saturngod

  • Ubuntu Dial up သမားတွေကတော့ စိတ်ဓာတ်ကျစရာပဲ… တကယ်လို့ သင့်မှာ computer နောက်တလုံးရှိတယ်ဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး.. Network ချိတ်ပြီး အင်တာနက် ကောင်းကောင်းသုံးလို့ရပါတယ်… ဒါပေမယ့် မရှိရင်တော့ မတတ်နိုင်ဘူးပေါ့လေ… Linux Support တဲ့ Modem ကိုဝယ်ဖို့လိုပါတယ်… ဒါမှမဟုတ် Dell ကထုတ်တဲ့ Ubuntu သွင်းပြီးသား Laptop တွေကတော့ dial-up အတွက်ပါ အဆင်ပြေတယ်လို့ဆိုပါတယ်… သင်က နိုင်ငံခြားမှာနေတယ်ဆိုရင် (ဟိုမှာနေမှတော့ dial-up သုံးမလား) support လုပ်တဲ့ driver ကို ဝယ်သုံးနိုင်ပါတယ်.. $20 ပတ်ဝန်းကျင်လောက်ပေးရပါမယ်.. အခုလက်ရှိ modem အတွက်ပေါ့… ဒီမှာနေတော့ ဝယ်လို့လည်း မရ… ဝယ်မရပဲ သူပေးတဲ့ demo လေးကတော့ အဆင်ပြေပါတယ်..…

  • Google ကလည်း google ပါပဲ… အငြိမ်ကိုမနေတတ်ဘူးလားမသိဘူး.. တစ်ခုပြီးတစ်ခု လုပ်နေတာပဲ… အခုလည်းလာပြန်ပြီ http://sites.google.com … web page တွေကိုလည်း လွယ်လွယ်ကူကူ တည်ဆောက်နိုင်တယ်… အကုန်လုံး အရံသင့်လေးတွေ ဆွဲထည့်နိုင်တယ်.. google page နဲ့ blog ကရလာတဲ့ idea တွေ ပြန်ပေါင်းထည့်ထားပုံရတယ်.. နောက်ပြီး Google Vidoe , You Tube, Picasa စတာတွေကို လွယ်လွယ်လေးထည့်လို့ရအောင် လုပ်ထားပေးတယ်… google page လိုမျိုး user friendly မဖြစ်တာမျိုးမဟုတ်တော့ဘူး… နောက်ပြီး blog လို စတာနဲ့ ဘာလုပ်ရမှန်းမသိတဲ့ ပုံစံမျိုးမဟုတ်အောင်လည်း ဖန်တီးထားတာကိုတွေ့ရတယ်… Page တွေလွယ်လွယ်ကူကူဖန်တီးနိုင်တယ်.. ချိတ်ဆက်နိုင်တယ်.. ဒါပေမယ့် နည်းနည်းလေးတော့ အင်တာနက်ပိုင်းမှာ…

  • အရင်တုန်းကတော့ AJAX ဆိုတာ ခက်ခဲတယ်… နောက်ပြီး GUI friend ဖြစ်တယ်လို့မထင်မိဘူး… ထင်လည်းထင်စရာပဲလေ… ရန်ကုန်က speed နဲ့ဆို သုံးနေရင်းတန်းလန်း မတက်လာတော့ဘူးလေ… နောက်ပြီး loading တွေကလည်း ကြာတယ်ပေါ့…. အခုအချိန်ရောက်တော့လည်း AJAX မပါရင် web လိုမမြင်တော့ဘူး… Sub Menu တွေပါလာရင် AJAX နဲ့ဆို ပိုကောင်းတာပေ့ါ…. ဒီလို Link ကြီးက ဘာဖြစ်တယ်.. ညာဖြစ်တယ်..ဆိုပြီး မြင်လာပါလေရော… နောက်ပြီး Side Bar တွေဆို AJAX မပါပဲ widget တွေ module တွေဆို ပိန်းလွန်းတယ်လို့ထင်တယ်… Joomla က module ပိုင်း ပိန်းတယ်ဆိုတာ အဲဒါပဲ… AJAX မသုံးပဲ ပုံမှန်…

