တနင်္လာနေ့လောက်တုန်းက ကို မောင်မောင်ဆန်း facebook မှာ share ထားတာနဲ့ C-O-P-Y ကိုယ်ပိုင် ဆိုတဲ့ post ကို ဖတ်ဖြစ်သွားတယ်။ အဲဒါနဲ့ မှတ်မှတ်ရရ အရင်တုန်းက deviantArt မှာ windows XP theme တွေ ကျွန်တော် ဆွဲတုန်းက deviantArt မှာ မူရင်း ပိုင်ရှင်က သူ့ ကိုယ် icon တွေ ခွင့်ပြုချက် မယူပဲ ယူသုံးထားပါတယ်ဆိုပြီး ပြောခံထိဖူးတယ်။ အဲတုန်းက ကျွန်တော့် အသက် ၁၇ လောက်ပဲ ရှိအုံးမယ်။ ခွင့်ပြုချက်တောင်း ရမယ်ဆိုတာကို မသိခဲ့တာလည်း ပါတယ်။ ဒါကြောင့် အဲတုန်းက သူ့ကို တောင်းပန်ပြီး icon တွေ ပြန်ဖြုတ်ပေးရမလား မေးခဲ့ဖူးတယ်။ အဲဒီက စပြီးတော့ မှတ်မှတ်ရရ credit ကိစ္စကို စပြီး နားလည်လာတာပဲ။ အခုခေတ်မှာ ၁၇ ၊ ၁၈ အရွယ်တွေက ကျွန်တော်တို့ ခေတ် ၁၇ ၊ ၁၈ နှစ်ထက် အများကြီး ဗဟုသုတတွေ ရှိနေကြပါပြီ။

ကျွန်တော်တို့ code တွေရေးတုန်းကလည်း ကျွန်တော် credit မပေးခဲ့တာတွေလည်း ရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ code ရဲ့ ထိပ်ပိုင်းမှာ comment တွေထည်ပြီး ပေးတတ်တဲ့ အကျင့်လည်း ရခဲ့တယ်။ Copyright အကြောင်းဆိုလို့ စဉ်းစားလိုက်ရင် ကိုယ့်ဘာသာ google က ရှာပြီး သုံးထားခဲ့တဲ့ ပုံတွေ ရှိတယ်။ လက်ရှိ blog ထဲက ဖျက်မယ်ဆိုတော့လည်း post တစ်ခုခြင်းဆီ လိုက်စစ်ရမှာ ဆိုတော့ မလွယ်လှဘူး။ သို့ပေမယ့် အခုနောက်ပိုင်း ခွင့်ပြုချက် မလိုပဲ အသုံးပြုလို့ရတဲ့ image တွေကိုတော့ ထည့်သုံးလာတယ်။ အဲဒီ ပုံတွေကိုပဲ ရှာတော့တယ်။ ပုံ တစ်ခုကို blog မှာ သို့မဟုတ် theme မှာ ထည့်သုံးတော့မယ်ဆိုရင် အဲဒီ ပုံက ဘာလိုင်စင် လဲဆိုတာကို အရင်ကြည့်ပြီးမှ ထည့်ဖြစ်တော့တယ်။ ဒါကြောင့် နောက်ပိုင်း blog post တွေမှာ image တွေ တော်တော်နည်းသွားတာပေါ့။ Icon ပုံတွေက free နဲ့ credit ပေးစရာမလိုတာတွေ ရှားသလောက် stock image တွေကတော့ မရှိသလောက် ရှားတယ်။ free ရတယ်ဆိုရင်တောင် credit ပြန်ပေးရမယ့် ပုံတွေရှိတော့ရှိတယ်။ သို့ပေမယ့် quality မကောင်းသလို လှလည်း မလှတာကြောင့် မသုံးဖြစ်ဘူး။

Copyright နဲ့ pirate software အကြောင်းတွေကို ဒီနှစ်မှ ပိုသိလာရတယ်။ သိလာအောင်လည်း မြန်မာ blog တွေမှာ တော်တော်များများ ရေးလာတာ ပါတာကြောင့်လည်း ပါတယ်။ အထူးသဖြင့် မြန်မာ Tutorials က ကျွန်တော်တို့ ရှက်တတ်ဖို့ အရင်လုပ်ရအုံးမယ်ဆိုတဲ့ post က တော်တော်လေးကို ကောင်းပါတယ်။

