ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သြင်္ကန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သြင်္ကန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။

ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။ ဒီလိုမျိုးလုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ဘူး။ ပြင်းထန်စွာ ရှုံချတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက်ရတယ်။ သေဆုံးရတယ်။ ဒါဟာလုံးဝ လူမဆန်တဲ့ လုပ်ရပ်ပဲ။

2 responses to “So sad new, today”

  1. တော်တော်ရက်စက်တာပဲ..သူများတွေပျော်နေချိန်မှာမှ..
    တစ်နှစ်မှ တစ်ခါ ပျော်ရတာလေးကို လုပ်ရက်လိုက်တာ..

    1. yes… ပိတောက်ချိန်ကို သွေးနဲ့ ဆေးလိုက်တယ်.. :(

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading