saturngod

  • Do you believe it ? Try like that in terminal. Linux can’t teach you about love, peace , happiness. But he can teach how to kill ? If you don’t know how to kill , try $man kill ( just kidding…. kill also have in Mac kill — terminate or signal a process )

  • တကယ်တန်း ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ဘူးဆိုတာ သိလိုက်ရတာပဲ။ ငါဟာသေးတာမှဖြင့် ပိစိကွေးလေးလို့ ထင်တာထက်တောင် သေးငယ်ပါလား။ ဒီနေ့ ကြည့်သမျှ youtube ထဲမှာ အကြိုက်ဆုံးပဲ။ universe စတာကို ကြည့်လိုက်ပြီး အော်…. ဘာမှလည်း မဟုတ်ပါလားလို့တောင် ခံစားလိုက်ရတယ်… http://www.youtube.com/watch?v=17jymDn0W6U http://www.youtube.com/watch?v=Vtk8eO_1ieU The Known Universe Big Bang Theory : the start of the universe from singularity http://www.youtube.com/watch?v=Vtk8eO_1ieU

  • 960 css framework ကို သုံးပြီး HTML Layout ချပုံပါ။

  • Wiki မှာ code တွေ ထည့်ရတာ ပင်ပန်းတယ်။ list တွေ လုပ်ရတာ နားမလည်ဘူး။ Table ဆောက်ရတာ ခက်တယ်ဆိုတဲ့သူတွေအတွက် video လေးလုပ်ပေးထားပါတယ်။ Word မှာ ရိုက်ထားတာတွေကိုလည်း TinyMce ထဲ copy paste လုပ်ပြီး HTML ပြောင်းလိုက်လို့ရပါတယ်။

  • MZ မှာမေးထားတာလေးကို blog မှာလည်း အခြားသူတွေ သိအောင် ထပ်ဖြေပေးလိုက်ပါတယ်။ ကျတော်က ဒီလိုနားလည် ထားတယ်… ဥပမာ . Facebook မှာဆိုရင် Game တွေ အများကြီးပါတယ်။ အဲဒီ Game တွေက သာမာန် web programming နဲ့ ရေးလို့ မရဘူးဗျာ။ အဲဒါကို တခြား java ဖြစ်ဖြစ် c ဖြစ်ဖြစ် ရေးထားမယ်ပေါ့။ အဲဒီ အခြေနေမှာဆိုရင် ကို ရေးလိုက်တဲ့ဟာက my application ဖြစ်သွားပြီပေါ့။ အဲဒါကိုမှ web site မှာတင်ချင်တယ်ဆိုတော့ my application ကနေ web application ကိုပြောင်းဖို့ အတွက် web service ကို အသုံးပြုတာလို့…

  • ကျွန်တော်လည်း ကျောင်းတက်တုန်းက computer အဟောင်းအစုတ်ကြီးနဲ့ ကိုယ့်ဘာသာကိုယ်လေ့လာခဲ့ရတာပဲ။ internet မသုံးနိုင်လို့ ebook တွေကို အားကိုးဖတ်ခဲ့ရတာပဲ။ မီးပြတ်လို့ မီးလာတဲ့အချိန်ထိစောင့်ပြီး စာတွေ တစ်ညလုံးဖတ်ခဲ့ရတယ်။ မေးစရာမရှိလို့ ပိုက်ဆံစုပြီး online တက်ပြီး webdeveloper.com တို့လို forum တွေမှာ မေးခဲ့ရတယ်။ နောက်ပြီး ဘယ်တော့မှ ကိုယ့်မိဘကို အပြစ်မတင်နဲ့။ ဘယ်တော့မှ အခြားသူကို အပြစ်မတင်နဲ့။ အရာရာအားလုံးဟာ အကျိုးကြောင်းဆက်စပ်နေတာပဲ။ အပြစ်တင်လို့ ဘာမှဖြစ်မလာဘူး။ ကျောင်းသားဘဝတုန်းက အများကြီး ကျော်ဖြတ်ခဲ့ရတာပဲ။ ကျောင်းတက်ရင် freelance လည်း လုပ်ခဲ့ဘူးတယ်။ မီးပျက်လို့ မီးလာတဲ့အချိန်တွေမှာပဲ လုပ်ခဲ့ရတာ။ တစ်ခါတစ်လေ တစ်ညလုံးမအိပ်ပဲလုပ်ပြီး မနက်မှ ထပြီး ကျောင်းသွားခဲ့ရတာတွေလည်း ရှိတယ်။ UCSM ဆိုရင် လူပျိုကြီးရဲ့blog ကို သွားဖတ်ကြည့်။…

  • လူညီလျှင် ဤသည် ကျွဲဖြစ်သည်လို့ ငယ်ငယ်တုန်းက ကြားဖူးတယ်။ အခုတော့ google က မှန်ကန်ကြောင်းပြနေပါပြီ။ ပလက်စတစ် (522) VS ပလတ်စတစ် (9,510) လျော့သုံး (3) VS လျှော့သုံး (0) ငပိ (2,620) VS ငါးပိ (5,450) မင်္ဂလာ (55,700) VS မင်ဂလာ (88) ဝေါဟာရ (2,890) VS ဝေါဟာရ (6,480) ဝလုံး (2,310) VS ဝလုံး (641) ယူနီကုတ် (3,080) VS ယူနီကုတ်ဒ် (1) VS ယူနီကုဒ် (4,940) စေတန်ဂေါ့ (14,300) VS စေတန်ဂေါ့ဒ် (795) ကွင်းစကွင်းပိတ်နဲ့က google မှာ…