saturngod

  • ဒီနေ့ egress ကျောင်းဆင်းပွဲကို သွားခဲ့တယ်။ ၅ နာရီ အမှီသွားရပေမယ့် ကိုကျော်ထွန်း တို့ရောက်နေလို့ စည်သူလှမ်းခေါ်တာနဲ့ Mr.Brown ကို အရင်သွားလိုက်တာ။ ဟိုမှာ လူတွေ တော်တော်စုံနေတာပဲဗျ။ ကိုငွေထွန်း ကိုမျိုးမင်းထူး အပါအဝင် တီလေးတို့ပါ ရှိနေတော့ အားနာပါနာနဲ့ မပြန်ဖြစ်ဘူး။ Unicode အကြောင်း  Wiki အကြောင်းတွေ တော်တော်လေး ပြောနေကြတာနဲ့ ပြီးကို မပြီးနိုင်တော့ဘူး။ ကျွန်တော်ကတော့ wiki ကိုတော့ သိပ်စိတ်မဝင်စားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ edu ကို အာရုံစိုက်နေရလို့ အားရင် edu ကို ပြီးအောင်ပဲ လုပ်ဖို့ စိတ်က ရှိနေတာလေ။ အဲ… ဒီနေ့ စကားပွဲမှာ စိတ်ဝင်စားစရာက Unicode 5.1 ကို သုံးသင့်ပြီလို့…

  • ကျွန်တော် သဘောကျနှစ်သက်တဲ့ Google Picasa ဟာ Ubuntu မှာလည်း သုံးလို့ရပါပြီ။ Windows မှာ Picture တွေ တက်လာသလိုတော့ မတက်ဘူးဗျ။ ဒါပေမယ့် Picasa ထဲဝင်ပြီးတော့ ဓာတ်ပုံတွေ ပြင်လို့ရတယ်။ resize လုပ်လို့ရတယ်။ နောက်ပြီး web နဲ့လည်း တွဲသုံးနိုင်တယ်လေ။ အဲဒါလေးသုံးလို့ရတာကို ကျေနပ်တာ။ အဲ.. keybaord input ကတော့ မြန်မာလို မရဘူးဗျ။ copy paste လုပ်ပြီး ထည့်နေရတာကတော့ မမိုက်ဘူး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ Windows သမားတွေသာမက Linux သမားတွေပါ သုံးသင့်တဲ့ phot editing software လေးဆိုလည်း မမှားပါဘူးဗျာ။ download ချမယ်ဆိုရင်တော့ http://picasa.google.com/linux/download.html မှာရယူနိုင်ပါတယ်။ DEB…

  • အခုတလော Ubuntu မှာ ကျွန်တော် software အသစ်လေးတွေ စမ်းသုံးဖြစ်တယ်ဗျ။ တော်တော်လေးကို ကောင်းမွန်တာပါ။ ရွေးရတာများလွန်းလှတဲ့ Ubuntu အတွက် software တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တော့ အကြိုက်တူမှာမဟုတ်ပေမယ့် ကျွန်တော် ကြိုက်မိတာလေးတွေ ဝေမျှလိုက်ပါတယ်။ Exaile Music Player ကျွန်တော် အရင်က KDE သုံးဖူးတယ်။ အဲတုန်းက Amarok ဆိုတဲ့ Player လေးကို GNOME မှာပါတဲ့ rhytmbox ထက်ပိုကြိုက်တယ်။ design ကလည်း သာတယ်လေ။ အခုတော့ ကျွန်တော့် စိတ်ကျေနပ်သွားရပါပြီ။ exaile ဆိုတာကတော့ amarok နဲ့ တော်တော်ဆင်တယ်။ သူ့ကို ကျွန်တော် rhytmbox ထက်ပိုသဘောကျပြီး လက်ရှိ အသုံးပြုနေပါတယ်။ သီချင်းတွေကို…

  • ဒီနေ့ မနက်မှ ကြည့်ဖြစ်တယ်။ wordpress အသစ်ပြောင်းပြီးသွားပြီဆိုတာနဲ့ Update လုပ်လိုက်တယ်။ အဲ.. အဲဒီမှာ ပြသနာ စတာပဲဗျ။ ကျွန်တော်က အရင်က admin drop down menu သုံးထားတယ်။ update လည်းလုပ်လိုက်ရော ပြသနာက စပါလေရော။ ဒါနဲ့ FTP ထဲဝင်ပြီး admin drop down ကို ဖျက်လိုက်ရတယ်။

