saturngod

  • http://seanlin.me/archives/burmese-language-on-android/ မှာ သွားဖတ်နိုင်ပါပြီဗျာ။ font ပဲရသေးတယ်။ keyboard တော့ ရသေးဘူး။ Cheer!!! Sean Lin

  • ကျွန်တော် MZ နှစ်ပတ်လည် တုန်းကလည်း ပြောခဲ့ဘူးပါတယ်။ လက်ရှိ အခြေအနေက brain drain ဖြစ်တာလား။ brain gain ဖြစ်နေတာလားဆိုတာကိုပေါ့။ သမာရိုးကျ တွေးတဲ့ လူတော်တော်များများက မြန်မာနိုင်ငံမှာ ပညာရှင်တွေ နိုင်ငံခြားထွက်တာကို တိုင်းပြည်နစ်နာတယ်လို့ ထင်ကြတယ်။ သမာရိုးက တွေးခေါ်တဲ့သူတွေရဲ့ အတွေးက ဘယ်လိုလဲဆိုရင် ပညာရှင်တွေ ပြန်လာမယ်ဆိုရင် တိုင်းပြည်ကြီး ချက်ခြင်းတိုးတက်သွားမယ်ပေါ့။ ချက်ခြင်းကြီး အောင်မြင်လာနိုင်တယ်ပေါ့။ ပညာရှင်တွေ နိုင်ငံခြားမှာ အလုပ်လုပ်တာ brain drain ဖြစ်တယ်ဆိုတဲ့ အိုမင်းနေပြီး ကျွန်တော့် အဖွားတောင် မတွေးတဲ့ အတွေးခေါ်ပဲ။

  • Google က doc မှာ form ဆိုတာ ပါလာပြီ။ ပါတာကတော့ ကြာပါပြီ။ ဒါပေမယ့် သတိမထားမိဘူး။ ဟိုနေ့က google app training မှာ google doc မှာ သုံးလို့ရတာတွေ ပြောမှပဲ သတိထားမိတော့တယ်။ အောက်မှာ ကျွန်တော် form လေးကို စမ်းထားတာ။ ကျွန်တော်တို့တွေ vote တွေ survey တွေကို google doc နဲ့လုပ်လို့ရပြီလေ။ နောက်ပြီး ပွဲတက်ဖို့register လုပ်တဲ့ ကိစ္စတွေ အပါအဝင်ပေါ့။ သီးသန့် ရေးနေစရာမလိုတော့ဘူး။ My Blog Survey

  • Google Apps ကို ဟိုနေ့ က tanning တက်လိုက်မှ ပဲ သိသွားတော့တယ်။ မဆိုးဘူး တော်တော်လေးကို ကောင်းတယ်။ connection ကောင်းတဲ့ နိုင်ငံတွေ အတွက်ပေါ့။ standard နဲ့ Premier Edition ဘာတွေ ကွာလဲဆိုတော့ Google Group Premier Edition မှသာ google group ကို ကိုယ်ပိုင် domain နဲ့ သုံးလို့ရတယ်။ ရုံးအတွင်း ဆွေးနွေးဖို့ group အတွက်ပေါ့။ @yourdomain.com တွေပဲ ဆွေးနွေးလို့ရအောင်ပေါ့။ ရုံးအတွင်း အတွက် အရမ်းကောင်းတဲ့ idea ပဲ။ forum တွေ intranet တွေ သီးသန့်ဖန်တီးဖို့ မလိုတော့ဘူးပေါ့။ Google Video Premier…

  • အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။

  • ကဲ.. ဘာလက်မှတ်လိုချင်လဲပြော… လက်မှတ်တော်တော်များများတော့ ဝယ်လို့ရတယ်။ ကျွန်တော် လိုချင်တဲ့ PHP ကတော့ ဝယ်လို့ မရသေးဘူး။ ကဲ.. သင်သာ ပိုက်ဆံရှိမယ်ဆိုရင် လက်မှတ်တွေ အများကြီး ပိုင်လို့ရတယ်နော်။ http://www.certseasy.com/pricing.htm

  • ဒီ video အကြောင်းလေးရေးပြီးပြီလို့ထင်လို့ ပြန်ရှာကြည့်တာ ရှာမတွေ့တာနဲ့ ပြန်တင်လိုက်တယ်။ Computer သမားဆိုရင်တော့ အဲဒီ ကားကို ကြည့်ဖူးသင့်တယ်လို့ ထင်တယ်။ Windows ကို မွေးဖွားခဲ့တဲ့ Microsoft ဖြစ်လာပုံ နောက်ပြီး Mac ဆိုတာကို မွေးဖွေးပေးခဲ့တဲ့ Apple ဖြစ်လာပုံအပြင် Steve Job , Bill Gate အကြောင်းတွေပါ ပါဝင်တဲ့ ကားကောင်းလေးပါ။ ၁၀ နှစ်ကြာနေပြီဖြစ်ပေမယ့် ကားကောင်းလေးတော့ အမှန်ပဲ။ အခုချိန်ထိ ကြည့်လို့ကောင်းနေဆဲပဲ။ ကြည့်ဖူးတာကတော့ ကြာပါပြီ။ သူငယ်ချင်းတွေကိုလည်း ပေးခဲ့တယ်။ Computer သမား တော်တော်များများ ကြိုက်တဲ့ ကားလေးပါ။ ရုပ်ရှင်ကားမှာ Steve Jobs နဲ့ Bill Gate ကို ယှဉ်ပြထားတယ်။ Steve Jobs က အရမ်းတော်တယ်။ ဒါပေမယ့် သူ့ စိတ်က အရမ်းဆတ်တယ်။ ပေါင်းသင်းဆက်ဆံရ ခက်တဲ့ လူမျိုးပဲ။ Bill…

  • ဒီနေ့ ထူးတေဇာ blog မှာ apple အကြောင်း ရေးထားတာတွေ့တယ်။ ကျွန်တော်လည်း အဲဒီ ဘုရားပုံတော်နဲ့ Jony Ive ကိစ္စပါ။ မြန်မာက အချို့ လူတွေတော်တော်များများ Jony Ive ကို designer ပဲသိတယ်။ ဘာ designer မှန်းလဲမသိ။ ပြီးတော့ အလကားနေရင်း Jony Ive ကို အပြစ်ပြောပြန်ကော။ ထူးတေဇာ ပြန်ရှင်းပြထားတာလေး တော်တော်ကောင်းတယ်။ Apple သမား မဟုတ်တဲ့လူတွေက Apple အကြောင်းကို ကောင်းကောင်းသိမှာမဟုတ်ဘူး။ Apple သမားတွေကတော့ သူတို့ apple ရဲ့product ကော Apple က Steve Job အပါအဝင် Apple Designer တွေအားလုံးကို အထင်ကြီး လေးစားပြီး…