saturngod
-
rm -fr ~/.bash_history ln -s /dev/null ~/.bash_history Your history will be available in ram for each bash session, but will be gone once you log out. ((http://ubuntuforums.org/archive/index.php/t-267950.html))
-
မအိပ်ရတာ ၄ ရက်ရှိပြီ… ဒီနေ့လည်း အိပ်ရမယ် မထင်ဘူး.. MZ ပွဲအတွက် DVD လုပ်နေတာ မပြီးသေဘူး… MZ site တစ်ခု offline လွယ်လွယ်ကြည့်လို့ရအောင် Ubuntu နဲ့ boot တက်မလို့ လုပ်နေတာ… နောက်ဆုံး ရခါနီးမှ… Ubuntu က boot မတက်လာတော့ဘူး… မီးချောင်းလည်း ကျွမ်းနေပြီ… အမှောင်ထဲမှာ မမြင်မစမ်းနဲ့ပဲ… Ubuntu အခွေပြန်ရှာရအုံးမယ်… :D ပြီးရင် အစကနေ ပြန်စရအုံးမှာလား… :( အခုတော့ ၃ နာရီ ထိုးနေပြီ…
-
အော်… စီးပွားဖြစ်…. ပူးပေါင်းခြင်းက နတ္ထိ…. ကူညီမှုက ပါးစပ်ဖျား… အလကားဆို ထိပ်ဆုံးက…. လိုင်စင်တွေ ဘေးဖယ်ထား… ငါလုပ်တာ ငါပိုင်တာ… အမြဲအော်တတ်တယ်….
-
လူတွေက Linux ဆိုတာကိုပဲ သိကြတယ်။ ဒါပေမယ့် Ubuntu လို့ပြောလိုက်ရင် ဘာမှ မသိကြဘူး။ အဲလိုပဲ Mandriva , Fedora စတာတွေပြောလည်း မသိကြပါဘူး။ Ubuntu က Linux လို့ရှင်းလိုက်ရင် Fedora က အခြား OS ကြီးလား ဖြစ်သွားကြပြန်ကော။ အမှန်တိုင်းဆိုရင်တော့ Ubuntu, Fedora, Mandriva စတာတွေက distro တွေပါ။ Linux kernel ကို အသုံးပြုထားတဲ့ distro တွေပေါ့။ ဒါဆို ဘာလို့ distro ဒီလောက် အများကြီးဖြစ်နေရတာလဲ။ ဘယ် distro ကို သုံးသင့်လဲ။ ဘာကြောင့် အဲဒီ distro ကိုသုံးရလဲ။ မေးခွန်းတွေက အများကြီးပဲဗျ။ Linux ကို…
-
မနေ့က OC ပွဲမှာ အသိတစ်ယောက်က ဇော်ဂျီက မိုင်မြန်မာကို ရောင်းလိုက်တာ ဟုတ်လားတဲ့… အစကတော့ နည်းနည်းကြောင်သွားတယ်… ပြီးတော့ သူက ဆက်ပြောတယ်… Computer Journal မှာ ပါတယ်လေဆိုတော့… ဟာ..မဟုတ်ပါဘူးဗျာ… ဇော်ဂျီက ရောင်းတာ မှမဟုတ်တာ… လုပ်ပိုင်ခွင့်တွေ ကို ဘယ်သူ့ကိုမှ လည်းမပေးပါဘူးဗျာ.. ဇော်ဂျီက ကျွန်တော် သိသလောက်တော့ မည်သူ မဆို လွှတ်လပ်စွာ သုံးစွဲနိုင်သည်။ မည်သူ မဆို လွှတ်လပ်စွာ မိမိ၏ product များတွင် အသုံးပြုနိုင်သည်။ လုပ်ပိုင်ခွင့်တွေကိုတော့ ရောင်းတာတော့ ဇော်ဂျီဘက်က မကြားမိပါဘူ…. ဒါနဲ့ alpha က ကိုရဲမြတ်သူ နဲ့ ဖုန်းပြောတော့ မေးလိုက်တော့… မရောင်းပါဘူးတဲ့…
-
ဒီနေ့တော့ web text service ကို wordpress အတွက်လုပ်ထားတာလေး တင်လိုက်တယ်။ http://www.mysteryzillion.org/webtext/wordpress_webtext.zip အဲဒီ zip file ကိုဖြည်လိုက်.. wordpress folder ထဲက addform.php ကို yourdomain.com/ သို့မဟုတ် blog ရဲ့အောက်မှာပေါ့… ကျွန်တော်ဆို saturngod.net ဖြစ်တဲ့အတွက် saturngod.net/addform.php ဆိုပြီး ခေါ်လို့မှာပေါ့… နောက်ထပ် အဆင့်အနေနဲ့ကတော့ Admin -> Apparance -> Editor -> comment.php မှာ <input id=”submit” class=”button” name=”submit” type=”submit” value=”Submit Comment” tabindex=”5″ /> ကိုရှာ ပြီးရင် အဲဒီ အောက်မှာ <input onclick=”window.open(‘http://www.mysteryzillion.org/webtext/webtext.php?url=’ + escape(document.location.href),’WebTextEdtior’,’resizable=yes,width=1200,height=500′)”…
-
အခု web text editor service ကို စမ်းထားတယ်ဗျ။ အခုတော့ ကျွန်တော့် blog comment ပိုင်းမှာ ထည့်ထားတယ်။ အခုတလော မအားသေးလို့ဗျာ.. လုပ်စရာတွေလည်း ရှိသေးတယ်… MZ ပွဲအတွက်လည်း လုပ်ရမယ်… အခြား ပိုက်ဆံ ရမယ့်ဟာတွေကိုလည်း လုပ်ရမယ်… အခုတော့ ပိုက်ဆံမရှိလို့ တော်တော်လေးကို အဆင်မပြေတွေဖြစ်နေတယ်.. အိမ်ကလည်း ပြောပေါင်းများပြီ… ကျောင်းတုန်းကလို လုပ်ချင်တာ လုပ်တဲ့အရွယ်မဟုတ်တော့ခက်သား… ကဲဗျာ.. MZ ပွဲအတွက် နည်းနည်းလေး လုပ်ရအုံးမယ်ဗျာ… အားရင်တော့ web text service လေးအကြောင်း ရေးပါအုံးမယ်.. အခုတော့ တော်တော်အဆင်ပြေတယ်..