  • ကျွန်တော် အရင်ကတည်းက virtual box အကြောင်းဖတ်ပြီး virtual box ကိုသုံးချင်နေတာ။ VMWare ကြီးကလေးလွန်းလို့ဗျာ။ ဒါနဲ့ အရင်တုန်းက virtual box ကို သွင်းမယ်ဆိုပြီး သူ့ offical website ကိုသွားပြီး download ချတာ မြန်မာနိုင်ငံမို့ ပိတ်တယ်တဲ့ဗျာ။ လူက ဘာပြောရမှန်းမသိဖြစ်သွားတယ်။ Virtual Box က SUN က ထုတ်တာဆိုတော့ မြန်မာနိုင်ငံက download ချလို့မရဘူးပေါ့။ ကျော်ခွပြီး download ချလည်း ကြာမှာပဲလေ။ နောက်တော့ Thailand connection ရတဲ့နေရာကနေ သူငယ်ချင်းတစ်ယောက် ဆွဲပေးလိုက်လို့ သူ့ offical site ကနေ download ချလို့ရသွားတယ်ဗျာ။ ဒါနဲ့ စသုံးဖြစ်တာပဲ။ စိတ်ကုန်နေတဲ့ VMWare…

  • အခုလက်ရှိ fedora ကနေ zawgyi နဲ့တင်လိုက်တာနော်။ မယုံမှာဆိုးလို့ ပုံလေးနဲ့ ပြထားလိုက်တယ်။ အဲ.. copy paste မဟုတ်ဘူးဗျ။ fedora အတွက် ကျွန်တော် အရင်က ubuntu က deb package ကနေ rpm ပြောင်းထားတာ။ ပြသနာတွေကတော့ အများကြီးပဲဗျ။ ဘယ်လောက်များလဲဆိုတာတော့ မမေးနဲ့။ သွင်းလို့ကို မရတာ။ ဘယ်ရမလဲဗျာ။ ကျွန်တော့်မှာက fedora လည်းမရှိ။ နောက်ပြီး fedora ရဲ့ command တွေမသိတာလည်းပါတယ်။ အခုမှ ပြန်ကြည့်မိတယ်။ အကုန်အမှားတွေအများကြီးပဲ။ အခုတော့ fedora 10 ကို VirtualBox နဲ့ run ပြီးတော့ keyboard ကို ပြန်လုပ်လိုက်တယ်။ နောက်ပြီး rpm package…

  • Fedora 10 CD လိုချင်သူများ ဖုန်း ဝ9၈0၂2၉3၉ ကို ဆက်သွယ်နိုင်ပါတယ်။ (ကျွန်တော့်ဖုန်းနံပတ်ပါ) ကျွန်တော့်မှာ ရနိုင်တဲ့ Linux တွေကတော့ Fedora 10 CD ( ISO ) Ubuntu 8.10 CD that include wubi ( ISO ) Ubuntu 8.10 DVD that not include wubi ( DVD အခွေလွတ်နဲ့ လာကူးနိုင်ပါတယ်။ Activemedia အခွေဆိုင်မှာလည်းဝယ်လို့ရပါတယ် ) BackTrack 3 ( ISO )

  • Adobe Air program လေးပါ။ ကျွန်တော်တို့ twitter ကို အသုံးပြုတဲ့လူတွေအတွက်တော့ သုံးလို့ကောင်းပြီး လှပတဲ့ program လေးပါ။ လိုအပ်တာကတော့ Adobe Air ပါ။ လှပတဲ့ Design လေးနဲ့ ကိုယ့်ကို reply ပြန်တာနဲ့ ကိုယ်က သူများကို reply လုပ်တာ။ ကိုယ်တင်ထားတာ စတာလေးတွေကို ခွဲပြီးပြထားပေးတယ်။ တကယ်လို့ စိတ်ဝင်စားတယ် သုံးကြည့်ချင်တယ်ဆိုရင်တော့  www.twhirl.org မှာ download ချနိုင်ပါတယ်။ အဲ… adboe air သွင်းထားဖို့တော့ လိုတယ်နော်။