saturngod

  • ကျွန်တော် office 2007 သုံးတာ ပြသနာတစ်ခုဖြစ်တတ်တယ်… ဘာလို့လည်းဆို အမှတ်တမဲ့ ကျွန်တော်က .docx ဆိုပြီး 2007 format နဲ့သိမ်းလိုက်ရင် သူများစက်တွေ မရတော့ဘူး.. ကျွန်တော်က အိမ်တစ်ခေါက်ပြန် သီးသန့် 2003 လုပ်ပေးရတယ်… ကျွန်တော့်မှာလည်း portable office မရှိဘူးလေ… နောက်တော့ ကိုကိုရဲ နဲ့တွေ့မှ.. သူ့ဆီမှာရှိတဲ့ program လေးတစ်ခုကြောင့် အဆင်ပြေသွားတယ်.. office 2003 ကို .docx ဖတ်လို့ရအောင် လုပ်ပေးတဲ့ addon လေးပါ… FileFormat Convetor ဆိုတာလေးပါ။ office 2003 သမားတွေ သူများတွေ office 2007 ယူလာလည်း ကိုယ့်စက်ထဲမှာဖွင့်လို့ရအောင် သုံးသင့်ပါတယ်။ နောက်ပြီး စာစီစာရိုက်သမားတွေလည်း ထည့်ထားသင့်တာလေးပါ။ မဖြစ်မနေ…

  • ဒီနေ့ အလုပ်ကိစ္စတွေ ရှုပ်တဲ့ကြားကနေ အားချိန်ပေးပြီး ညနေ ၅ နာရီမထိုးမှီ အရောက် MICT ကို အရောက်သွားခဲ့ပါတယ်… ဒီနေ့တော့ sahana.org.mm ကိုအပြီးလုပ်မယ်.. သန်ဘန်ခါ ညနေလောက် OSM ကိုအပြီးလုပ်မယ်… sahana နဲ့ OSM ကိုပေါင်းဖို့က အချိန်တစ်ရက်ပေါ့.. အဲလိုမှန်းထားခဲ့ပါတယ်… ဒီနေ့ sahana version အဟောင်းက error ရှိတယ်လို့ Bagannet က server အတွက် ကျွန်တော်နဲ့ အတူကူညီတဲ့ MIT က ATN(အောင်သူငြိမ်း) က ပြောပါတယ်… ကျွန်တော်ကလည်း နောက်ဆုံး version တင်ဖို့လုပ်ထားပါတယ်… ဒါနဲ့ စတင်မယ်ဆိုပြီး ညနေ 5 နာရီက စပြီး sahana server ကို စတင်…

  • တခြားလူတွေတော့ မသိဘူး.. ကျွန်တော်ကတော့ PHP ရေးမယ်ဆို အရင်တုန်းက online ရှိမှ ရေးလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ http://php.net/manual/en ကနေ လိုချင်တဲ့ code နဲ့ပတ်သက်ပြီး သွားသွားရှာရလို့ပါ။ အမှန်တိုင်းပြောရင် mysql နဲ့ အခုချက်ချင်း ချိတ်ပြဆို ချိတ်ပြဖို့ ခက်ခဲပါတယ်။ manual လေးကို သွားပြီး တစ်ခေါက်ဖတ်ပြီးမှ ရေးနေကြမို့ပါ။ အဲဒီအတွက် သူများတွေမေးရင် ပြန်ဖြေဖို့ မလွယ်ဘူး။ online လည်းတက်ကြည့်လို့မရဘူး။ ဒါကြောင့် php.net က manual ကို website တစ်ခုလုံး download ဆွဲဖို့ ကြိုးစားသေးတယ်။ နောက်မှ မဖြစ်သေးပါဘူး။ ဘာလို့ online မှာမရှိရမှာလဲဆိုပြီး google ကနေ တက်ရှာလိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုတွေ့ပါတယ်ဗျာ။ http://www.php.net/download-docs.php မှာ…

