saturngod

  • ကျောင်းကိုတော့ နားမလည်တာ အမှန်ပဲဗျ… ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ…. ပထမနှစ်ကတည်းက ဟို အခန်းမပါဘူး.. ဒီအခန်းမပါဘူး… ဟိုဟာ ကျက်စရာမလိုဘူး.. ဟိုကတော့ ပယ်တယ်… ဒီလို ဘောင်ထဲကနေ စာကို အလွတ်ကျက်ပြီး hons အောင်လာခဲ့တာလေ…. တနည်းပြောရင် လွတ်လပ်စွာ ဖတ်ပြီး တွေးခေါ်မှုတွေ.. ဆွေးနွေးမှုတွေ မရှိတော့ဘူးပေါ့… အဲ… Master လည်းရောက်ရော… ကိုယ်တိုင် စာမဖတ်တာ ပြသနာတရပ်လို ဆရာမတွေက စပြောပါပြီ… master မှာ ကိုယ်တိုင် စာဖတ်ရမယ်ဆိုတာတွေကော.. ကိုယ်တိုင်လေ့လာရမယ်ဆိုတာတွေကော… ကျောင်းသားတွေက စာဖတ်အားနည်းတာတွေကော… ဆရာမတွေ မကျေမနပ်ချက်တွေက စုံပါ့… အမှန်တိုင်းဆိုေ ကျောင်းသားတွေကိုယ်တိုင်က ပထမနှစ်ကတည်းက စာဖတ်မှမဖတ်တာ.. ကျက်ပဲ ကျက်လာတာလေ… အဲဒါကို သွားအပြစ်တင်တော့…. အခြေခံမရှိအောင် လုပ်လိုက်တာ ဘယ်သူလဲ… အခြေခံမရိုက်သွင်းထားတဲ့…

  • Search Engine အသစ်တစ်ခုပါ။ တော်တော်လေးကို လန်းပါတယ်။ သူက အလှအပကို ဦးတည်ထားပုံရတယ်။ google နဲ့ yahoo နှစ်ခုပေါင်း ရလဒ်ကို လှလှပပ ဖော်ပြပေးထားတယ်။ သေသေချာချာ ဖတ်ချင်ရင်တော့ http://review.mmopenlibrary.com/?p=30 မှာဖတ်ကြည့်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီကနေ တွေ့တာ။ စမ်းကြည့်လိုက်ပါ။ တော်တော်ကောင်းလှတဲ့ search engine ပါ။

  • အခုမှပဲ သေသေချာချာ လက်တွေ့မှပဲ သိတော့တယ်… တော်တော်ကောင်းတာပဲဗျ… E-Learning ဆိုတာကို ဆရာတွေရှေ့မှာ တင်ရတာထက် ပိုလွတ်လပ်တယ်… ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်ဗျ… ကျွန်တော်တို့ မြန်မာနိုင်ငံက E-Learning က TV မှာလာ ထိုင်ကြည့်.. လုံးဝကို interactive မဖြစ်ဘူး… အခု internet ပေါ်ကနေ စာသင်ရတာ တော်တော်လေးကို သဘောကျသွားတယ်… ဆရာကိုယ့်နားမှာမရှိမှာလည်း မပူရတော့ဘူး.. ကျွန်တော်အခု သိသွားတဲ့ E-Learning ဆိုတာကတော့ ဆရာက နိုင်ငံတစ်နိုင်ငံ… တပည့်က နိုင်ငံတစ်နိုင်ငံ… ဒါပေမယ့် online ပေါ်ကနေ စာသင်နိုင်တယ်… ဘယ်လို သင်မှာလဲ… Meeting လုပ်လို့ရတဲ့ software ဖြစ်ဖြစ် …. အထူးသဖြင့် desktop sharing လုပ်လို့ရမယ်… chat လို့ရမယ်……

