saturngod
-
နောက်ဆုံး ornagai data တော့ မဟုတ်သေးဘူး။ index မထောက်ရသေးလို့။ index ထောက်ပြီးမှ အသစ်ထပ်တင်တော့မယ်။ market မှာတင်ဖို့ပဲ $25 တောင်းလို့ မတင်တော့ပါဘူး။ zip ကို ဖြည်လိုက်ရင် apk ရမယ်။ apk ကို Android Market က App Installer နဲ့ သွင်းလို့ရပါတယ်။ ornagai.apk
-
ကျွန်တော် ဒီနေ့ MYSTERY ZILLION ကို version 2 အတွက် စရေးနေတာ home page design နဲ့ question list ကတော့ ပြီးသွားပြီ။ desgin ကိုတော့ stackoverflow ကမယူပဲ http://doctype.com/ ကနေ ယူထားတာ။ ကျွန်တော် အဲဒီ ပုံ link တွေကို တင်နေသာ ရုံးက တစ်ယောက်က တွေ့သွားပြီး qhub link လေးပေးလိုက်တယ်။ www.qhub.com ပေါ့။ stackoverflow လိုမျိုး site တစ်ခု လွယ်လွယ်နဲ့ လုပ်လို့ရတယ်။ နောက်ပြီး ကိုယ်ပိုင် domain ကို CNAME နဲ့လုပ်လို့ရတယ်။ domain ပြောင်းပြီးရင်လည်း facebook connect api,…
-
ဒီနေ့ မောင်ပြုံးပြောတာနဲ့ MarkDown Editor တစ်ခုဖြစ်တဲ့ WMD ကို စမ်းဖြစ်တယ်။ Markdown ဆိုတာကတော့ HTML WYSIWYG editor လိုမဟုတ်တော့ပဲ text ကိုပဲ MarkDown syntax နဲ့ရေးတာပါ။ WMD ဆိုတာကတော့ Markdown WYSIWYG editor တစ်ခုပါ။ ကျွန်တော်တို့တွေ WYSIWYG editor သုံးလို့ရရဲ့သားနဲ့ ဘာလို့ markdown သုံးမှာလဲလို့ မေးစရာရှိလာတယ်။ ဘာလို့လည်းဆိုတော့ Loading ကြောင့်ပါ။ MarkDown ဟာ WYSIWYG editor တွေထက်စာရင် loading မြန်ပါတယ်။ မြန်မှာပေါ့ text file ကြီးပဲကို။ နောက်ပြီး အခြား website ကနေ စာတွေ copy ကူးပြီးလာတင်တာ မျိုးမကြိုက်ဘူး။…
-
ဒီနေ့ client က feedback ထဲမှာ status message က အချိန်တွေလွဲနေတယ်ဆိုလို့ ကြည့်စရာတောင် မလိုဘူး server time zone ပြဿနာပဲဆိုတာ တန်းသိတယ်။ (ကိုယ် setup လုပ်ထားတဲ့ server ပဲ ကိုယ်သိတာပေါ့။ အဲတုန်းက timezone ကိစ္စမေ့သွားတယ်) $sudo dpkg-reconfigure tzdata အဲဒါလေး ရိုက်ပြီး step by step သွားလိုက်ရင် ပြီးသွားတာပဲ။ မှတ်မိအောင် blog ထဲမှာ ရေးထားတာ။
-
အခုတလော cassandra ကို ဖတ်ရင်းနဲ့ MZ ကို cassandra နဲ့ ရေးကြည့်ချင်လာတယ်။ cassandra နဲ့ project လေး တစ်ခုလောက် လုပ်ချင်တယ်။ ဒါပေမယ့် ဘာ project လုပ်ရမလဲ စဉ်းစားမရဖြစ်နေတာ။ MZ ကိုပဲလုပ်တော့မလား စဉ်းစားနေတာ။ Why MZ ! လို့ မေးလာရင်တော့ cassandra က သာမာန် project တွေ မလိုအပ်ဘူး။ တခြားမပြောနဲ့ mediawiki ကို သုံးထားတဲ့ wikipedia တောင် mysql ကို သုံးထားတာပဲ ကြည့်လေ။ mysql ကလွယ်တယ်။ နှစ်ကြာပြီဖြစ်တဲ့အတွက် community က ရှိပြီးသား။ user million နဲ့ ချီခဲ့မှသာ နည်းနည်းကြာတာ။…
-
Cloud ဆိုတာကလည်း နာမည်ကြီးနေတာ တော်တော်လည်းကြာလာပါပြီ။ Cloud နဲ့ပတ်သတ်ပြီး လူသုံးများတာကတော့ SAAS ပါပဲ။ နောက်ပြီး Amazone, Rackspace တို့လို cloud server တွေပေါ့။ Cloud ကိုလည်း ရုံးမှာ အဓိက သုံးဖြစ်ပါတယ်။ Github , Google Docs , Protoshare , Clarizen , စတာတွေကို သုံးနေပါတယ်။ SAAS က အခုနောက်ပိုင်း တော်တော်လေး အသုံးများလာသလို online ဈေးကွက်အသစ်လည်း ဖြစ်လာတယ်။ ကျွန်တော် လက်ရှိသုံးနေတာက Dropbox နဲ့ Evernote ပဲ။ free ရတာကြောင့်လည်း ပါတယ်။ သုံးရတာလည်း အဆင်ပြေတယ်။ သဘောအကျဆုံး အချက်က offline ရတာပဲ။…
-
Windows မှာတုန်းကတော့ ပြတ်တယ်။ ရွေးချယ်စရာ editor က များများစားစားမရှိဘူး။ Notepad++ နဲ့ဆို ပြီးတယ်။ ကျွန်တော်က CI ကို အဓိကသုံးတယ်ဆိုတော့ CI syntax highlighting လေးပါမှ သုံးချင်တာ။ Notepad++ က CI အတွက်မရဘူး။ အခြား IDE တွေတော့ မသုံးဖြစ်ဘူး။ လေးလွန်းလို့။ အခုနောက်ပိုင်း Mac သုံးတော့ ရွေးချယ်စရာ IDE တွေ ရှိလာတယ်။ လက်ရှိ နာမည်ကြီး IDE တွေက TextMate, Coda, Espresso , BBEdit တို့တွေပဲ။
-
ဘာလိုလိုနဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က MYSTERY ZILLION ၃ နှစ်တောင် ပြည့်ခဲ့ပြီ။ ဒီနှစ် Anniversary ကိုတော့ ၂၅ ရက်နေ့မှ လုပ်ဖြစ်တယ်။ နှစ်ပတ်လည်နေ့နဲ့ တော်တော်ကွာသွားပေမယ့် အားလုံး အဆင်ပြေဆုံးနေ့ဖြစ်တာကြောင့် အဲနေ့ကို ရွေးဖြစ်ခဲ့တာလည်း ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေကို အဓိကရည်ရွယ်ပြီး ပွဲလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ MZ မှာ exiter ရေးထားတာကိုပဲ ပြန်ဖော်ပြလိုက်ပါတယ်။
