saturngod

  • ကိုစိုးမင်တို့ လုပ်ထားတဲ့ greasemonkey က ကိုယ့် blog ထဲမှာ ထည့်ထားမှ အလုပ်လုပ်လိမ့်မယ်။ တကယ်လို့ မထည့်ထားတဲ့ my.wikipedia.org လိုမျိုး Unicode 5.1 နဲ့ သုံးထားတဲ့ site တွေဆို ဖတ်လည်းဖတ်ချင်တယ်။ ဖတ်ရတာလည်း အဆင်မပြေတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကိုစိုးမင်းတို့လုပ်ထားတဲ့ code လေးကို greasemonkey လေးနဲ့ ပြန်လုပ်ထားတယ်။ greasemonkey လေးနဲ့ လုပ်လိုက်တော့ ကိုယ့်ကြည့်ချင်တဲ့ site တွေကို Unicode 5.1 နဲ့ပဲဖြစ်ဖြစ် Zawgyi နဲ့ဖြစ်ဖြစ်ကြည့်လို့ရတာပေါ့။ hahauni greasemonkey မှာ greasemonkey သုံးနည်းလေးရေးထားတယ်ဗျ။ အခု onthefly greasemonkey ကို ဒီမှာ install သွင်းလို့ရတယ်။ Greasemoneky လေးသွင်းထားမယ်ဆိုရင်…

  • ကိုသူရိန်ရေးထားတဲ့ post လေးပါ။ သူ user တစ်ယောက်အနေနဲ့ သုံးစွဲသူ customer အနေနဲ့ သုံးသပ်ချက်လေး ဖတ်ကြည့်စေချင်ပါတယ် http://www.kothurein.co.cc/2009/05/unicode.html

  • လွန်ခဲ့တဲ့ ၁ နှစ် April 27 2008 ….. အဖွားက “ရော့… ၁၂ သိန်း… laptop ဝယ်ချင်တယ်ဆို… သွားဝယ်တော့….” “တကယ်….” ဘယ်လိုပျော်လို့ ပျော်သွားမှန်းမသိဘူး… ဒါနဲ့ ဘာ brand ဝယ်ရင်ကောင်းမလဲ… လက်ထဲမှာလည်း ၁၂ သိန်းပဲ ပါတယ်။ အကောင်းစားမဟုတ်ရင်တောင် VisualStudio , Dreamweaver , photopshop သုံးလို့ရတဲ့ laptop လောက်တော့ ဝယ်လို့ရပါတယ်။ LEO မှာ သွားကြည့်ဘူးတယ်။ Dell တွေ international warranty ပေးတယ်ဆိုပေမယ့် Dell delar မဟုတ်တော့ warranty ပေးလည်း အခုဖြစ် အခုလဲ မဟုတ်လောက်ဘူး။ ပြန်ပို့တာနဲ့ ဘာနဲ့ ကြာအုံးမယ်။ ဒါကြောင့်…

  • Air အကြောင်းတော့ မရှင်းတော့ဘူး… သိပြီးလောက်မှာပါ… twitter client တွေအပြင် အခြား web နဲ့ os ကြားမှာ ချိတ်ဆက်ပေးတဲ့ဟာလေးဆိုလည်း မမှားပါဘူး… Ubuntu မှာ သွင်းဖို့ဆိုရင် အရင်ဆုံး http://airdownload.adobe.com/air/lin/download/1.5/AdobeAIRInstaller.bin ကို download ချလိုက်ပါ။ ပြီးရင် terminal ကနေ download ချထားတဲ့ နေရာကိုသွား။ ကျွန်တော်ကတော့ desktop မှာဆိုတော့ $ cd ~/Desktop $ chmod +x AdobeAIRInstaller.bin $ sudo ./AdobeAIRInstaller.bin အဲဒါဆို Air Installer တက်လာပြီး Next လေးတွေ နှိပ်သွားရုံနဲ့ပြီးသွားမှာပါ။ ပြီးရင်တော့ air application လေးတွေ Ubuntu မှာ run…

  • Ubuntu မှာ twitter client တွေ အဆင်မပြေကြဘူး… မြန်မာစာရိုက်တာ စာလုံးတွေ အပြည့်မပေါ်လို့လေ… အခုတော့ အဆင်ပြေသွားပြီဗျ.. spaz ဆိုတဲ့ဟာလေးသုံးလိုက်တာ… မြန်မာလိုလည်း ရိုက်လို့ရတယ်.. မြင်လို့လည်းရတယ်ဆိုတော့ မဆိုးဘူး.. အခုလက်ရှိတော့ spaz လေးကို ubuntu မှာ သုံးနေပါတယ်ဗျာ… adobe air ရှိဖို့လိုတယ်.. ရှိရင် http://funkatron.com/spaz#download သွားပြီး download ချလိုက်ရုံပါပဲ။

  • forum တွေမှာ နေရတာထက်နောက်ပိုင်း twitter , facebook တွေထဲကို သွားရတာ ပိုပျော်ဖို့ကောင်းတယ်။ တောင်းဆိုမှုမရှိသလို ပေးဆပ်မှုတွေလည်း မရှိကြဘူး။ ပျော်စရာတွေ မရှိသလို စိတ်ညစ်စရာလည်းမရှိဘူး။ ကိုယ့် status လေးကိုယ်ရေးလိုက်ရုံပဲ။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံမှုတွေလည်း ရှင်းသလို ဆွေးနွေးဖို့လည်းမလိုဘူး။

  • Ubuntu 9.04 အတွက် ကျွန်တော် လက်ရှိ Vista ကို ဖျက်လိုက်ရတယ်။ ဘာလို့လည်းဆိုတော့ Dual တင်မလို့လေ။ wubi နဲ့ က တင်တာတင်လို့မရဘူး။ root မတွေ့ဘူးပဲ ပြောနေတယ်။ ဒါကြောင့် dual တင်ဖို့ လုပ်တော့ Ubuntu Installer က C: ကိုမသိဘူးဗျ။ ntfs မှန်းလဲမသိဘူး။ ကို box ပြောတော့ စက်ရုံက ghost ရိုက်ထည့်ထားတာဖြစ်လို့ မရတာ ဖြစ်မယ်လို့ပြောတယ်။ ဒါနဲ့ C: ကိုဖျက် Windows တင်။ ပြီးတော့ Ubuntu တင်ပေါ့။ Ubuntu တင်လိုက်တော့ C: ပျောက်ပြီး Toshiba Recovery က C: ဖြစ်သွားတယ်။ Windows…

  • Ubuntu 9.04 ရဖို့အတွက် တော်တော်လေး ရင်းနှီးလိုက်ရတယ်။ နောက်မှပဲ အဲဒီ အကြောင်းလေး ရေးအုံးမယ်။ အခုတော့ Keyboard သွင်းပုံလေး အရင်ရေးလိုက်မယ်။ http://www.saturngod.net/wp-content/uploads/zawgyikbtar.gz ကို download ချလိုက်။ download file ကို Desktop ပေါ်မှာရှိတယ်လို့ပဲ ကျွန်တော် သဘောထားတယ်နော်။ ပြီးရင် Right Click နှိပ်။ extract here လုပ်။ Zawgyi folder လေးပေါ်လာမယ်။ ပြီးရင် application -> Accessories -> terminal ကနေ $cd ~/Desktop/Zawgyi $./install.sh လုပ်လိုက်ရုံပဲလေ။ တကယ်လို့ password တောင်းရင် ဖြည့်လိုက်ပါ။ ပြီးရင် Finished ဆိုပြီး ပေါ်လာပါမယ်။ အဲဒါတွေပြီးရင် Panel…