ကျွန်တော်တို့ ခိုးသုံးရမှာ ရှက်သင့်သလို credit မပေးပဲ ကိုယ့်ဟာလို ပြင်သုံးရမှာလည်း ရှက်သင့်တယ်။ ပြင်တော့မယ်ဆိုရင် ကိုယ့်တစ်ယောက်တည်း အတွက်ဆိုရင် ပြဿနာမရှိပေမယ့် အများမြင်အောင် ချပြတော့မယ်ဆိုရင် ကိုယ်ပြင်ထားတဲ့ ပုံ ၊ code စတဲ့ မူရင်း license ကို အရင်ဖတ်ဖို့ လိုတယ်။ ပြင်ခွင့်ရှိတယ်။ credit မလိုဘူး ဆိုသည့်တိုင်အောင် ကိုယ်ပြင်ထားတဲ့ code မှာ တစ်ခုလုံး ကိုယ်မပိုင်ဆိုတာကို တွေးတောနိုင်စွမ်းရှိတဲ့ လူတစ်ယောက် အနေနဲ့ နားလည် သင့်တယ်။

နောက်ပြီး ရုံးက ပြင်သစ် ခဏခဏ ပြောတဲ့ Credit ကိစ္စကိုလည်း ကျွန်တော် ဂရုစိုက်သင့်တယ်။ နောက်ပိုင်း project တွေလုပ်တဲ့ အခါမှာ ဘယ် opensource ကို ယူသုံးထားတယ်ဆိုတာတွေ ဘယ် data တွေကို ယူသုံးထားတယ်ဆိုတာတွေကို credit page တစ်ခု လုပ်ထားရမယ်။ ဥပမာ။။ ornagai က data တစ်ဝက်လောက်ကို Myanmar NLP က dictionary ကို ယူသုံးထားပါတယ်ဆိုတာကို မထည့်ထားရသေးဘူး။ အခု server ရွှေ့နေလို့။ server ရွှေ့ပြီးရင်တော့ ornagai credit page ထည့်ဖို့ အတွက် လုပ်ရမယ်။

Copyright ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထူးတေဇာ ရေးထားတဲ့ copyright or copy is right post လေးကိုလည်း ဖတ်သင့်ပါတယ်။ မြန်မာ blog တွေမှာလည်း တချိန်တစ်ခါတုန်းက အခြားသူရဲ့ theme တွေ ပြင်ထားပြီး credit ပြန်မပေးထားတာတွေ နောက်ပြီး မူရင်း theme ရဲ့ copyright တွေ ဖျောက်ထားတာတွေကို တွေ့ဖူးပေမယ့် အခန့်မသင့်လို့ မပြောဖြစ်ခဲ့ဘူး။ အခုလည်း လမ်းကြုံလို့ ပြောလိုက်ပါအုံးမယ်။

Theme တွေပြင်ထားခဲ့ရင်တောင် မူရင်း ရေးသားသူ နာမည်ကို theme ထဲကနေ မဖြုတ်သင့်ပါဘူး။ ဥပမာ။။ wordpress theme တွေဆိုရင် style.css ကို ကြည့်လိုက်တာနဲ့ ဘာ theme ကို သုံးထားလဲဆိုတာကို လွယ်လင့်တကူ သိနိုင်တယ်။ အဲဒီမှာ ပြင်ထားခဲ့ရင်တောင် မူရင်း theme ကို ပြင်ထားကြောင်းကိုတော့ description မှာ ထည့်ပြီး ဖော်ပြထားသင့်တယ်။ တနည်းပြောရင် မူရင်း ဖန်တီးသူကို လေးစားမှု ပြုတာပဲ။ coding ပိုင်းမှာလည်း အဲလိုပါပဲ။ ဒါတွေက တချက်ချက် သတိလက်လွတ်ဖြစ်ပြီး မိုက်မဲနိုင်တဲ့ ကိစ္စတွေမို့ အထူးပဲ ဂရုပြုသင့်ပါတယ်။

2 responses to “Copyright”

  1. Well.. It didn’t happen, if Jealous blogger “mydaydream” or Chan Myae Khine didn’t inform and even invited google plus to Otto de Voogd.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.