  • ဘာလိုလိုနဲ့ ၂၁ နှစ်တောင် ပြည့်ခဲ့ပြီပဲ… ဘဝကြီးမှာ ထူးခြားသွားတာဆိုလို့ ကျောင်းပြီးသွားတာပဲရှိတယ်… ဒီနေ့လည်း ပျင်းရိခြောက်သွေ့စွာနဲ့ပဲ ပြီးဆုံးသွားရပြီ… ကြိုတင်စီစဉ်ထားတာလည်း ရုတ်တရက်ခရီးထွက်စရာ ပေါ်လာတာနဲ့ ဘာမှ မလုပ်နိုင်တော့ဘူး… ရန်ကုန်မှာ ဒီနေ့ရှိရရင်တော့ တော်တော်လေးကို ပျော်ဖို့ကောင်းမှာထင်တယ်… အခုတော့ တော်တော်လေးကို တနေ့တာကို map နဲ့ sahana နဲ့ပဲ အချိန်ကုန်နေတယ်… ဝမ်းသာစရာတစ်ခုတော့ရှိတယ်… ကျွန်တော် အရမ်းကြည့်ချင်တဲ့ kung fu panda ဒီနေ့ ရုံတင်ပြီလေ.. US မှာတင်တာနဲ့ တူတယ်… yahoo movie ကလည်း ကြည့်လို့ရပြီ.. trailer လေးကြည့်ပြီး.. အရမ်းသဘောကျနေတာ… အဲဒီ panda ကြီးက တော်တော်ချစ်ဖို့ကောင်းတယ်… ဇာတ်လမ်းလေးကတော့ သမာရိုးကျပါပဲ… ဒါပေမယ့် 3D ကတော့ တော်တော်လေးကောင်းတယ်ဗျာ……

  • ဒီနေ့ site တစ်ခုရောက်ခဲ့တယ်… နာမည်လေးက စမ်းသလို site ထဲက information လေးတွေက ဆန်းတယ်… ကြည့်ပြီးတော့ ကြည့်လို့ကို မဝဘူးဖြစ်သွားတယ်… idea လေးတွေကတော့ ဆန်းတယ်ဗျ…. ခဏလောက်ဖြစ်ဖြစ် ဦးဏှောက်ကို fresh ဖြစ်အောင် ကြည့်လိုက်ပါအုံးဗျာ http://idealist.blinkr.net/

  • ကျွန်တော်တို့ရဲ့ site အသစ်တစ်ခုပါ။ အခုမှ စတင်နေဆဲပါ။ http://review.mmopenlibrary.com မှာ လွှင့်တင်ထားပြီးပါပြီ။ အခုတော့ အချက်အလက်တွေ နည်းပါးနေသေးတယ်။ ဖြည်းဖြည်းနဲ့ လာမှာပေါ့ဗျာ… :D

  • ဒီနေ့တော့ တော်တော်လေး အံသြသွားစရာ website တစ်ခုကို မမျှော်လင့်ပဲ ရောက်သွားတယ်.. ရောက်သွားတော့မှပဲ…. ငါဟာ ရေတွင်းထဲက ဖားသူငယ်ပါလားဆိုတာ ဝန်ခံမိသွားတယ်…. တော်တော်လေးကိုကောင်းတဲ့ idea တွေ design တွေ… ကျွန်တော် တွေးမထားဘူးတဲ့ idea တွေ (ကျွန်တော်က web ပိုင်းတစ်ခုပဲ တွေးလို့ထင်ပါရဲ့… ဟီး… ) Microsoft က ဘာကြောင့် စမ်းသစ်အောင်မြင်နေရလဲဆိုတာတော့ နည်းနည်းလေး သဘောပေါက်သွားတာ အမှန်ပဲ… သေသေချာချာသိချင်ရင်တော့ http://2006winners.nextgendesigncomp.com/showcase.aspx

  • အစကတော့ wubi သွင်းရတာ တော်တော်စိတ်ညစ်သွားတယ်… သွင်းမရလို့မဟုတ်ဘူး.. သွင်းပြီး windows drive ကဟာတွေ ခေါ်မရတော့လို့… သီချင်းတွေဖွင့်ဖို့ ပြသနာပဲလေ… အခုမှ ရှာတွေ့တယ်… /host/ ဆိုပြီး windows boot လုပ်တဲ့ drive ကို ဖော်ပြထားတာပဲ… အဲမှာသွားပြီး access လုပ်လို့ရတယ်… Ubuntu ကို ကြိုက်ပြီးရင် ကြိုက်ပဲ… cairo-dock ကလည်း တော်တော်မိုက်ပဲ.. မသွင်းရသေးရင် သွင်းကြည့်ဖို့ တိုက်တွန်းတယ်..