saturngod
-
အရင်က console version နဲ့ ရေးခဲ့ပါတယ်။ အခု ပိုပြီးရိုးရှင်းလွယ်ကူအောင် GUI version နဲ့ ရေးထားပါတယ်။ System Hidden Folder တွေကို ပြန်ဖော်ပေးပါတယ်။ checkbox ကို check ထားရင် Foldername နာမည်နဲ့တူတဲ့ exe တွေကို ဖျက်ပေးပါတယ်။ .NET Framework 3.5 တော့လိုတယ်။ ထုံးစံအတိုင်း C# နဲ့ပဲရေးထားတာပါ။ antiusbhidden
-
ခင်ဗျားတို့တော့ မသိဘူး… ကျွန်တော်ကတော့ 6 cell Battery လေးဖြစ်တာကြောင့် ၁ နာရီကျော်ကျော်ပဲ ခံတယ်။ တစ်ခါတစ်လေ download ချတဲ့ ဒါအေခါမှာ Laptop Monitor လေးပိတ်ထားလို့ရရင် battery အစားသက်သာသွားမယ်ထင်တယ်ဗျ။ LCD ကလည်း battery သုံးတာကို။ အဲဒါကြောင့် C# နဲ့ program လေးရေးထားတယ်။ goolge ကနေ ရှာပြီး နည်းနည်းပါးပါးပြင်ထားတာပဲပေါ့… Download
-
တစ်ခါတစ်လေ စဉ်းစားမိတယ်… GPL ပေးတိုင်းကောင်းလားဆိုတာကိုပေါ့.. လိုင်စင်တွေအကြောင်း သေသေချာချာ နားမလည်ပေမယ့် GPL ဆိုရင် သူ့ကို သုံးတဲ့ project ကလည်း GPL ဖြစ်ရမှာပဲဆိုတာကိုပေါ့… source code မပေးချင်လည်း ပေးရမှာပဲပေါ့…. တချို့ project တွေမှာ GPL နဲ့ ဟာလေးတွေ ယူသုံးလိုက်ရင် ကောင်းသွားမှာ ရှိပေမယ့် ကိုယ်က source code မချပေးလိုတဲ့အခါမှာ ယူသုံးလို့မရဖြစ်တတ်တယ်။ သူများကို အဲလိုမျိုး ပိုက်ဆံ ပေးပြီးရေးခိုင်းရင် ရတာပဲလို့ ပြောလို့ရပေမယ့် အချိန်လိုသေးတယ်လေ။ ဘယ်လောက်ပဲ မြန်မြန်ရေး ၁ ရက်ကျော်မှာပဲလေ။ opensource ကို နည်းနည်းပြန်ပြင်ပြီး ကိုယ့် project ထဲမှာ ထည့်သုံးနိုင်ရင် အချိန်အရမ်း မြန်သွားမယ်။ ခက်တာက သုံးလို့မရဘူး။ ငွေနဲ့ ဝယ်ချင်တာတောင် ဝယ်လို့မရဘူးဆိုသလိုဖြစ်နေတယ်။ author ရဲ့ စိတ်သဘောထားက ဆိုင်သေးတယ်လေ။ နည်းနည်းပြင်ပြီး…
-
မနေ့ညက တစ်ညလုံး မအိပ်လိုက်ရဘူး။ အဲဒီ wordpress ဒုက္ခပေးနေတာနဲ့ပဲ။ ဘာပြဿနာလည်းဆိုတော့ ခွဲခြားခွဲခြား လုပ်တာပဲ။ admin , editor role ဆိုရင် <pre name=”code” class=”xhtml”> လို့ရေးပြီး publish လုပ်ရင် လက်ခံတယ်။ အဲ.. အခြား role သာဆိုရင်တော့ <pre> လို့ပြောင်းသွားတယ်။ အဲမှာ ပြဿနာစတွေ့တာပဲ။ အစက tinymce editor ပြဿနာထင်ပြီး အချိန်ကုန်ခံပြီး ကလိတယ်။ မရဘူး။ ၁ ရက် ကုန်သွားတယ်။ ၆ ရက်နေ့ဆို site က စတော့မှာ အဲဒီ အချက်မရရင်လည်း site က အဓိပ္ပာယ်မရှိတော့ဘူး ဖြစ်နေတယ်။ အဓိက google syntax highlighter တွေကို…
-
