saturngod
-
ကဲ.. google ebook တွေကို pdf အနေနဲ့ download ရပြီတဲ့ဗျာ။ စမ်းတော့ မစမ်းရသေးဘူး။ ခဏနေရင် စမ်းကြည့်မယ်။ အခုမှ download ဆွဲမလို့။ google ebook တွေကို အလကားရရင်တော့ ရေလည်မိုက်ပြီ။ အဲမှာ တန်ဖိုးရှိတဲ့ စာအုပ်တွေ အများကြီးပဲဗျ။ http://www.codeplex.com/GoogleBookDownloader အဲဒါလေးနဲ့ ဆွဲလို့ရပါပြီဗျာ။
-
အသစ်ထွက်တော့ စမ်းကြည့်လိုက်တော့ ထူးထူးခြားခြားမတွေ့ဘူးဗျ။ ဒါနဲ့ online မှာ ရှာပြီး ဖတ်ကြည့်လိုက်တော့ သူက safari 4 ထက်မြန်အောင် လုပ်ထားတယ်ဆိုတာပဲ တွေ့တယ်။ ဘာမှ ထူးထူးခြားခြားမပြောင်းသွားသလိုပဲ…. http://www.filehippo.com/download_google_chrome/ အဲမှာ download ချလို့ရပါတယ်ဗျာ..
-
တစ်ခါတစ်လေ ဘာလုပ်ရမယ်.. ဘာလုပ်သင့်လဲ… ဘယ်အခြေအနေက အဆင်ပြေဆုံးဖြစ်မလဲ… ဘာတွေ ဆက်လုပ်ရမလဲ… ဘာတွေ လုပ်လိုက်ရင် ပိုဆိုးသွားမလဲ… ဘယ်သူ့ဘက်မှာ ရှိရမလဲ.. ရွေးရကျပ်တဲ့အခြေအနေတွေ…. လုပ်ရကိုင်ရခက်တဲ့ အခြေအနေတွေ… ရှုပ်ရှက်ခက်နေတဲ့ အခြေအနေတွေ… ဘယ်လို ထိန်းချုပ်ရမလဲ… တစ်ယောက်တစ်မျိုး အကြံပေါင်းစုံထဲက… တစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်..
-
ပြီးခဲ့တဲ့နေ့တွေက Ubuntu ကို Customize လုပ်ပြီး live DVD တွေ ပြန်ထုတ်ဖို့ ကြိုးစားနေတာနဲ့ ၄ ရက်လောက် မအိပ်လိုက်ရဘူး။ တော်တော်လေးတော့ အတွေ့အကြုံရသွားတယ်။ လုပ်ရတဲ့အဆင့်တွေက အရမ်းလွယ်သွားပြီ။ ကျွန်တော်တို့ MZ ပွဲအတွက် DVD မှီအောင်တော့ ကြိုးစားနေတာပဲ။ ကိုရဲမြတ်သူ sponsor ပေးပေမယ့် ကျွန်တော် အတွေ့အကြုံမရှိတာကြောင့် တော်တော်နောက်ကျသွားတယ်။ Ubuntu ကို Customize လုပ်တုန်းက ပြသနာတွေက ၁။ Boot Image ဘယ်လိုလုပ်မလဲ။ ၂။ Login Screen (GDM Theme) ဘယ်လိုလုပ်မလဲ။ ၃။ ISO ကို ဖြည်ပြီး စိတ်ကြိုက် file တွေ package တွေ ထည့်ပြီး boot…
-
မင်းက ငါ့ထက် ငယ်မယ်ထင်လို့ ညီလို့ခေါ်လိုက်တာပါ။ မင်းအဖွဲ့သားတွေကတော့ ငါ့ထက်ကြီးရင် ကြီးမယ်။ ရွယ်တူဖြစ်ရင် ဖြစ်ကောင်းဖြစ်မှာပေါ့။ မင်းတို့အဖွဲ့လည်း ဒီနေ့ တော်တော်ပင်ပန်းသွားရှာမှာပါ။ မင်းတို့စက်တွေကော အဆင်ပြေရဲ့လား။ တော်တော်လေးလည်း run လိုက်ရသေးလား။ အစ်ကိုထင်သလောက် မင်းတို့ စက်တွေဘာမှဖြစ်လောက်မှာ မဟုတ်ပါဘူး။ မင်းတို့တွေ server တစ်ခုခုကို host လုပ်ပြီး လုပ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။ အစ်ကိုလည်း log တွေဖတ်ပြီးပြီ။ ဘယ် IP တွေ ဘယ်လိုလုပ်လဲဆိုတာလည်း ကြည့်ပြီးပြီ။ အစ်ကိုတော့ ဒေါသမထွက်တော့ပါဘူးကွာ။ ဒေါသထွက်လည်း ထူးလာမှာမှ မဟုတ်တာ။ အရင်ကတော့ မင်းတို့အပေါ် တော်တော်လေး ဒေါသထွက်မိတယ်။ ဒါလေးလုပ်တာကို မင်းတို့ ဂုဏ်ယူနေရသလားဆိုပြီးတော့။ နောက်တော့လည်း မင်းတို့ ငယ်သေးတာကြောင့်လည်းဖြစ်နိုင်တယ်။ မင်းတို့မှာ ပညာမရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိဘတွေနဲ့…
-
MZ နှင့် MMEnglish ကို ခဏပိတ်ထားပါတယ်။ Dos ကြောင့် database connection မရတော့သောကြောင့်ဖြစ်သည်။ မြန်မာ IP ပိတ်ပြီး ပြန်စမ်းဖွင့်သော အခါ ပြန်ရပါသည်။ သို့သော် ရေရှည်မခံ။ နာရီ ဝက်တွင် freedom IP နဲ့ ဝင်ရောက်လာခဲ့သောကြောင့် connection ပြတ်တောက်ရပြန်သည်။ ထို့ကြောင့် အချို့ချို့သော မြန်မာများကြောင့် ခဏပိတ်ထားပါသည်။ ပြန်ဖွင့်မည် အချိန်ကိုမူ မသိရသေး။ အဘယ့်ကြောင့်ဆိုသော် Grid Processing Unit သည် အလုံး ၁၀၀၀ သာ အသုံးပြုခွင့်ရှိသည်။ ယခု အလုံး ၇၇၁ အထိ ရောက်ရှိနေပြီ။ ၂ နာရီအတွင်း ၇၇၀ မှ ၇၇၁ သို့ကူးပြောင်းသွားသည်။ ထို့ကြောင့် ၁၀၀၀…
-
ဒီနှစ်တော့ Bill Gate အဆင့် ၃ ကနေ ၁ ဖြစ်သွားပါပြီဗျာ။ ဒါပေမယ့် billion 40 လေးပဲပိုင်ဆိုင်တော့တယ်။ မနှစ်ကထက် 18 billions ကျသွားတယ်။ ဒါပေမယ့် ဒီနှစ်က ထိပ်ဆုံးပဲ။ မနှစ်က အဆင့်သုံးရောက်သွားလို့ တော်တော်လေးကို ဝမ်းနည်းသွားတာ။ ဒီနှစ်မှပဲ ပြန်ပြီး အားရှိတော့တယ်။ computer သမားမို့လားမသိဘူး bill gate ၁ ဖြစ်နေမှ ပျော်တယ်ဗျ။ ဒီနှစ်တော့ ကံဆိုးခြင်းများစွာထဲက ကံကောင်းခြင်းပေါ့ဗျာ..
-
လူတွေကပြောတယ်.. စေတန်ဆိုတာ နတ်ဆိုးတဲ့… သူဘာကြောင့်ဆိုးလဲ… လူတွေမေးကြည့်ဘူးလား… လူတွေ လေ့လာဘူးလား… တစ်ခါတစ်လေ… လူတွေဖိအားကြောင့်… လူတွေက ဆိုးလာကြတယ်… အရောင်ပြောင်းလာကြတယ်.. ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်.. မူရင်းဘဝပျောက်ဆုံးပြီး… cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်.. လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်… လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်.. သူမှန်တယ်.. ငါမှန်တယ်နဲ့… ရှုံးနိမ့်သူက လူဆိုးပဲ… သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ… ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်… သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ… သူငယ်ချင်းတစ်ယောက်ပြောတယ်… ပြိုင်ငြင်းမနေနဲ့… ဘယ်သူမှန်တယ်ဆိုတာထက်.. ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်… နိုင်တဲ့လူက မှန်တာပဲ… နိုင်တဲ့လူထဲမှာ သမိုင်းပဲ… အမှန်တရား… စာနာနားလည်ချင်း… ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်… ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား.. ကိုယ့်အမြင်ကသာ အမှန်တရား.. အင်အားတောင့်သူကသာ အမှန်တရား..…
