saturngod

  • ကျွန်တော်တို့တွေ usb stick ထဲကို virus ဝင်သွားရင် Folder တွေပျောက်ကုန်တယ်။ FolderName.exe တွေ ပေါ်လာတယ်။ Virus သတ်ပြီးတဲ့အခါမှာတော့ FolderName.exe ကို သတ်။ ပြီးရင် attrib -s -h FolderName ဆိုပြီး လုပ်ရတယ်။ Folder တွေအများကြီးဆိုရင် လက်က ညောင်းပြီသာမှတ်ပဲ။ အဲလို ကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော် မနေ့ညက C# နဲ့ program လေး တစ်ခုရေးထားတယ်။ antiusbhidden လို့နာမည်လေးပေးထားပါတယ်။ သုံးပုံသုံးနည်းက cmd ကနေ antiusbhidden.exe ရှိတဲ့နေရာကို သွားပါလိုက်ပါ။ ဥပမာ C: အောက်မှာ antiusbhidden.exe ရှိတယ်ဆိုပါဆို့။ ဒါဆိုရင် Run -> Cmd  ကိုသွား…

  • Myanmar Inspiration မှာ ဖြေလို့ရတဲ့ စာမေးပွဲတွေကတော့ 3COM Adobe APC Apple CITRIX CIW CompTIA CWNP DELL FUJITSU HP HITACHI IBM Juniper Linux Professional Institute Microsoft NOKIA Novell Oracle SCP Sun Symantec အသေးစိတ် ဖြေလို့ရတဲ့ စာမေးပွဲ Link ကိုတော့ အောက်က Link မှာ download လိုက်ပါဗျာ။ အခုလို List ပေးတဲ့ Myanamr Inspirations ကို ကျေးဇူးတင်ပါသည်။ Download examlist

  • Programming တစ်ခုကနေ တစ်ခုကို ကူးပြောင်းပြီဆိုရင် ချက်ခြင်းဆိုသလို ကူးပြောင်းရခက်တယ်။ လေ့လာရခက်ခဲတာတွေရှိတယ်။ ဟိုမှာတုန်းက ဒီလို။ ဒီမှာက မရတော့ဘူး။ အဲဒီcode ကို ဟိုမှာရေးလိုက်ရင် ဒီလိုရတယ်။ ဒီမှာတော့ မရဘူး။ ဟိုမှာတုန်းက ရိုးရိုးလေး စဉ်းစားရုံပဲ။ ဒီဟာကတော့ အများကြီး လျှောက်လုပ်နေရတယ်။ စသည်ဖြင့် စိတ်အနှောင့်အယှက်တွေ ရှိစမြဲဗျ။ ကျွန်တော် VB 6 ကနေ VB.NET ပြောင်းတုန်းကလည်း အရမ်းခက်ခက်ခဲခဲကြီး မဟုတ်ပဲ ရွှေ့ပြောင်းနိုင်ပါတယ်။ OOP concept တွေတော့ လိုတာပေါ့။ VB6 နဲ့တင် တစ်နှစ်ကျော်လောက် ရေးဘူးတယ်။ လေ့လာဘူးတယ်။ နောက်တော့ VB.NET 2003 ပြောင်းတယ်။ အဲတုန်း .NET 2003 မှာ ရေးသားရပုံတွေက အသစ်ဖြစ်တာကြောင့် ခက်ခဲဘူးတယ်။…

  • Google ကတော့ Mail ကိုပြန်လည်ပြုပြင်ပြီး Web Communication ကို ပူးပေါင်းဖို့ စတင်ကြိုးစားနေပါပြီ။ google wave ဆိုပြီး စပြီး လုပ်နေပါတယ်။ အခုအချိန်ထိတော့ release မလုပ်သေးပဲ ဒီနှစ်မကုန်ခင် release လုပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဖတ်လိုက်ရတယ်။ google wave ကို wave.google.com မှာ သွားရောက်ဖတ်ရှုနိုင်ပါပြီ။ google wave ဟာ next evolution of email ဖြစ်လာနိုင်ပါတယ်။ google wave ဟာ hybrid of email, web chat, IM, and project management software လို့ ဆိုလို့ရတယ်။ နောက်ပြီး attachment တွေကို ကိုယ့်စက်ထဲကနေ…

