XML

  • ကျွန်တော်ရေးထားတဲ့ bot ကိုတော့ ပိတ်လိုက်ပြီ။ အဲဒီ bot အတွက် ရေးထားတဲ့ service လေးတစ်ခုရှိတယ်။ သို့ပေမယ့်လည်း server loading တက်မှာဆိုးလို့ မထည့်တော့ပဲ ပိတ်လိုက်တာ။ ကျွန်တော် http://www.naungmon.co.cc/ ကနေ နောက်ဆုံး ပေါက်ဈေးကို သိရအောင် PHP နဲ့ ရေးလို့ရပါတယ်။ ဥပမာ။။ website ကို သွားစရာ မလိုပဲ အောက်ကလို မြင်ရမှာပါ။ SGD To Kyats 24 Jun 1SGD– 715 Ks

  • အရင်တုန်းက XML DTD ဆိုတာ ကြားသာကြားဖူးတယ်။ ဘာလို့ သုံးမှန်းမသိဘူး။ တစ်ခါမှလည်း မသုံးဖူးဘူး။ ဒီနေ့မှ MZ Edu ကနေ XML DTD အကြောင်းလေး ဖတ်ကြည့်လိုက်တော့မှ နည်းနည်းလေး သဘောပေါက်သလိုလို ရှိသွားတယ်။ week end ရောက်ရင် XML Part 1 ကနေ သေချာပြန်ဖတ်အုံးမှပဲ။ ရန်ကုန်မှာတုန်းကတော့ Java & XML စာအုပ်ဖတ်တုန်းက XML ကို နည်းနည်းသဘောပေါက်သလိုလိုရှိပေမယ့် သေသေချာချာ နားမလည်ခဲ့တာတွေ အများသားပဲ။ အခုလို မြန်မာလိုလေး ရှိတော့လည်း English လို ရေးထားတဲ့ စာအုပ်တွေထက်စာရင် ပိုဖတ်ဖြစ်မယ်ထင်တာပဲ။ http://edu.mysteryzillion.org/xml-part-2

  • JSON ကို ကျွန်တော်တို့တွေ နေရာစုံမှာ အသုံးပြုကြပါတယ်။ အရင်တုန်းကတော့ ကျွန်တော်သိတာက JSON ကို web service တွေမှာ အဓိက သုံးတယ်ပေါ့။  တကယ်တန်းတော့ မဟုတ်ပါ။ နေရာစုံမှာ သုံးနိုင်တယ်။ လိုအပ်သလို သုံးနိုင်တယ်။ အမြဲတန်းသုံးရမယ်မဟုတ်ဘူး။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့တုန်းက Database Design ရေးဆွဲတဲ့အခါမှာ 1NF , 2NF , 3NF ထိ သင်ဖူးပါတယ်။ သိပ်တော့ မမှတ်မိတော့ဘူး။ 3NF ထိလို့ထင်တာပဲ။ တကယ်တန်းတော့ 6NF ထိရှိပါတယ်။ သို့ပေမယ့် အဲလောက်ထိ မသုံးကြဘူး။ 3NF လောက်ထိ သိရင် အလုပ်ဖြစ်တယ်။ ဒါပေမယ့် JSON ကို သုံးပြီး Table တွေ လျော့ချဖို့…