saturngod

  • iTable ဆိုလို့ စိတ်ဝင်စားသွားတာ။ Apple က ထုတ်တာများလားပေါ့။ တကယ်တန်းတော့ PQ Labs iTablet ပါ။ MS surface ထက်သာတယ်ဗျာ။ အကျယ်ကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။ အောက်မှာကတော့ video လေးပါ။ Warcraft ကို ကစားပြသွားတာ မိုက်တယ်။ Mac ကော Windows နဲ့ကော အဆင်ပြေတယ်ဆိုတော့ တော်တော်ကောင်းတယ်ဗျ။

  • ရသွားပါပြီဗျာ။ ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ Menu မှာ Right Click နှိပ်။ ပြီးရင် Edit Menu ကိုသွား။ Programming > Quanta Plus ကိုသွား။ Properties က command မှာ gksu quanta %U ဆိုပြီးပြောင်းလိုက်တယ်လေ။ စမ်းကြည့်လိုက်အုံးမယ်ဗျာ….

  • အခုတလော gnome ကို သုံးရတာ အဆင်ပြေတယ်။ ဒါပေမယ့် အခုမှ ပြသနာစတာ။ code ပြီးလို့ design သွားမယ်ဆိုရင်တော့ လက်နဲ့ အကုန်ရေးရမယ့်ကိန်းပဲ။ WYSIWYG Editor တွေကလည်း ရှားတယ်။ PHP အတွက် nvu ကလည်း အလုပ်မလုပ်။ bluefish ကတော့လည်း WYSIWYG မပါ။ အခု Quanta ကိုသွင်းတော့ မရ။ သူက KDE အတွက်တဲ့။ အခု လေ့လာကြည့်တော့ KDE မှာ web အတွက် ကော အခြား program တော်တော်များများရှိတယ်။ bluefish က WYSIWYG မပါတော့ မသုံးချင်ဘူး။ စဉ်းစားနေရပြီ။ KDE ပဲပြောင်းရမလား… Gnome ပဲကောင်းလား။ KDE…

  • ကျွန်တော်တို့အနေနဲ့ ubuntu ကို backup လုပ်ချင်တယ်ဆိုရင်တော့ အရှေ့မှာ ကျွန်တော်ပြောခဲ့သလို လုပ်ရင်လည်းရပါတယ်။ တကယ်လို့ … မင်းမှာရှိတဲ့ ပုံစံအတိုင်းငါ့ကို လုပ်ပေးကွာလို့ ပြောလာရင်တော့ ခေါင်းစားရလိမ့်မယ်။ ဒါမှမဟုတ် live cd or dvd , ကိုယ်ပိုင် buntu တွေလုပ်ချင်ရင် အဆင့်တွေအရမ်းများတယ်ဗျာ။ အဲဒီလိုတွေအတွက် ကျွန်တော်ကတော့ remastersys ကို အသုံးပြုစေချင်တယ်။ ရိုးတယ်။ရှင်းတယ်။ လွယ်ကူတယ်။ ဘာအဆင့်တွေမှလည်း မပါဘူးလေ။ သူ့ကို သွင်းမယ်ဆိုရင်တော့

  • trash ထဲမှာ ကျွန်တော် permission မပြောင်းပဲနဲ့ ရောက်သွားတဲ့ folder ရှိတယ်ဗျ။ မဖျက်ပဲထားတာ တော်တော်ကြာပြီ။ ဖျက်လို့လည်းမရ။ နောက်ပြီးတော့ restore လည်းမရဆိုတော့။ ဒီနေ့တော့ ရှာလိုက်အုံးမယ်ဆိုပြီး ရှာလိုက်တော့ အဆင်ပြေသွားတယ်။ terminal ထဲမှာ $cd $cd ~/.local/share/Trash/files $sudo rm -fr * ဆိုပြီးလုပ်လိုက်တာ လုံးဝ trash ရှင်းသွားတယ်ဗျာ။ လူလည်း တော်တော်လေးကို ပေါ့သွားတာပဲ။ နောက်မို့ဆို Ubuntu ဖွင့်တိုင်း မကျေမနပ်ဖြစ်နေရတယ်။

  • ဒီနေ့ ရေးလက်စ project တစ်ခုမှာ စာလုံးတွေ ဖြတ်ထုတ်ဖို့ ပါလာတယ်။ id နဲ့ အမျိုးအစားခွဲဖို့လေ။ ဒါနဲ့ ဟိုစမ်းဒီစမ်းနဲ့ ရေးလို့ရသွားတယ်။ ထူးခြားတာက -2 ဆိုတာနဲ့ နောက်က စာလုံး ဖြုတ်ပေးလိုက်တာပဲ။ အဲဒါကို မသိလိုက်တာ။ googling လုပ်လိုက်လို့သိသွားတာ။ $time = “1234_sta”; $length = strlen($time); $characters = 3; $start = $length – $characters; $time1 = substr($time , $start ,$characters); $time2=substr($time,0,-4); echo $time1; echo “”; echo $time2;

  • Color Charge ကထုတ်ထားပေးတဲ့ JQuery Cheat Sheet ပါ။ တော်တော်လေးကောင်းတယ်။ ကျွန်တော် JQuery ရေးရင် အဲဒီ Cheat Sheet လေးကို သုံးပြီးရေးရတယ်။ နောက်ပြီးတော့ JQuery Reference ဆိုတဲ့စာအုပ်လေးနဲ့ တွဲသုံးရင် တော်တော်အဆင်ပြေတယ်ဗျ။

  • Jquery နဲ့ ajax ရေးတဲ့အခါမှာ loading ဆိုတာလေးပြဖို့အတွက်ပါ။ ကျွန်တော်တို့တွေအနေနဲ့ ajax loading လုပ်နေတဲ့အချိန်နဲ့ success ဖြစ်သွားတဲ့အချိန်အတွက် function ၂ ခု ရေးပေးရပါတယ်။ code ကတော့