသင့်သေး

ဒီရက်ပိုင်း habari ကို စမ်းသုံးဖြစ်တယ်။ ဆိုးတော့မဆိုးဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တွေ အနေနဲ့ မသုံးသင့်သေးဘူး။ wordpress ကနေပြောင်းမယ်ဆို ပိုဆိုးပေါ့။ သူက wordpress နဲ့တော်တော်ဆင်တယ်။ ဒါပေမယ့်category မပါဘူး။ နောက်ပြီး sidebar widget မပါဘူး။ sidebar ထည့်ရတာ တော်တော်ရှုပ်တယ်။ နောက်ပိုင်းတော့ အဆင်ပြေလာမှာပါ။ အခုတော့ သိပ်အဆင်မပြေသေးဘူး။ အကုန်လုံးကို AJAX နဲ့ သုံးထားတယ်။ 0.6 alpha မှာ menu က ပိုကောင်းလာတယ်။ GUI ပိုင်း idea က ပိုတိုးတက်လာတယ်။ ဒါပေမယ့် theme ပိုင်းမှာ sidebar ကို ကိုယ်တိုင်ထည့်ရတာ ဆိုးတယ်။ HTML နဲ့ php အခြေခံရှိမှ sidebar…More

သုံးထားတဲ့ Plugins များ

WordPress Related Posts — ဆက်စပ်ရာ post များကို ဖော်ပြရန် Akismet — Spam Comment များ ကာကွယ်ရန် Dagon Design Sitemap Generator — Blog အတွက် sitemap ထုတ်ပေးရန်More

Tag & Category Plugin

Tag & Category လုပ်ထားတာလေးကို လူတော်တော်များများ မေးကြတယ်။ သိချင်ကြတာတော့ တော်တော်များများပဲ။ ဘယ်သူမှ right click မနှိပ်မိကြဘူး။ နှိပ်ပြီး ရှာတော့လည်း ရှာမတွေ့။ ဒါကြောင့် တိုက်ရိုက် link လေးပေးလိုက်ပါတယ်။ http://wordpress.org/extend/plugins/wp-cumulus/ ကဲ… စိတ်ချမ်းသာကြပါစေသော်…… :)More

သင့် blog ကို Backup

သင့်ရဲ့ blog ကို backup လုပ်ဖို့မမေ့ပါနဲ့။ တပတ်တကြိမ်လောက်တော့ လုပ်ထားပါ။ ဘာတွေလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ သိပ်မခက်ပါဘူး။ ကျွန်တော်က wordpress သုံးတဲ့အတွက် wordpress မှာဆိုရင်တော့ firefox addon ဖြစ်တဲ့ fireftp ကိုအသုံးပြုပြီး ftp ကနေ file တွေကို backup လုပ်ပါတယ်။ ကိုယ့် blog က ကိုယ်ပိုင် host မှ ftp သုံးလို့ရမှာနော်။ နောက်မို့ဆိုရင်တော့ မရဘူးဗျ။More