saturngod
-
အရင်က စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လိုက်ဘူး.. ဒီနေ့မှပဲ စမ်းဖြစ်တာ…. ကျွန်တော်တို့တွေ web design တွေဆွဲတဲ့အခါမှာ font တွေကလည်း အရေးပါလှပါတယ်။ header ကို ဘာ font သုံးမယ်။ paragraph ကို ဘာ font သုံးမယ်ဆိုပြီး ကျွန်တော်တို့တွေ ရွေးချယ်ရတယ်။ အရင်က ကျွန်တော်တို့တွေမှာ ရွေးချယ်စရာ များများမရှိဘူး။ Windows မှာ default ပါတဲ့ font နဲ့ mac မှာ default ပါတဲ့ font တွေဖြစ်ဖို့ အရေးကြီးတယ်။ နောက်မို့ဆို ကိုယ့် design က မလှပဲ ဖြစ်သွားမယ်။ ဒါကြောင့် အများအားဖြင့် Verdana,Times New Roman,Tahoma,Arial,Georgia စတာတွေလောက်ပဲ ရွေးလို့ရတယ်။…
-
အရင်က Samsarin PHP Widget ကို သုံးတယ်.. ဒါပေမယ့် သူက 2.7 မှာ အလုပ်မလုပ်တော့ဘူး… theme လည်း ထွေထွေ ထူးထူးမပြောင်းဖြစ်တာလည်း ပါတာပေါ့.. အခု Samsarin PHP Widget ကို အသစ်ထည့်ချင်ထည့်လို့မရတော့ PHP coding တွေ အလုပ်လုပ်ဖို့ ဘာရှိလဲဆိုတာကို ရှာကြည့်လိုက်တော့… Executable PHP widget ကို သွားတွေ့တယ်… သူကတော့တော့ လက်ရှိ version မှာ အလုပ်လုပ်တော့ တော်တော်အဆင်ပြေသွားတယ်ဗျာ..
-
bit.ly နဲ့ tinyurl တို့ရဲ့ service ကိုယူပြီးပြန်ရေးထားတယ်။ မူရင်း site ထက် မြန်တာပေါ့။ ဘာလို့လည်းဆိုတော့ ဘာပုံမှ မပါလို့ပဲဗျ။ ကျွန်တော် bit.ly မှာ ဆို ကြာတယ်လို့ထင်ရတယ်။ သူ့ ပုံတွေ loading လုပ်နေတာကြောင့်လည်းပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် သုံးဖို့အတွက် ရေးထားတာပါ။ PHP code ကိုတော့ http://davidwalsh.name ကနေ ယူပြီး jquery နဲ့ ပေါင်းပြီး ရေးထားတာ။ လိပ်စာကတော့ http://www.saturngod.net/webtool/ အဲ..မေ့တော့မလို့… HTML5 ကိုသုံးထားတော့ firefox3.5 နဲ့ chrome 2 မှာမှ အဆင်ပြေမှာနော်… :D
-
Now I found new method for searching in ornagai. Now ornagai searching speed 2x. Auto-complete is so nice and faster than before. Thank DogNog for helping that and also Dave Lane for suggestion.
-
အခု ကျွန်တော့် site က wordpress theme ကိုပြောင်းလိုက်ပြီ။ k2 theme ကိုအခြေခံပြီး ကိုယ့်ဘာသာကိုယ်ဆွဲထားတာ။ icon တွေကတော့ iconfinder.net ကရှာထားတာ။ background ကိုတော့ http://bgpatterns.com/ ကနေ ယူထားတယ်။ header image ကို ရတဲ့ icon တွေနဲ့ ပေါင်းပြီး photoshop နဲ့ ပြန်လုပ်ထားတာ။ အခု theme က ပထမဆုံး ကလိပြီးလုပ်ထားလို့လားမသိဘူး အရမ်းကြိုက်တယ်။ color တွေကလည်း လှတယ်။ လိုက်တယ်။ Good Job! :) ဒါနဲ့ categories merge ဆိုတဲ့ plugin သုံးပြီး Merge လိုက်တာ tags တွေပါ merge လိုက်သလိုဖြစ်သွားတယ်……
-
ဒီနေ့ Androido ကို စမ်းကြည့်တယ်။ အဖြေက ရှင်းပါတယ်။ မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ mouse သုံးမရလို့ပါ။ သူက touch ကို ရည်ရွယ်တဲ့ ပုံပေါ်တယ်။ နောက်ပြီးတော့ ဖုန်း OS တစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ အဆင်မပြေဘူး။ Netbook မှာ သုံးဖို့လည်း မသင့်တော်သေးဘူးထင်တယ်။ touch နဲ့ ဆိုမှ အဆင်ပြေလိမ့်မယ်။ web ကို အားကိုးတဲ့ OS ဖြစ်တဲ့အတွက်ကြောင့် developer တွေအတွက် လုံးဝကို အဆင်ပြေမှာမဟုတ်ဘူး။ အများအားဖြင့် local စမ်းပြီးမှပဲ web ပေါ်တင်ကြတယ်ဆိုတော့ IDE တွေကလည်း web ပေါ်မှာ အခုထက်ထိ မရှိသေးဘူးလေ။ web ပေါ်မှာ လုပ်လို့မရသေးတာ အများကြီးပါ။ ဖုန်း…
-
လက်ရှိ ornagai အခြေအနေ။ အခု လက်ရှိ ornagai မှာ add word function ကို disable လုပ်ထားတယ်။ ဘာလို့လည်းဆိုတော့ စာလုံးတွေ ကျွန်တော် စစ်နေလို့ပါ။ အခု စာလုံးတွေလည်း စစ်ပြီးသွားပြီ။ ဒါပေမယ့် upload တင်တာ အခက်အခဲဖြစ်နေတယ်။gmail ဝင်ရတာလည်း ခက်နေတယ်။ ကျွန်တော် database ကော ပြောင်းထားတော့ ornagai code အသစ်တွေပါ upload တင်ဖို့ လိုသေးတယ်။ မနက်ဖြန် မနက်စောစော ကြိုးစားပြီး တင်ကြည့်ပါ့မယ်။ ဘာပြင်ထားလဲ။ ornagai အသစ်မှာ မြန်မာစာ search ပိုင်းလေးပဲ ပြင်ထားတာပါ။ ဘာမှထွေထွေထူးထူး မပြင်ထားပါဘူး။ မြန်မာစာ searching ပိုင်းကိုတော့ ပြီးခဲ့တဲ့ post မှာ…
-
အခု C# ထဲမှာ Excel rows 100 ရှိတဲ့ file 26 ခုကို Access ထဲမှာ သွားပေါင်းတာကို ပြန်ပြင်ရေးနေတာ ပြီးပြီ။ အစက စက်က ဟမ်းနေတယ်။ အစအဆုံး ပြီးမှ အလုပ်ပြန်လုပ်တယ်။ ဒါနဲ့ backgroundworker ကို သုံးလိုက်တယ်။ အစက ၁ ခုပဲ သုံးတာ အဆင်မပြေဘူး။ ၂ ခုသုံးလိုက်တော့ တော်တော်အဆင်ပြေသွားတယ်။ check လုပ်ထားတဲ့ list item ကို စစ်တာ တစ်ခု။ excel ကနေ access ကို သွားထည့်တာ တစ်ခု။ စုစုပေါင်း ၂ ခုနဲ့ ရေးတာအဆင်ပြေသွားပြီ။ Good Job!!! MySQL Fulltext ကို…