အရင်ဆုံး Ornagai tsv file ကို download ချရပါမယ်။ ဒီကို အရင်သွားပြီး TabData ဆိုတာလေးကို download ချလိုက်ပါ။ ပြီးရင် zip ဖြည်ချလိုက်တဲ့အခါမှာ entab.tsv ဆိုတဲ့ file လေးရပါမယ်။ အဲဒါကို ornagai.txt လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင် wxPydict သွင်းထားတဲ့ လမ်းကြောင်း (C:\Program Files\wxPyDict) ဆီသွားပြီး paste လုပ်လိုက်ပါ။ overwrite လုပ်မလားဆိုရင် လုပ်လိုက်ပါ။ ပြီးရင်တော့ wxPyDict ကို ဖွင့်။ Menu မှာ Update > Rebuild Database ဆိုတာလေးကို နှိပ်လိုက်။ အောက်က status မှာ build လုပ်နေကြောင်း ပြနေပါမယ်။ Done!…
-
တကယ်ကို အံဩဖို့ကောင်းလိုက်တဲ့ dictionary ပဲဗျာ… ယုံတောင် မယုံနိုင်ဘူး… ကိုစိုးမင်း ရဲ့ Python dictionary ကတော့ လန်ထွက်နေတာပဲ… ornagai ကိုတောင် ဆက်လုပ်ဖို့တောင် တွန့်သွားလောက်တဲ့ အထိပဲ… ရေလည်ကို ကောင်းလွန်းတယ်ဗျာ.. searching လည်း မြန်တယ်.. result လည်း တိကျတယ်.. မြန်မာလို အတွက် syllable break ကလည်း ရေလည်good တယ်.. ornagai ကိုတောင် ကိုစိုးမင်းလိုမျိုး list box နဲ့ပြပြီး jquery နဲ့ဆိုရင်တော့ ရတယ်ဗျ… page နဲ့ ပြတော့ ဖော်ပြရတဲ့ data က list မစုံဘူးလို ဖြစ်နေတယ်.. :D ornagai ကိုတောင် ပြန်ပြင်ရင်ကောင်းမလား စဉ်းစားနေရပြီ….…
-
ယခု ornagai site မှာ မြန်မာလိုကော english လိုပါ complete list ပေါ်ပါပြီ။ အရင်တုန်းက english လိုပဲ ဖော်ပြပေးရာကနေ အခု မြန်မာလိုပါ complete list ရနေပြီတဲ့အတွက် မြန်မာလို ရှာရာမှာလည်း လွယ်ကူသွားတယ်။ tab format ကို tsv လို့ နာမည်ပြောင်းပေးလိုက်တယ်။ ကိုစိုးမင်းရဲ့ dict နဲ့ တူသွားအောင်ပေါ့။ ကိုစိုးမင်းရဲ့ python dictionary ကလည်း tsv ကို အသုံးပြုထားတဲ့အတွက်ကြောင့် tsv လို့ပဲခေါ်လိုက်တာ။ data သိမ်းပုံက အရင်လိုပဲ tab တွေခြားထားတာပဲ။ ကဲ.. အသေးစိတ်ကို http://www.ornagai.com/site/ မှာဖတ်။ download ကိုတော့ http://www.ornagai.com/site/offline မှာ ချလို့ရပါတယ်။
-
gedit တွင် ပုံမှန်အားဖြင့် notepad++ လို line number များမပါဘူး။ နောက်ပြီးတော့ current line ကိုလည်း highlight မလုပ်ပေးပါဘူး။ နောက်ပြီး ပြဿနာတစ်ခုက coding ရေးတဲ့အခါမှာ notepad++ မှာဆိုရင် { နဲ့ စရင် } ကိုပါ highlight လုပ်ပေးတယ်။ gedit မှာ မရလို့ စိတ်ပျက်နေတာ။ ဒီနေ့ gedit menu က edit > Preferences မှာ View Tab တွင် checkbox အားလုံး check လုပ်လိုက်ပါ။ ဒါပေမယ့် Right Margin က Display right margin ဆိုတဲ့ checkbox…
