saturngod

  • အခု satubuntu ဆိုပြီး စမ်းဖို့ရှိတယ်။ default အနေနဲ့ ဘာတွေ သွင်းထားတာလိုချင်လဲ။ လက်ရှိကတော့ စာစီစာရိုက်အတွက် — OpenOffice ကလေးတွေအတွက် — TuxPaint Picture အတွက် — Picasa ( မူရင်း Fspot ကိုဖြုတ်သင့်မသင့် စဉ်းစားဆဲ ) Music Player အတွက် — Exaile ( မူရင်း rhythmbox ကို ဖြုတ်လိုက်ပါသည် ) Video Player အတွက် — VLC ( မူရင်း movie player မဖြုတ်ပါ ) IM — Empathy ( မူရင်း pdigin ကို ဖြုတ်လိုက်ပါသည်…

  • Ubuntu ကို ကျွန်တော့် စက်ထဲမှာ သွင်းထားတာတွေက အများကြီးပဲ။ ဒီလောက်များတဲ့ package တွေကို နောက်တစ်ခေါက်ပြန်သွင်းဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် backup လုပ်ထားဖို့လိုပါတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေကို ပေးမယ်ဆိုလည်း ရတယ်လေ။ aptoncd နဲ့စမ်းသုံးသေးတယ်။ မရဘူး။ သူ့မှာက error များတယ်။ package တွေများလာရင် သူ့အလိုလို ပိတ်သွားတာများတယ်။ ဒါကြောင့် ဒီလို လုပ်ပါတယ်။ ((http://ubuntuforums.org/showthread.php?t=819396))

  • ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။

  • ဟိုးအရင်တုန်းက digg တို့ StumbleUpon တို့ သုံးဖူးတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မကြိုက်တော့ နောက်ပိုင်းမသုံးဖြစ်တော့ဘူး။ အခု မြန်မာလူငယ် ထူးတေဇာ လုပ်ထားတဲ့ ဟန်လင်းကတော့ မြန်မာလုပ်ထားတာကတစ်ကြောင်းလူခြင်းရင်းနှီးတာက တစ်ကြောင်း နောက်ပြီးတော့ လုပ်မယ့်လုပ် အောင်မြင်အောင်လုပ်ဆိုပြီး အားပေးချင်တာက တစ်ကြောင်း ဟန်လင်းကို သုံးဖြစ်တယ်။ အများအားဖြင့် သုံးဖြစ်တာကတော့ google bookmarks ပဲ။ သူကတော့ ရိုးတယ်။ ရှင်းတယ်။ vote တွေဘာတွေ မပါဘူး။ ကိုယ့် တစ်ယောက်တည်းအတွက်ပဲလေ။ ဒါကြောင့် အမြဲသုံးဖြစ်တယ်။ ဟန်လင်းကတော့ vote တွေပါတယ်။တေဇာကတော့ firefox အတွက် addon ရေးပြီးပြီတော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မရှည်တာနဲ့ ကိုယ်တိုင် bookmarks လေးလုပ်လိုက်တယ်။

  • ကျွန်တော် အခုလက်ရှိ Ubuntu မှာ ကျွန်တော် pidgin ကို မသုံးတော့ဘူးဗျ။ ဘာလို့လည်းဆိုတော့ at mysteryzillion.com ကို ဝင်လို့မရဘူးလေ။ နောက်ပြီးတော့ voice call လည်းမရတော့ မသုံးတော့ဘူးပေါ့။ အခုလက်ရှိသုံးနေတာက Empathy ။ Voice call ရတယ်။ နောက်ပြီးတော့ google app mail တွေလည်း အလုပ်လုပ်တယ်။ သူ့ကို သွင်းချင်ရင်တော့

  • ကျွန်တော် မနေ့ ဖုန်းပျောက်သွားတယ်ဗျာ။ တော်တော်လေးကို ညစ်သွားတာ။ ဘာမှလုပ်ချင်စိတ်ကို မရှိဘူးဖြစ်သွားတယ်။ ဖုန်းကို ဘယ်လိုခေါ်တာ ဘယ်သူမှ မကိုင်ဘူး။ သေချာတယ်။ ကျန်ခဲ့ပြီဆိုတာတော့။ ဒီနေ့ မနက် ၆ နာရီ လောက်တော့ ဖုန်းဆက်တယ်။ ဖုန်းကို လာယူဖို့အတွက် ဖုန်းဆက်တဲ့အခါ တော်တော်လေးကို လန့်သွားတယ်။ ဝမ်းသာသွားတယ်။ ဒါနဲ့ ချက်ခြင်း သွားလိုက်တယ်။ တကယ်ပဲ ပြန်ပေးတယ်ဗျာ။ နောက်ပြီး ဘာမှလည်း တောင်းဆိုမှုမရှိပဲ ပေးပြီးထွက်သွားတယ်။ ကျေးဇူး တကယ်တင်တယ်ဗျာ။ အဲ.. နောက်ပြီး ကျွန်တော်လည်း နာမည် ဘယ်သူလဲမေးဖို့မေ့သွားတယ်။ သူတို့လည်း လောလောနဲ့ ရုံးသွားစရာရှိသေးလို့ ဆိုပြီး ဘာမှတောင် ကောင်းကောင်းမပြောဖြစ်လိုက်ဘူး။ ဘာပဲပြောပြော မြန်မာနိုင်ငံမှာ အဲလို စိတ်ဓာတ်ကောင်းလေးတွေ အများကြီးရှိသေးတယ်။ တခြားလူတွေ ပြောနေသလို မြန်မာနိုင်ငံကလူတွေ…

  • Linux နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ resource တွေက တော်တော်ခက်ခဲပါတယ်။ Linux ဆိုတာ ဘာလဲ ? အဲဒီ မေးခွန်းကြီးက ခဏခဏ မေးခံထိပါတယ်။ MZ forum မှာတော့ ကျွန်တော်နဲ့ box02 အများကြီးဆွေးနွေးထားတာကို ဖတ်နိုင်ပါတယ်။ Linux ဆိုတာကို သိပြီ။ Linux နဲ့ ပတ်သက်တာတွေ ဘယ်မှာ ရနိုင်မလဲ။ အဲဒီအတွက် ကျွန်တော်တို့အတွက် အခက်အခဲတစ်ခု ဖြစ်လာပြီ။ Linux က Free လေ။ iso file ကို download ချလိုက်ရုံပဲလေ။ ဒါပေမယ့် CD တစ်ချပ် လောက်ရှိတာကို သာမန် အသုံးပြုသူတွေ ဘယ်လိုလုပ်ရမလဲ။ အဲဒီအတွက် ကျွန်တော်တို့တွေ Linux Resource Center, Myanmar…

  • ဘာမှတော့ မပြင်ထားပါဘူး။ pdf file အရင်က အပြည့်အစုံမပါလို့ ပြန်ပြင်ထားတာပါ။ download ကိုတော့ ဒီမှာ ချလိုက်ပါ။ လိုအပ်တာကတော့ terminal မှာ $su #rpm -i –force zawgyikb-1.1-1.i386.rpm ဆိုပြီး သွင်းရမယ်မယ်နော်။