saturngod
-
Facebook f8 အကြောင်းရေးမယ် ရေးမယ်နဲ့ MZ newsletter က အချောသတ်တာ မပြီးသေးတာနဲ့ အချိန်ပေးလိုက်ရလို့ မရေးဖြစ်ဘူးဖြစ်သွားတယ်။ ပထမပိုင်းမှာ Mark Zuckerberg က အဖွင့် keynote နဲ့ စလိုက်တာပဲ။ ပွဲမစခင်မှာ ပြထားတဲ့ video လေးက စမ်းနေတယ်။ Graph တွေ ဆွဲနေတဲ့ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေတဲ့ ပုံတွေ video ပြကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိလိုက်တယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း facebook connect ကို ကြေငြာခဲ့သလို ဒီတစ်ယောက်တော့ နောက်ထပ် API အသစ်တစ်ခုခုတော့ ထုတ်တော့မလား လို့ စဉ်းစားမိတယ်။
-
25 ရက်နေ့မှာ MZ ပွဲ စပါတော့မယ်။ လက်ရှိ ဆွေးနွေးပေးမယ့် ခေါင်းစဉ်တွေကတော့ Self Learning – ကိုပီဇီ (Myanmartutorials.com) How to study in Myanmar – ကိုရာဗီ == Break == Web Development – ကိုအိမောင် (Durosoft) Ubuntu Linux – ကိုကိုရဲ Date: Sunday, April 25, 2010 Time: 10:00am – 5:00pm Location: Egress Hall Room, Yangon, Myanmar
-
ညကတော့ facebook f8 ကြည့်လိုက်တာ အိပ်ရေးပျက်သွားတယ်။ အိမ်ပြန်ရောက်မှပဲမနေ့ညက ပွဲအကြောင်းလေးပြန်ရေးအုံးမယ်။ live ကြည့်ရတာဆိုတော့ တော်တော်မိုက်တယ်။
-
ပြီးခဲ့တဲ့ တနင်္ဂနွေက MZ 2.0 အတွက်ရေးရင်း ကိုယ့် framework ကိုလည်း upgrade လုပ်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်နဲ့ တော်တော်လေးကို လုပ်ဖြစ်သွားတယ်။ အဲမှာ ဘာကို သွားတွေ့လည်းဆိုတော့ PHP function တွေကိုပဲ။ framework တစ်ခု တည်ဆောက်တဲ့အခါမှ ဘယ် function ကို သုံးရင် ကောင်းမလဲ။ ဒီ code တကယ်ရေးဖို့လိုလို့လား။ နောက်ပြီး ဘယ်လို ရေးရင် light weight ဖြစ်မလဲ စတာတွေကို စဉ်းစားလာရတယ်။ ကျွန်တော် မသိသေးပေမယ့် သုံးကောင်းတဲ့ function အချို့ PHP မှာတွေ့လာရတယ်။ နောက်ပြီး array ပိုင်းနဲ့ OOP ပိုင်းကို ပိုသဘောကျလာတယ်။
-
သောကြာနေ့ကမှ CSS မှာ ထည့်ထည့်သုံးနေတဲ့ medai ဆိုတာ ဘာလဲဆိုတာကိုသိတော့တယ်။ ပုံမှန်အားဖြင့် media=”screen” ဆိုပြီး သုံးကြတာများပါတယ်။ CSS မှာ media=”screen” နဲ့ media=”print” ဆိုပြီး သုံးကြပါတယ်။ ပုံမှန် သမာရိုးကျ ကြည့်ရင်တော့ သိပ်မကွာခြားလှပေမယ့် ကွာပါတယ်။ အခြား media propertities တွေရှိသေးပါတယ်။ CSS မှာတော့ media ကို screen နဲ့ print ပဲ အသုံးပြုတယ်။
-
ဒီနေ့ ကြားတဲ့ သတင်းက လုံးဝ စိတ်ထဲမကောင်း။ စဖြစ်ကတည်းက ကိုညီလင်းဆက် facebook တင်လိုက်တာကနေ သတင်းတွေ တောက်လျှောက်တက်လာတယ်။ twitter မှာလည်း တောက်လျှောက်ပဲ။ news website တွေမှာလည်း သိပ်မကြာလိုက်ဘူး တက်လာတာပဲ။ သြင်္ကန်ကြီးမှာ အဲလိုဖြစ်တဲ့အတွက် စိတ်မကောင်းစရာပါပဲ။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူ ထပ်မျှ ကြေကွဲ ခံစားရပါတယ်ဗျာ။ တကယ်ကို ဘာပြောရမှန်းမသိတော့တာ။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်သွားတာကတော့ စိတ်မကောင်းစရာပဲ။ ရန်ကုန်က မိသားစုက ဥပုဒ်စောင့်ပြီး သြင်္ကန်ထွက်မလည်တော့ သတင်းကြားပေမယ့် စိတ်မပူပေမယ့် သေဆုံးစာရင်းကြားတော့ တကယ်ကို စိတ်မကောင်းဖြစ်သွားတာ။ ဆဲဆိုရင်လည်း မထူးတဲ့ကောင်တွေပဲလေ။ ဓာတ်ပုံတွေကိုတော့ ကိုညီလင်းဆက် Blog မှာ သွားကြည့်လို့ရပါတယ်။ ဘယ်သူပဲဖောက်ဖောက် ဘယ်အဖွဲ့အစည်းကပဲ ဖောက်ဖောက် ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ပဲ။…
-
အရင်တုန်းက PhoneGap နဲ့ ပဲ ကလိနေတာ ဒီနေ့မှ iPhone SDK ကို ပြန်စဖြစ်တော့တယ်။ stanford က သင်တာက iTuneU နဲ့ subscribe လုပ်ပြီးတော့ iPhone SDK ရေးနည်း သင်နေတာ ပြီးတော့မပြီးသေးဘူး။ ရုံးသွားရုံးပြန်လောက်ပဲ bus ပေါ်မှာ ကြည့်ဖြစ်ရင်း သင်ထားတာ။ အခု RSS reader လေး တစ်ခု စမ်းကြည့်ထားတယ်။ RSS read တာကတော့ ဘယ်ရေးတတ်မလဲ။ Googling လုပ်လိုက်ပြီး XML Parser အလုပ်လုပ်ပုံပါ တစ်ခုတည်း ဖတ်လိုက်ရတယ်။ iPhone SDK ရေးရတာတော့ ရေလည်သဘောကျတယ်။ အရမ်းချစ်ဖို့ ကောင်းတယ်ဗျ။ ဘယ်လိုပြောရမလဲမသိဘူး။ မသိရင် တော်တော်ခက်တယ်။ သိလိုက်ပြန်ရင်လည်း ဟောခနဲ…