  • Ubuntu ပေါ်မှာ zawgyi keyboard သွင်းဖို့အတွက် launchpad ပေါ်မှာ ရယူနိုင်ပါပြီ။ Launchpad ဆိုတာကတော့ Ubuntu အတွက် package တွေ စုစည်းရာလို့ ဆိုလို့ရတယ်။ package bug တွေ တင်ပြလို့ရတယ်။ မသိတာလေးတွေ မေးလို့ရတဲ့ နေရာလေးပေါ့။ https://launchpad.net/zawgyi-kb ကိုbox02 လုပ်ထားပေးတာပါ။ ကျွန်တော်တို့ ပြင်စရာလေးတွေ နည်းနည်းရှိသေးတယ်။ နောက်ပိုင်း အချိန်ရရင် deb package install ပုံစံကို ပြန်ပြင်ရေးမလို့ အစီအစဉ်ရှိပါတယ်။ http://code.google.com/p/zawgyi-keyboard/ မှာတော့ အခြား distro တွေအတွက်ပေါ့။ ကိုbox02 ရေ ကျေးဇူးပါပဲဗျာ…

  • Jquery နဲ့ ပတ်သက်တဲ့ docs site တစ်ခုလုံး offline ရရင်ကောင်းမယ်ဆိုပြီး google မှာရှာလိုက်တာ adobe air app လေးရလိုက်တယ်။ ရတဲ့ site ကတော့ remysharp.com/2008/07/04/jquery–api-update-offline-and-anywhere/ ကနေပါ။ သွင်းပြီးရင် update တော့လုပ်ရတယ်။ တော်တော်လေးကို ပြည့်စုံပြီး အသုံးဝင်ပါတယ်။ ကျွန်တော့်အတွက်တော့ jquery က အဆင်ပြေပြီးရင်း ပြေနေတာပဲ…. :)

  • Google Search မှာ search result ထဲမှာ show options.. ဆိုတာလေး ပါလာပါတယ်။ တော်တော်လေးကို ထူးခြားကောင်းမွန်တယ်ဗျ။ Wonder Wheel , Timeline ဆိုတဲ့ search result ဖော်ပြနည်း အသစ်တွေပါလာတယ်။ Wonder Wheel ကိုယ်ရှာလိုက်တဲ့ စာလုံးပေါ်မှာ ဆက်စပ်ပြီးတော့ wheel အနေနဲ့ ဖော်ပြပေးထားတယ်။ Zawgyi ဆိုတဲ့ စာလုံးကို ရှာလိုက်ရင် Myanmar Font , Zawgyi Font Download, Zawgyi Myanmar စတာတွေမျိုး ပတ်သက်တဲ့ စာလုံးတွေကို ဖော်ပြထားတယ်။ ကိုယ်နှစ်သက်ရာ ရွေးချယ်ရင် အဲဒီ result ပေါ်မှာမူတည်ပြီး ထပ်ရှာပေးတယ်။ ဖော်ပြပေးထားပုံလေးကလည်း ရိုးရှင်း လှပ သေသပ်တယ်။…

  • လွန်ခဲ့တဲ့ ၂ ရက်က C# လုပ်ကြည့်အုံးမှ လို့ စဉ်းစားမိတယ်။ C# နဲ့ ပတ်သက်ပြီး လုပ်စရာလေးတွေ ရှိလာလို့လေ။ ဒါပေမယ့် စာအုပ်တွေလည်း မဖတ်ဖြစ်ဘူး။ C# ကို အခုအချိန်မှာ ဖတ်ဖို့ အချိန်မရှိဘူး။ အခြေခံကနေ စဖတ်ရမှာလည်း ပျင်းတယ်။ အရင် VB.NET လုပ်ဖူးတယ်။ C# ကို တစ်ခါမှမလုပ်ဘူးဖူး။ သူငယ်ချင်းအတွက် နည်းနည်းလေး လုပ်ပေးတာလောက်ပဲ ရှိဘူးတယ်။ အရင်က VS 2008 မှာတောင် C# ကို မသွင်းဘူး။ အခုတော့ VS 2008 သွင်းပြီး C# ကို စဖွင့်လိုက်တယ်။ messagebox ဖော်ပြဖို့ code လေး စရေးမယ်ဆိုပြီး ပြင်လိုက်တယ်။ စပါပြီဗျာ…