saturngod
-
yahoo… အဆင်ပြေအောင် တော့ လုပ်ထားတယ်။ ဒီထက်အဆင်ပြေနိုင်မလား နည်းနည်းလောက် ကြည့်လိုက်အုံးမယ်.. မြန်မာစာလည်း ပေါ်သွားပြီ။ keyboard အဆင်ပြေရင် ပြီးပြီ :) Normal
-
keyboard သာရေးသားလို့ပြီးသွားရင် SMS တွေလည်း ဇော်ဂျီနဲ့ ရကုန်တော့မယ်။ Windows Mobile ကနေ iPhone,Windows Mobile ကိုပို့တာပဲဖြစ်ဖြစ် iPhone ကနေ Windows Mobiles,iPhone ကိုပို့တာပဲ ဖြစ်ဖြစ် မြန်မာလိုပို့လို့ရတော့မယ်။ Sony Ericsson မှာလည်း မြန်မာလိုရတယ်။ ဒါပေမယ့် SMS နေရာမှာ ရမရတော့ မသိသေးဘူး..
-
3.0 ကတော့ အခုချိန်မှာအေးဆေးဖြစ်သွားပေမယ့် 3.1.2 ကတော့ jailbreak လုပ်တာ နည်းနည်းလေး ပြဿနာလေးတွေ ရှိသေးပေမယ့် ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ သုံးလို့ရပါတယ်။ 3.1.2 လည်း သုံးချင်တယ် jailbreak လည်းလုပ်ချင်တယ်ဆိုရင်တော့ http://www.macforus.com/?p=36&lang=my-my
-
ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။
-
ကျွန်းသေးသေးလေးမှာ အလုပ်လုပ်တော့မယ်လို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ တကယ်ကော ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလား။ ကိုယ့်ရဲ့ အရည်အချင်း အတွေ့အကြုံတွေကို တခြားသူတွေ reference မပါခင် ကိုယ့်ဘာသာကိုယ် အပြည့်အဝ အာမခံနိုင်လား။ မြန်မာနိုင်ငံမှာ မနေချင်လို့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ အူကြောင်ကြောင် အတွေးအခေါ်တွေကို ခဏလောက်မေ့ပြီး ဒီနိုင်ငံမှာ ဘာတွေလုပ်နေလဲ။ သူ့တို့ business flow က ဘာလဲ။ အဓိက ဘာ tool တွေ ကို အသုံးပြုလဲ။ ကိုယ်နဲ့ ကိုက်တာတွေ ရှိလားဆိုတာကိုကော လေ့လာပြီးပြီလား။
-
Mac သမားတွေအတွက် Mac Blog လေး သီးသန့်လုပ်ထားတယ်။ www.macforus.com မှာ English မြန်မာ ၂ ဘာသာနဲ့ ရေးထားတယ်။ အဓိကတော့ Mac မှာ အလကားရတဲ့ software လေးတွေနဲ့ Tip လေးတွေ အားရင် အားသလို အမြဲရေးသွားမှာပါ။ မြန်မာနိုင်ငံမှာ နည်းပါလှတဲ့ Mac သမားတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်ဗျာ။
