saturngod
-
Personal Computer Magazine 2009 May လထုတ် စာမျက်နှာ 148 မှာ Linux မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ ကို Linux Desktop တစ်ခုဖြစ်တဲ့ KDE မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ လို့ပြင်ဖတ်ပေးစေချင်ပါတယ်။ Gnome မှာ ဇော်ဂျီ အလုပ်လုပ်တယ်။ LXDE မှာလည်း အလုပ်လုပ်တယ်။ LXDE မှာ keyboard change ဖို့ ပြဿနာ နည်းနည်းရှိပေမယ့် အဆင်ပြေတယ်။ KDE မှာတော့ rendering ကြီးကို မဖြစ်မနေထည့်ထားတဲ့အတွက်ကြောင့် ကေ ဆိုရင် ကေ လို့ပြောင်းသွားတယ်…. KDE မှာ အလုပ်မလုပ်တာပါ။
-
ကိုစိုးမင်းထောက်ပြတဲ့အတွက် ကျွန်တော် အများကြီးပြင်ဖြစ်သွားတယ်.. ကိုစိုးမင်းကို ကျေးဇူးတင်ပါတယ်… ကိုစိုးမင်းပြောတဲ့ လိုအပ်တာလေးတွေကိုလည်း syllable break ထဲမှာ ထပ်ဖြည့်ထားပါတယ်… နောက်ပြီး မရှင်းတာ တစ်ခုရှိတယ်ဗျ… ကိုညီလင်းဆက် ကိုစိုးမင်းတို့ စဉ်း ကို အဲလို မရေးကြပဲ စဉ်း လို့ပြောင်းရတာတွေ့ရလို့…. ဘယ်ဟာအမှန်လဲမသိဘူး… ??? http://code.google.com/p/zgnorsb/downloads/list
-
MVC (Model , View , Controller) ကို ROR ကတည်းက စပြီးတွေ့တယ်.. နောက်ပိုင်း cakePHP, symfony တွေလေ့လာတော့လည်း ကြုံရတယ်… အမှန်တိုင်းဆိုရင်တော့ MVC ကို မကျွမ်းဘူးဗျ… ဒါကြောင့် ROR ကို ကောင်းကောင်းမသုံးတတ်သလို cakePHP, symfony ကိုလည်း မရခဲ့ဘူး… အခုအချိန်မှာ လုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ Zend Framework ကိုလေ့လာပြန်တော့လည်း MVC နဲ့ တွေ့ပြန်ကော.. MVC က သမာရိုးကျ တွေးခေါ်ပုံနဲ့ မတူတော့ နားလည်အောင် အရင်လုပ်မှ ဖြစ်မယ်… သူ့ flow လေးတွေကို နားလည်အောင်တော့ စာသေချာဖတ်မှဖြစ်တော့မယ်… အခု website ((www.cyberciti.biz/tips/zend–framework-php-tutorial.html)) မှာတော့ သမာရိုးကျကနေ…
-
Babylon နဲ့ stardict အတွက် update တင်ထားတယ်.. www.ornagai.com/site/ မှာသွားယူနိုင်ပါတယ်… အခုတလော MZ ပြဿနာ ငြိမ်းတော့ အခြား ပြဿနာတွေ ရောက်လာတယ်… အော်… တစ်ခုတော့ သိလိုက်တယ်.. ဖြစ်ချိန်တန်တဲ့အခါ…. ဖြစ်သင့်တဲ့ အခါ…. အချိန်တွေ ဘယ်လိုဆွဲဆွဲ နောက်ဆုံးတော့ ဖြစ်လာတာပဲ…..
-
အင်း… ပိုက်ဆံလေး ရှိရင် wii လေးဝယ်ပြီး ဆော့ချင်သေးတယ်… တစ်ခေါက်ဆော့ပြီးရင် တကယ်ဆွဲသွားတာ… ဟိုနေ့ ကိုရဲမြတ်သူ ဝယ်လာလို့ သွားဆော့ မိလိုက်တာ လူမှာ ဒုက္ခတွေရောက်နေပြီ။ တစ်ခေါက် စမ်းဆော့မိလိုက်တာနဲ့ တစ်ခါမှ မခံစားရဘူးတဲ့ game အရသာကို ခံစားလိုက်ရတယ်။ game ဆိုတာထက် simulation နဲ့ ပိုတူတယ်။ game ဆော့တာ ဆိုတာထက် အားကစားဆန်တယ်… ဆော့ရတာ ပင်ပန်းတယ်.. ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရတာတော့ မိုက်တယ်… Tiget Wood Golf ကတော့ တော်တော်မိုက်တယ်… အားတွေ လွှဲချက်တွေ…. လေတိုက်နှုန်းတွေ… curve တွေပါ တွက်ပြီး ရိုက်ရတယ်… အဲဒါလေးကို အရမ်းကြိုက်တယ်ဗျာ…
-
Zawgyi Normaliztion နဲ့ Syllable Breaking PHP source code ကို http://code.google.com/p/zgnorsb/ မှာ ရယူနိုင်ပါတယ်။ နောက်အားရင် ဘယ်လိုလုပ်ထားတယ်ဆိုတဲ့ နည်းပညာလေး ရေးပေးပါအုံးမယ်..
-
တော်တော်လေးကောင်းတဲ့ music player လေးပါ… winamp ထက်ကောင်းတယ်လို့ ထင်ရတယ်.. song quality ကတော့ itune ကိုမမှီဘူး.. ဒါပေမယ့် အခြား feature လေးတွေကတော့ မဆိုးဘူး.. ကြိုက်တာက သူ့ရဲ့ default theme လေးကိုပါ… အခုတလော AIMP လေးနဲ့ပဲ သီချင်းနားထောင်ဖြစ်နေတယ်.. http://www.aimp.ru/index.php?do=lang-en
-
တော်တော်လေးကို ဖတ်လို့ကောင်းတယ်ဗျာ.. ရယ်ရတာ အူလှိမ့်နေတာပဲ… မောင်စေတန်တောင် စနေထောင့်ကနေ တက်ထိုးလိုက်ရတယ်…. ရေရေလည်လည် ရယ်ရတယ်… ကိုပီဇီ အရေးအသား လန်ထွက်နေတာပဲ…. အဲလိုကောင်းကောင်းလေးတွေ ရေးတတ်တယ်… အဲဒီအထဲက တစ်ပိုင်းလေးပဲ တင်လိုက်မယ်… :) တခြားအပိုင်းတွေတော့ သွားဖတ်လိုက်ကြပေါ့.. မောင်ပီဇီ – ဟိုင်း ကိုဒီဘီရေ … ကျွန်တော်တို့ ဒီနေ့ တင်ဆက်မယ့် အစီအစဉ်က လက်ဝှေ့အထူးစိန် ခေါ်ပွဲကြီးဆိုပါလားဗျ … ဒီလိုလက်ဝှေ့ပွဲကြီး မစခင်မှာ ကျွန်တော်တို့က ပျော်တော်ဆက်ရ မယ်မဟုတ်လားဗျာ … (ဗေ ပေါင် ထီး ပေါင် ထီ ထီ၊ ဗေ ပေါင် ထီး ပေါင် ထီ ထီ) မောင်ပီဇီ – အာ ကိုဒီဘီကတော့ လုပ်ပြီ…