  • ဒီနေ့မှ ကျောင်းက DBMS စာအုပ်လေးတွေ့လို့ လှန်လျော ကြည့်လိုက်တယ်.. တကယ်ကောင်းတဲ့ စာအုပ်ပဲ… ကျွန်တော် မှတ်ထားတာမှားတာလေးတွေ… အဲ တော်တော်များများ မှတ်ထားတာ မှားနေတာကို တွေ့ရတယ်… အခု ဒီစာအုပ်ကို ဖတ်နေတဲ့သူက UCSY Hons ပြီးတဲ့သူဆို ကျွန်တော်မေးကြည့်ချင်ပါတယ်… Distribution Database , Rational Database အဲဒါတွေက ဘာတွေလဲ… ကျွန်တော့်အထင် တော်တော်များများ သိမှာမဟုတ်ပါဘူး.. ကျွန်တော်လည်း သိတော့သိတယ်.. ဒါပေမယ့် အပြည့်အစုံမသိဘူး.. သိတဲ့ဟာတွေက တချို့အပိုင်းလေးတွေ မှားနေတာတွေ့ရတယ်… CJ.Date ရေးတဲ့စာအုပ်က တော်တော်ကောင်းပါတယ်.. ခက်တာက သူများတွေတော့ မသိဘူး… ကျောင်းတက်တုန်းက စာမေးပွဲနီးရင် ဟိုကနေ ဟိုအထိ… ဒီအပိုင်းမပါဘူး.. ဟိုဟာကို ဖျက်… ဒီကနေဒီအထိပဲ… ဆိုပြီး ကွင်းတွေဝှက်လာတာ..…

  • အခုမှပဲ သိတော့တယ်… ပထမနှစ်မတိုင်ခင်ကတည်းက regular expression ဆိုတာ သိလာတာ.. နားမလည်ဘူး… ဒါဆိုရင် နားလည်အောင် ကြိုးစားမလား… မထင်နဲ့… ဖတ်ကို မဖတ်တာ… အဲဒါကြောင့် ထိပြီ… တကယ်ဗျာ.. တကယ်အသုံးဝင်တဲ့ဟာကို မလေ့လာမိတဲ့အတွက် တော်တော်နောင်တရမိတယ်.. ဘယ်မှာ သုံးရမှန်းမသိ.. ဘယ်လို သုံးရမှန်းမသိတော့ မလိုဘူး.. လိုမှ ရှာမယ်.. ကူးလိုက်မယ်… အဲလို မှတ်ထားတာ.. ကိုယ်လိုချင်တဲ့ ပုံစံရဖို့ ရေးရတာ တကယ်မလွယ်ဘူးဗျာ.. အခြေခံအားနည်းတာလည်း ပါမှာပေါ့… ညီအစ်ကိုတို့တွေလည်း လေ့လာထားစေချင်တယ်.. တကယ်ကောင်းပြီး အသုံးတကယ်ဝင်ပါတယ်… အထူးသဖြင့် data input validation တွေ replacement တွေမှာ မဖြစ်မနေ သုံးရပါတယ်… searching တွေမှာလည်း သုံးရပါတယ်… ကျွန်တော့်လို ပေါ့ပေါ့ဆဆ မလုပ်မိကြပါစေနဲ့ဗျာ…

