saturngod
-
အခြားသူတွေတော့ မသိဘူး။ ကျွန်တော် Ubuntu မှာ pidgin သုံးပြီး mysteryzillion.com mail ကို ဝင်မရဖြစ်နေတယ်။ ဒါနဲ့ ဟိုရှာဒီရှာ နဲ့ ဒီလိုလေး ပြောင်းလိုက်လေ။ google app တွေအတွက်ပေ့ါ။ အချို့ gmail တွေလည်း ဝင်မရရင် သုံးလို့ရမယ်ထင်တယ်။
-
အခု Project တစ်ခုကို ၃ ရက်လောက်နဲ့ အပြီးရေးလိုက်ရတယ်။ Google Map API လေး သုံးပြီး ရေးရတာ။ google api ကတော့ အံဩဖို့ကောင်းလောက်အောင် documentation ပြည့်စုံတာပဲ။ အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့လုပ်ထားပေးတယ်။ ကျွန်တော်က အဲလိုမျိုး Open Technology လေးလုပ်ချင်တယ်။ ကျွန်တော် လုပ်ထားတဲ့ code တွေအကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြချင်တယ်။ ခက်တာက အချိန်မရှိဘူး ဖြစ်နေတယ် :D ။ အဲမှာ ဘာတစ်ခု သွားတွေကလည်းဆိုတော့ IE မှာ onclick မရဘူးဗျ။
-
ဟိုးအရင်တုန်းက မြန်မာနိုင်ငံမှာ လူတွေဟာ လူရှေ့သူရှေ့ မရှောင် ဆေးလိပ်သောက်တာတွေ့ဘူးတယ်။ မကြိုက်တဲ့လူရှိရင် ပိုလို့တောင် သောက်သေး။ လူအများကြီးတွေရှိတဲ့နေရာ ၊ လူစု လူဝေးတွေ ရှိတဲ့ နေရာ ၊ ကလေးတွေ ရှိတဲ့ နေရာမျိုးတွေမှာ ဆေးလိပ်မသောက်သင့်ဘူးဗျ။ အခုတော့ အရင်ကလောက် မဆိုးတော့ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပုံစံကို PAC ဆိုင်တွေမှာ တွေ့ရတတ်တယ်။ ဘာလဲဆိုတော့ IDM တွေ သုံးတာပဲ။ ကျွန်တော်လည်း သုံးခဲ့ဘူးတယ်။ ဒါပေမယ့် အခုအချိန်မှာ မှားမှန်းသိသွားပြီ။ ကျွန်တော့် တစ်ယောက်တည်းအတွက် လူအများကြီး စတေးရတဲ့အလုပ်ပဲဗျ။ ကိုယ်ကျိုး ကြည့်တဲ့အလုပ်ပဲ။ IDM သုံးလိုက်ခြင်းအားဖြင့် ကိုယ့်မှာ connection တွေ အပြည့်နဲ့ download ချလိုက်ပေမယ့် အခြား စက်တွေကတော့ တော်တော်လေးကို…
-
နောက်ဆုံးတော့လည်း kaspersky ပဲ ပြန်တင်ဖြစ်တယ်။ ဒီလိုဗျာ panda က cloud လေးကို စမ်းမယ်ဆိုပြီး kaspersky ကို ဖြုတ်ချလိုက်တာ cloud က ပေါ့လည်း ပေါ့တယ်။ မြန်လည်းမြန်တယ်ပေါ့။ ဒါပေမယ့် ပြဿနာ တစ်ခုသွားတွေ့တယ်။ online ရှိမှ virus စစ်လို့ရတာပဲ။ နာမည်အတိုင်းပဲဗျာ။ ဒါကြောင့် cloud လို့ပေးထားတာဖြစ်မှာ။ သူက virus defination ကို online ကနေပဲ စစ်တယ်။ ဒါကြောင့် offline update လည်းမလိုဘူး။ update လည်း လုပ်ပေးနေဖို့မလိုဘူး။ ခက်တာက မြန်မာနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် စက်က အချိန်တိုင်း Online မချိတ်ထားဘူး။ speed ကလည်း cloud သုံးရလောက်အောင် မမြန်တော့ cloud…
-
ဒီတစ်ခေါက် Personal Computer Magazine မှာ Unicode နဲ့ ပတ်သက်ပြီး တော်တော်လေး ပြည့်ပြည့်စုံစုံပါလာတာ တွေ့ရတယ်။ အဓိကအကြောင်းကတော့ ဇော်ဂျီကြီးပဲ တစ်ဝက်နည်းပါလောက် ပါလာတယ်။ Unicode ကို ဘယ်လို ကောင်းအောင် ဆက်လုပ်မယ်ဆိုတာထက် ဇော်ဂျီသုံးချင်း မသုံးချင်း အကျိုးအပြစ်တွေ တော်တော်များများပါတယ်ဗျ။ နောက်ပြီး ကိုရဲမြတ်သူရဲ့ ပြောချက်လေးတွေ ပါလာတာကိုလည်း တွေ့ရတယ်။ အထူးအဆန်း စကား တစ်ခုက MCPA ထဲကို ဇော်ဂျီ cell လေးတွေ ရောက်သွားတယ်ဆိုတဲ့ စကားလေးပါပဲ။ ရယ်လည်းရယ်ဖို့ကောင်းတယ်။
-
iRiver H340 (40G) –>$150 တချိန်က iPod killer ဟုခေါ်ခဲ့ကြသော iRiver ကို $150 နဲ့ ပြန်ရောင်းမယ်တဲ့။ 40 G ပါဝင်ပြီး သီချင်း , video format တော်တော်များများကို ဖွင့်လို့ရတယ်။ 1used ပဲဖြစ်ပြီး amazone မှာတော့ $335 1 used နဲ့ ယှဉ်ရင် တော်တော်တန်တယ်ဗျ။ သေသေချာချာ သိချင်ရင် Amazone မှာ သွားကြည့်လိုက်နော်.. Canon powershot S3is-> $300 ဒါက ဓာတ်ပုံ သမားတွေ အကြိုက်တွေ့မယ်လို့ ထင်တယ်။ ကျွန်တော်က camera အကြောင်းကောင်းကောင်းမသိပေမယ့် Amazone မှာ 16 used ကိုတောင် $220…
-
AVG လိုမျိုး Panda ကလည်း Free Antivirus ထုတ်ပါပြီ… Panda ကိုတော့ တော်တော်များများသိပြီးသားနေမှာပါ.. Antivirus တွေ Internet Security တွေ ထုတ်နေတဲ့ company တစ်ခုပါ.. အခုဟာက personal အတွက်ပဲ ရည်ရွယ်ပြီးထုတ်လုပ်ထားပြီး free ပေးထားတာပါ… အခြား antivirus တွေနဲ့ မတူပဲ Worms Trojan Virus တွေကိုပါ တစ်ခါတည်းစစ်ပေးပါတယ်… အဲဒီ cloud antivirus ကို ၃ နှစ်အချိန်ယူပြီး ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်.. ကျွန်တော်ပြောင်းသုံးမယ်မို့ စဉ်းစားမိတဲ့အချက်ကတော့ 50 MB လောက်ပဲ နေရာယူပြီး 17 MB RAM လေးပဲအသုံးပြုတယ်ဆိုတာပါပဲ… ဟုတ်မဟုတ်တော့ မစမ်းကြည့်ရသေးဘူး… လက်ရှိ kaspersky…
