saturngod

  • အခုတလော ornagai မှာ add လိုက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ နောက်ပြီး Ubuntu မှာ stardict သုံးပြီးတော့ English Myanmar Dictionary စမ်းနေတာလည်း အဆင်ပြေသွားပြီ။ အခု Web Text Editor Version အသစ်စမ်းနေတာ။ အဲဒါကတော့ မရသေးဘူး။ အခု Version အသစ်မှာ အခြား project တွေကပါ ယူသုံးလို့ရအောင်ပေါ့။ အခု MZ မှာတော့ စမ်းသုံးထားတယ်။ ကျွန်တော့် blog မှာလည်း စမ်းထည့်ထားတယ်။ အခုဟာက service မဟုတ်ပဲ တိုက်ရိုက်ခေါ်သလိုဖြစ်နေတယ်။ ဒါကြောင့် service အနေနဲ့ ပြန်ပြောင်းရအုံးမယ်။ PHP file run လို့ရတဲ့ hosting တွေမှာဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။ အခုလက်ရှိ…

  • Chrome နဲ့ Youtube ကို ကြည့်တာ မြန်တယ်ဆိုလို့ ဒီနေ့ youtube ကို chrome နဲ့ ဖွင့်ကြည့်ပါသေးတယ်။ ဒါပေမယ့် We,soory ဆိုတာပဲ တက်တက်လာတယ်။ ဘယ်တစ်ခုမှ ဖွင့်လို့မရဘူး။ ဒါနဲ့ တစ်ခုခုတော့ တစ်ခုခုပဲ။ သူများတွေ ဖွင့်လို့ရတယ်။ ငါတော့ ဖွင့်လို့မရဘူး။ ဒီတော့ ဟိုကလိ ဒီကလိ လုပ်လိုက်တော့ တွေ့ပါပြီဗျာ။

  • အခုတလော ကံဆိုးခြင်းများအပြင် စိတ်ပျက်ဖွယ်ရာ ကံဆိုးမှုတွေ ခဏခဏ ကြုံနေရတယ်။ တစ်ခါတစ်လေ ဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ ကျွန်တော့် ကိစ္စတွေကို ကျွန်တော် အရင်ဖြေရှင်းအုံးမယ်။ ပြီးမှပဲ အခြားသူကိစ္စတွေ မျှဝေတာတွေ လုပ်နိုင်တော့မယ်။ ကိုယ့်ဗိုက်ပြည့်မှပဲ အခြားသူဗိုက်ကို ဖြည့်ပေးတတ်တာ လူ့ဘဝပါလားနော်…. ကျောင်းသားဘဝနဲ့ မတူတော့ဘူ… ကျောင်းသားဘဝက လူမှုရေး ၊ ငွေကြေး ၊ ပညာရေးဆိုတာတွေကို ဂရုမစိုက်ပဲ ရပ်တည်နိုင်တယ်။ ကျောင်းပြီးတော့ ကိုယ့်ဘဝ ကိုယ်ကျောင်းတဲ့အခါ အရင်ကလို လွတ်လပ်စွာမနေနိုင်တော့ဘူး။ ဘဝရဲ့ တာဝန်တွေ လူမှုရေးတွေ ပညာရေးတွေ အဓိကတော့ စီးပွားရေး စတာတွေ ပါဝင်လာပြီ။ တစ်ခုခုအဆင်မပြေတာနဲ့ တခြားကိစ္စတွေကို လှည့်မကြည့်နိုင်တော့ဘူး။ ကျွန်တော် အကုန်လုံးအဆင်ပြေရင်တော့ ပြန်လာခဲ့မယ်ဗျာ…

  • ornagai ကို ကျွန်တော် ရေးနေတာ ကြာလှပြီ။ 14 ရက်နေ့ အပြီးတင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတင်ဖြစ်လိုက်ဘူး။ နောက် ၁၆ ရက်နေ့လောက်တော့ error တွေ အများကြီးတွေ့လိုက်တယ်။ 19 ရက်နေ့တော့ အကုန်လုံးနီးပါးပြီးသွားတယ်။ ၂၀ရက်နေ့ကတော့ design တွေပြန်ပြင်လိုက်တယ်။ ၂၀ ရက်နေ့ ညတော့ တင်လိုက်နိုင်တယ်။

  • opensearch ဆိုတာကတော့ firefox မှာ အပေါ်ညာဘက်မှာ ပါတဲ့ searchbox လေးကို ပြောတာပါ။ အခု ကျွန်တော့် blog ကို တစ်ခါတည်း လာစရာမလိုပဲ ရှာလို့ရအောင် opensearch ထည့်ထားတယ်။ အဲဒီ ညာဘက် ထောင့်လေး လင်းနေတာကို တွေ့မယ်။ လုပ်ရတာလွယ်လွယ်လေးပါ။ အရင်ဆုံး notepad အရင်ဖွင့်ဖို့လိုတယ်။ opensearch.xml နဲ့သိမ်းလိုက်ပါ။ ပြီးရင်

  • mmhan comment ပေးတာနဲ့ ကျွန်တော့် download page ကို ပြန်ကြည့်တော့ link တွေလိုနေသေးတာရှိတယ်။ ဒါနဲ့ upload တင်တာတင် အသစ်ထည့်တာထည့်နဲ့ပေါ့။ တချို့ စာအုပ်တွေကိုတော့ upload မတင်ရသေးဘူး။ နောက်မှ connection ကောင်းတဲ့အချိန်မှ ထပ်တင်တော့မယ်။

  • ကျွန်တော် ဒီနေ့ Rome, France , Sydeny စတဲ့ မြို့တွေ ရောက်ပြီးပြီ။ ကျွန်တော် တစ်ရက်တည်းနဲ့ အဲဒီ မြို့တွေသွားတာ passport , visa မလိုဘူး။ လေယာဉ်ခလည်းကုန်ဘူး။ ဒါပေမယ့် မြို့ကလူတွေနဲ့ စကားမပြောဖြစ်ဘူး။ ပြောလို့မှ မရတာကို။ ကျွန်တော် က google earth street view နဲ့ သွားလိုက်တာကိုး…