  • အခုတော့ နားလည်သွားပြီ… opensource ဆိုတာကြီးကို ကောင်းကောင်းသဘောပေါက်သွားပြီ.. opensource က ကျွန်တော်လက်ခံထားတဲ့ ပုံစံမဟုတ်ဘူးပဲဗျ.. သူတို့က source ပဲပေးလိုက်တယ်.. technology detail တွေ documentation တွေ မပါဘူး… internet မှာ ရှိပေမယ့် အပြည့်အစုံမရှိဘူး.. OSM ကို လုပ်လိုက်တာ ၁ လတောင်ပြည့်သွားတယ်.. မအောင်မြင်ဘူး.. သူတို့ပေးထားတဲ့ documentation ကပြည့်စုံမှုမရှိဘူး.. လုပ်နေကြလူတွေအတွက် ပြည့်စုံပေမယ့် လုပ်နေကြမဟုတ်တဲ့လူတွေ အတွက် အရမ်းခက်ခဲတာကို တွေ့ရတယ်ဗျာ… Joomla ကတော့ လွယ်တယ်… ဒါပေမယ့် reverse engineering လုပ်မယ်ဆိုရင်တော့ မလွယ်ဘူးဗျ… ကြိုက်တဲ့ opensource ကြည့်ဗျာ.. RE အတွက် ခက်ခဲတာတွေ့ရမယ်ဗျ… ဝယ်သုံးရတဲ့ဟာတွေကတော့ RE အတွက် လွယ်တယ်..…

  • glite.mysteryzillion.com ကြီး access denied တဲ့… အဲလို အားပေးတာ.. ကိစ္စမရှိပါ.. အခု mmglite.mysteryzillion.com ပြောင်းသွားပြီ…. MYSTERY ZILLION ကို ပိတ်ပစ်ရင် နောက်တစ်ခါ MyanTel က server room ထဲဝင်ရင် ပလပ်ပေါက်တွေ အကုန် ဖြုတ်လိုက်မှာ…. ဟီး… အခုတလော MICT ဘေးက MyanTel ရဲ့ server တွေထားတဲ့ data center #1 ကို အမြဲရောက်ဖြစ်နေတယ်… သတိထားပေတော့… saturngod.deviantart.com ကို ဘာကြောင့်မှန်းမသိ ပိတ်ခံထိ ကတည်းက ပေါက်နေတာ… အခု ထပ်ပိတ်ရင်တော့…. !!!!!

  • ကျွန်တော်တို့မြန်မာတွေ အလွယ်လိုက်လာတာကိုတွေ့ရတယ်။ လိုက်ချင်လည်းလိုက်စရာပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံ မူလတန်းမှာကတည်းက အလွယ်လိုက်အောင် ရိုက်သွင်းလိုက်တယ်။ ဒါကြောင့် အသက်ကြီးလာတော့လည်း အလွယ်ပဲလိုက်လာပါတယ်။ တကယ်ရှာမတွေ့တာ သေချာပြီလား.. ရှာမတွေ့ဘူးဆိုမှ မေးပါ။ မေးထားတဲ့ အဖြေပဲ ထိုင်စောင့်မနေနဲ့။ ကိုယ်တိုင်ရှာပါ။ မတွေ့ဘူးလက်လျော့လိုက်ပြီဆိုမှ မေးပါ။ အခုတော့ Gtalk မှာတွေ့လည်း မေး။ အပြင်မှာတွေ့တဲ့ လူတွေကလည်း မေးချင်တာတွေ စုပြီးမေး။ မြန်မာတော်တော်များများ အဲလိုတွေဖြစ်လာတယ်။ ကိုယ်တိုင်လေ့လာနိုင်စွမ်းတွေ အများကြီးကျဆင်းလာတယ်။ Thesis ဆိုလည်း shadow အပ်။ စာမေးပွဲအောင်ဖို့ စာလုပ်တာ။ စာကိုသိချင်လို့ စာလုပ်တာမဟုတ်ဘူး။ ဒီလောက်ကျက်ရင် အောင်မယ်။ ဒီလောက်လုပ်ရင် အမှတ်ကောင်းမယ်။ ငါဘယ်လောက်ဖတ်မှ ဘယ်လောက်သိမယ်ဆိုတာ မဟုတ်တော့ဘူး။ အရမ်းကို ကျဆင်းလာတာ။ ကျွန်တော် ကိုယ်တိုင် တဖြည်းဖြည်း အလွယ်လိုင်းရောက်လာတယ်။ ဒါဟာမဖြစ်သင့်ဘူး။…