saturngod

  • အခု project တစ်ခုအတွက် Mootools မသုံးပဲ jquery ပြောင်းသုံးမလို့လုပ်နေတယ်။ ကျွန်တော်က ပုံမှန် mootols သုံးနေကြပဲလေ။ သူကလွယ်တယ်။ ရေးရတာမြန်တယ်။ နောက်ပြီး demo လေးတွေကနေ အသုံးပြုလို့ရတယ်။ mootools ကိုတော့ လေ့လာဖြစ်တာကြာပြီ။ တချို့ code တွေကို google ကနေရှာပြီး ပြန်ပြင်ရေးနေကြ။ အခုတော့….

  • Twitter ဆိုတာ web 2.0 system တစ်ခုလို့ဆိုလို့ရပါတယ်။ ဘဝမှာ ခဏခဏ ကြုံရပါတယ်။ online ပေါ်မှာ အခုတလော ဘာလုပ်နေလဲ။ တစ်ယောက်မေးရင် ဖြေနိုင်တယ်။ လူတွေ တစ်ယောက်ပြီး တစ်ယောက်မေးတော့ လက်ညောင်းလာပါတယ်။ အဲဒီအတွက် ကျွန်တော်က twitter သုံးပါတယ်။ ဘာလုပ်နေလဲမေးရင် twitter လိပ်စာလေးပေးလိုက်ပါတယ်။ အဲဒီမှာ ကိုယ်ဘာလုပ်နေလဲဆိုတာကို follow လုပ်ပြီး စောင့်ကြည့်နိုင်တယ်လေ။ ကိုယ့်သူငယ်ချင်းတွေ ဘာလုပ်နေလဲဆိုတာကိုလည်း စောင့်ကြည့်နိုင်တယ်။ ဒါတောင် မကဘူး steve job တို့ , google တို့တောင် twitter ကို အသုံးပြုကြပါတယ်။ သတင်းဌာနတွေ company တွေလည်း သုံးကြတယ်။ သတင်းဌာနက သတင်းထောက်တွေ သုံးထားတာကို လိုက်ထားခြင်းဖြင့် သတင်းထက် ပိုမြန်တဲ့…

  • တော်တော်လေး မူးနောက်သွားတယ်ဗျာ။ ဆိုးဝါးတာက excel 2007 ပဲ။ excel မှာ လုပ်ထားတဲ့ဟာတွေကို mysql ထဲ ထည့်ချင်တယ်။ ရှာတယ်။ မရဘူး။ ဒါနဲ့ csv ပြောင်းဖို့လုပ်တယ်။ အဲမှာ excel ကို တော်တော် ညစ်သွားတာ။ UTF-8 မပြောင်းပေးဘူးလေ။ အဲမှာသိလိုက်ပြီ။ ဆက်ကြိုးစားလို့မဖြစ်တော့ဘူး။ ဒါနဲ့ Openoffice.org ကနေ csv ပြောင်းတော့ အဆင်ပြေသွားတယ်။ ဟိုရှာ ဒီရှာနဲ့ mysql> LOAD DATA LOCAL INFILE ‘/host/Users/saturngod/Project/dictionary.csv’ INTO TABLE dblist FIELDS TERMINATED BY ‘,’ ENCLOSED BY ‘”‘ LINES TERMINATED BY ‘\n’; အဲလိုလေး…

  • 2008 ခုနှစ်အတွက် မြန်မာနိုင်ငံမှာ လူအကြည့်များဆုံး website ၂ ခု ရှိခဲ့ပါတယ်။ အဲဒီ website နှစ်ခုကတော့…..

  • ကျွန်တော်တို့တွေအနေနဲ့ windows Vista မှာဆို shift+ right click လုပ်လိုက်ရုံနဲ့ command prompt here ဆိုပြီးပေါ်လာတယ်။ XP မှာဆိုရင်တော့ ဒီမှာ ဖတ်ပြီး လုပ်လိုက်ရင် ပေါ်လာတယ်ဗျ။ အဲ… Ubuntu မှာ မရလို့ စိတ်ညစ်နေလား။ ရပါတယ်ဗျာ။ ကျွန်တော် သုံးနေတာတော့ ကြာပြီ။ ပြောပြဖို့မေ့နေလို့ဗျ။ ကျွန်တော်က ဒါလေးသွင်းလိုက်တယ်လေ။. $sudo aptitude install nautilus-open-terminal အဲဒါဆို အရမ်းအဆင်ပြေတယ်ဗျ။ cd , cd တွေနဲ့ အဆင့်ဆင့် သွားနေစရာမလိုဘူးလေ။ တော်တော်လေးကို အဆင်ပြေပြီး Ubuntu ကို သုံးရတာ ပိုကောင်းလာတယ်။

  • အခု satubuntu ဆိုပြီး စမ်းဖို့ရှိတယ်။ default အနေနဲ့ ဘာတွေ သွင်းထားတာလိုချင်လဲ။ လက်ရှိကတော့ စာစီစာရိုက်အတွက် — OpenOffice ကလေးတွေအတွက် — TuxPaint Picture အတွက် — Picasa ( မူရင်း Fspot ကိုဖြုတ်သင့်မသင့် စဉ်းစားဆဲ ) Music Player အတွက် — Exaile ( မူရင်း rhythmbox ကို ဖြုတ်လိုက်ပါသည် ) Video Player အတွက် — VLC ( မူရင်း movie player မဖြုတ်ပါ ) IM — Empathy ( မူရင်း pdigin ကို ဖြုတ်လိုက်ပါသည်…

  • Ubuntu ကို ကျွန်တော့် စက်ထဲမှာ သွင်းထားတာတွေက အများကြီးပဲ။ ဒီလောက်များတဲ့ package တွေကို နောက်တစ်ခေါက်ပြန်သွင်းဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် backup လုပ်ထားဖို့လိုပါတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေကို ပေးမယ်ဆိုလည်း ရတယ်လေ။ aptoncd နဲ့စမ်းသုံးသေးတယ်။ မရဘူး။ သူ့မှာက error များတယ်။ package တွေများလာရင် သူ့အလိုလို ပိတ်သွားတာများတယ်။ ဒါကြောင့် ဒီလို လုပ်ပါတယ်။ ((http://ubuntuforums.org/showthread.php?t=819396))

  • ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။