saturngod

  • Linux နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ resource တွေက တော်တော်ခက်ခဲပါတယ်။ Linux ဆိုတာ ဘာလဲ ? အဲဒီ မေးခွန်းကြီးက ခဏခဏ မေးခံထိပါတယ်။ MZ forum မှာတော့ ကျွန်တော်နဲ့ box02 အများကြီးဆွေးနွေးထားတာကို ဖတ်နိုင်ပါတယ်။ Linux ဆိုတာကို သိပြီ။ Linux နဲ့ ပတ်သက်တာတွေ ဘယ်မှာ ရနိုင်မလဲ။ အဲဒီအတွက် ကျွန်တော်တို့အတွက် အခက်အခဲတစ်ခု ဖြစ်လာပြီ။ Linux က Free လေ။ iso file ကို download ချလိုက်ရုံပဲလေ။ ဒါပေမယ့် CD တစ်ချပ် လောက်ရှိတာကို သာမန် အသုံးပြုသူတွေ ဘယ်လိုလုပ်ရမလဲ။ အဲဒီအတွက် ကျွန်တော်တို့တွေ Linux Resource Center, Myanmar…

  • ဘာမှတော့ မပြင်ထားပါဘူး။ pdf file အရင်က အပြည့်အစုံမပါလို့ ပြန်ပြင်ထားတာပါ။ download ကိုတော့ ဒီမှာ ချလိုက်ပါ။ လိုအပ်တာကတော့ terminal မှာ $su #rpm -i –force zawgyikb-1.1-1.i386.rpm ဆိုပြီး သွင်းရမယ်မယ်နော်။

  • Fedora ကို စသုံးတုန်းက ဘာမှန်းမသိဘူး။ Ubuntu သမားဆိုတော့ Ubuntu ကလို File Manager ကမတူတော့ဘူး။ Folder တစ်ခုဖွင့်လိုက်ရင် New Windows ကြီးတက်တက်လာတယ်။ တော်တော်စိတ်ပျက်ဖို့ကောင်းတာ။ ကြာလာတော့ ရှုပ်ထွေးကုန်တယ်။ နောက်ပြီး Address bar လည်းမပါဘူး။ တစ်နေရာကို သွားဖို့အတွက် အဆင့်ဆင့်သွားနေရတယ်။ Ubuntu မှာလို Address bar မှာရိုက်ထည့်ပြီးသွားလို့ရရင် အဆင်ပြေမယ်။ Ubuntu လည်း Nautilus ပဲ။ Fedora လည်း Nautilus ပဲ။ ဒါပေမယ့် ဘာလို့ ပုံစံမတူလည်းဆိုတာကိုတော့ မသိဘူး။ ဒါနဲ့ ကလိ ကြည့်လိုက်တော့ တွေ့ပါတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲဆိုတာတော့

  • RPM package လုပ်ရန်အတွက် အရင်ဆုံး terminal ကိုသွားပါ။ terminal တွင် $su ပြီးလျှင် password ထည့်လိုက်ပါ။ အဲဒီအခါ root user ဖြစ်သွားပါလိမ့်မယ်။ # yum groupinstall “Development Tools” ပြီးတဲ့အခါမှာတော့ # yum install rpmdevtools ပြီးတဲ့အခါမှာတော့ root ကနေ exit ထွက်လိုက်ပါ။ #exit $ rpmdev-setuptree rpm အတွက် tree ဆောက်တဲ့အခါမှာတော့ သင့် user နဲ့ပဲ ဆောက်မှ ဖြစ်ပါမယ်။ root user အနေနဲ့ ဆောက်လို့မဖြစ်ပါဘူး။ ကဲ.. လိုအပ်တာတွေ တော့ သွင်းပြီးပြီ။ RPM ကို စပြီး Build…

  • Making Deb Package မှာရေးထားတာကို လက်တွေ့ လုပ်တာမရဘူးဆိုတဲ့ သူတွေအတွက် deb build မလုပ်ထားတဲ့ package ကို ဒီမှာ download ယူနိုင်ပါတယ်။ ပြီးမှ လေ့လာကြည့်ပေါ့။ control file တွေ မှားနေရင် မရတတ်ဘူးလေ။ ဒီမှာ (Click Here For Download ) ကတော့ build လုပ်ပြီးသား Package ပေါ့။

  • ဒီနေ့ egress ကျောင်းဆင်းပွဲကို သွားခဲ့တယ်။ ၅ နာရီ အမှီသွားရပေမယ့် ကိုကျော်ထွန်း တို့ရောက်နေလို့ စည်သူလှမ်းခေါ်တာနဲ့ Mr.Brown ကို အရင်သွားလိုက်တာ။ ဟိုမှာ လူတွေ တော်တော်စုံနေတာပဲဗျ။ ကိုငွေထွန်း ကိုမျိုးမင်းထူး အပါအဝင် တီလေးတို့ပါ ရှိနေတော့ အားနာပါနာနဲ့ မပြန်ဖြစ်ဘူး။ Unicode အကြောင်း  Wiki အကြောင်းတွေ တော်တော်လေး ပြောနေကြတာနဲ့ ပြီးကို မပြီးနိုင်တော့ဘူး။ ကျွန်တော်ကတော့ wiki ကိုတော့ သိပ်စိတ်မဝင်စားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ edu ကို အာရုံစိုက်နေရလို့ အားရင် edu ကို ပြီးအောင်ပဲ လုပ်ဖို့ စိတ်က ရှိနေတာလေ။ အဲ… ဒီနေ့ စကားပွဲမှာ စိတ်ဝင်စားစရာက Unicode 5.1 ကို သုံးသင့်ပြီလို့…

  • ကျွန်တော် သဘောကျနှစ်သက်တဲ့ Google Picasa ဟာ Ubuntu မှာလည်း သုံးလို့ရပါပြီ။ Windows မှာ Picture တွေ တက်လာသလိုတော့ မတက်ဘူးဗျ။ ဒါပေမယ့် Picasa ထဲဝင်ပြီးတော့ ဓာတ်ပုံတွေ ပြင်လို့ရတယ်။ resize လုပ်လို့ရတယ်။ နောက်ပြီး web နဲ့လည်း တွဲသုံးနိုင်တယ်လေ။ အဲဒါလေးသုံးလို့ရတာကို ကျေနပ်တာ။ အဲ.. keybaord input ကတော့ မြန်မာလို မရဘူးဗျ။ copy paste လုပ်ပြီး ထည့်နေရတာကတော့ မမိုက်ဘူး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ Windows သမားတွေသာမက Linux သမားတွေပါ သုံးသင့်တဲ့ phot editing software လေးဆိုလည်း မမှားပါဘူးဗျာ။ download ချမယ်ဆိုရင်တော့ http://picasa.google.com/linux/download.html မှာရယူနိုင်ပါတယ်။ DEB…

  • အခုတလော Ubuntu မှာ ကျွန်တော် software အသစ်လေးတွေ စမ်းသုံးဖြစ်တယ်ဗျ။ တော်တော်လေးကို ကောင်းမွန်တာပါ။ ရွေးရတာများလွန်းလှတဲ့ Ubuntu အတွက် software တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တော့ အကြိုက်တူမှာမဟုတ်ပေမယ့် ကျွန်တော် ကြိုက်မိတာလေးတွေ ဝေမျှလိုက်ပါတယ်။ Exaile Music Player ကျွန်တော် အရင်က KDE သုံးဖူးတယ်။ အဲတုန်းက Amarok ဆိုတဲ့ Player လေးကို GNOME မှာပါတဲ့ rhytmbox ထက်ပိုကြိုက်တယ်။ design ကလည်း သာတယ်လေ။ အခုတော့ ကျွန်တော့် စိတ်ကျေနပ်သွားရပါပြီ။ exaile ဆိုတာကတော့ amarok နဲ့ တော်တော်ဆင်တယ်။ သူ့ကို ကျွန်တော် rhytmbox ထက်ပိုသဘောကျပြီး လက်ရှိ အသုံးပြုနေပါတယ်။ သီချင်းတွေကို…