2020 Review

2020 ကို ပြန်ကြည့်လိုက်ရင် ဘာမှ​ အားရကျေနပ်စရာမရှိပါဘူး။ အိမ်မှာ နေတာနဲ့ အချိန်ကုန်သွားတယ်။

SE 2020 ပွဲမှာ ကူပေးခဲ့တာတော့ သဘောကျပါတယ်။ ၂၀၂၀ မှာ လုပ်ဖြစ်ခဲ့တာက

  • Database basic စာအုပ်ရေးဖြစ်တယ်။
  • စာအုပ် ၁ အုပ်မှ မဖတ်ဖြစ်ဘူး။ ဒါပေမယ့် ဝယ်ထားသည့် စာအုပ်တွေကတော့ အများကြီးပဲ။
  • Wonder Woman 1984 ရုပ်ရှင်ကားပဲ ကြည့်ဖြစ်လိုက်တယ်။ Work From Home ဖြစ်သွားလို့ ရုပ်ရှင်ကား ကြည့်ဖို့ သပ်သပ် အချိန်မပေးဖြစ်တာနဲ့ မကြည့်ဖြစ်တော့ဘူး။
  • ကလေးတွေနဲ့ အချိန် ပိုကုန်ဖြစ်တယ်။ သူတို့ နဲ့ ရှိသည့် အချိန်ဆိုရင် ဖုန်းကို ပိတ်ထားပြီး ဖုန်းလာရင်လည်း မကိုင်ဖြစ်တော့ဘူး။ တနေကုန်လုံး အိမ်မှာရှိနေပေမယ့် ညဘက် အချိန်လေးပဲ​ကလေးတွေ နဲ့ နေရတယ်။
  • မနက် ၅ ည ၅ အလုပ်ချိန် ပြောင်းတာ မအောင်မြင်ဘူး။
  • Flutter ကို production level ထိ ပြောင်းသုံးဖြစ်တယ်။
  • React JS ကို hook ပြောင်းပြီးနောက်ပိုင်း တော်တော်ကြိုက်သွားတယ်။​ ရိုးရှင်းလွယ်ကူတယ်။ ရေးရတာ အရင်ကလို မဟုတ်တော့ဘူး။ PHP ရေးသလို တသားတည်း ဖြစ်လာတယ်။
  • Swift UI ကို လေ့လာဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။
  • Code ရေးဖို့ အချိန် မရှိသလောက်ပဲ။
  • Youtube channel လုပ်ဖြစ်တယ်။ 2.27 K subscriber ရှိလာတယ်။
  • Tara.ai ကို ပြောင်းသုံးတယ်။
  • ခိုးသုံး software မရှိသလောက်ပဲ။ Design အတွက် Sketch အစား Adobe XD ကို ပြောင်းသုံးဖြစ်တယ်။
  • Work From Home က လုံးဝ အဆင်မပြေဘူး။ Developer အားလုံးဟာ senior တွေပဲ ဖြစ်မှ အဆင်ပြေလိမ့်မယ်။
  • လုပ်သင့်တယ်ထင်တာတွေ လုပ်ခဲ့တာ များတယ်။
  • ယုံကြည်ပြီး စိတ်ရှည်ရှည် နဲ့ စောင့်ခဲ့သည့် client တွေ ကျွန်အတော် လခ တွေ ပေးရတာ အဆင်မပြေမှာ ဆိုးလို့ ဆိုပြီး အလုပ်မပြီး ခင် ကြိုလွှဲခဲ့သည့် client တွေကို ကျေးဇူးတင်ပါတယ်။

၂၀၂၁ မှာတော့ covid ပြီးသွားဖို့ပဲ မျှော်လင့်တယ်။ ၄ နှစ်လောက် လုပ်သင့်တယ် ထင်တာတွေ လုပ်ခဲ့ပြီးပြီ ဆိုတော့ ကိုယ့်ဘာသာကိုယ် ပျော်အောင်နေပြီး လုပ်ချင်တာတွေပဲ​ စလုပ်တော့မယ် လို့ ဆုံးဖြတ်ထားတယ်။

၂၀၂၀ မှာ ချထားသည့် plan တွေ တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ၂၀၂၁ မှာ တော့ ဘာ plan မှ မချတော့ဘူး။ ၁ လ plan တွေပဲ လုပ်ပြီး ဘာတွေ လုပ်မယ် ဆိုတာ ဆုံးဖြတ်တော့မယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.