  • အရင်တုန်းကတော့ Dolby Sound Room ဆိုတာ ရုပ်ရှင်ရုံထဲကလိုပဲပေါ့… မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေကလည်း အသံပိုင်းကောင်းပါတယ်.. ဒါပေမယ့် ကျွန်တော့်အတွက် မထူးသလိုပဲ… Dolby Sound Room ဆိုတာ ကျွန်တော်က အသံပိုင်းနည်းနည်းကောင်းလာမယ်… နောက်ပြီး Surround Speakers နဲ့မှ ကောင်းမယ်… သိပ်မပြီး မထူးခြားတဲ့ အရာလို့ထင်မှတ်ထားခဲ့တယ်…. ကျွန်တော်က အသံပိုင်းဆိုင်ရာမသိတာကြောင့်လည်း ပါမှာပေါ့.. သီချင်းနားထောင်ရုံလောက်ပဲလေ… အခုတော့ laptop မှာပါလာတဲ့ Dolby Sound Room ဆိုတာက နားထောင်မိလိုက်တော့ အံ့သြမှင်သက်မိသွားတယ်… ကျွန်တော် နားကြပ်နဲ့ နားထောင်နေကြပေမယ့် အခုတော့ နားကြပ်နဲ့တောင် သီချင်းနားမထောင်ချင်တော့ဘူး… တော်တော်ကောင်းတယ်ဗျ… ဘယ်လိုရှင်းပြရမလဲတော့မသိဘူး… Dolby Sound Room ဆိုတဲ့အတိုင်း ကျွန်တော့် နား နားမှာ speaker…

  • http://glite.mysteryzillion.com ကတော့ ပြန်ရသွားပြီ… မန်းလေးက သူငယ်ချင်းတစ်ယောက် ကူညီပေးလိုက်တာ.. သူ့ရဲ့ libgmailer ကိုသုံးမှရလိုက်တယ်… အခုတလော sahana ကို လေ့လာဖြစ်တယ်.. တော်တော်လေးကိုကောင်းပါတယ်.. Disaster Management System တစ်ခုပါ… အသုံးဝင်မယ်လို့ထင်တယ်… လူတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့… အဲဒီအကြောင်းကို ITpro မှာလည်း ပြောထားတာတွေ့နိုင်ပါတယ်.. ကျွန်တော် Glite က text editor ကို ပြင်ဖို့ကြိုးစားနေတာ… ဒီမှာကတော့ connection ကောင်းပါရဲ့ ဒါပေမယ့်.. မလှည့်နိုင်ဘူး.. ဘာပြီးရင်ဘာ… ဘာပြီးရင်ဘာ download ချရမယ်.. ဘာလုပ်ရမယ်… တောက်လျောက်စဉ်းစားနေရတော့ ပင်ပန်းတာအမှန်ပဲ… ထိုင်နေရင်းနဲ့ ပင်ပန်းတာ.. ညဆိုလည်း ၁ နာရီ ၂ နာရီလောက်ထိ မအိပ်ဖြစ်သေးဘူး.. လုပ်စရာလေးတွေ လက်စသပ်နေရသေးတယ်.. နောက်ထပ်…

  • Linux ကသာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ဆင်းရဲတဲ့နိုင်ငံအတွက် အဲလိုသာ လူတွေအော်နေကြတာပါ။ လက်တွေ့မှာတော့ Linux ထက် Windows က အများကြီးအဆင်ပြေမှုတွေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက ပြသနာကတော့ လျှပ်စစ်မီးနဲ့ အင်တာနက် connection ပဲ။ Ubuntu ဆိုတာကလည်း Internet Connection ကောင်းကောင်းမရရင် ဘာမှ လုပ်လို့ရတာမဟုတ်ဘူးလေ။ နောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက အင်တာနက် အသုံးပြုကြေး မြင့်မားပါတယ်။ မြင့်မားတယ်ဆိုတာ ပေးတာနဲ့ ရတာမတန်ဘူးလို့ဆိုတာပါ။ ငွေကြေးကို ပြောတာမဟုတ်ပါဘူး။ ဒီလောက်ပေးပြီး ဒီလောက်ပြန်ရမှ တန်တယ်လို့ဆိုလို့ရပါတယ်။ ၂၄ နာရီလုံး ဈေးသက်သက်သာသာ နဲ့ သုံးခွင့်မရှိဘူးဆိုရင်တော့ Linux ကိုမေ့လိုက်ပါ။ အမြန်တိုင်းဆိုရင် Linux က မြန်မာနိုင်ငံအတွက် လိုပါသေးတယ်။ မသင့်သေးဘူး။ Linux ဆိုတာ တကယ်တန်းတော့…

  • Ubuntu 8.04 မှာတော်တော်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ မကောင်းတာကတော့ network ပိုင်းအားနည်းလာတာကိုတော့ တွေ့ရပါတယ်။ network က မမိသလိုပဲ။ dial-up ပြသနာကတော့ အရင်ကတည်းက ဖြစ်နေတာပါ။ အခုထက်ထိ အဆင်မပြေသေးပါဘူး။ တခြားအနေနဲ့ကတော့ Graphic ပိုင်းမှာ ကောင်းမွန်လာတယ်။ နောက်ပြီး အထူးခြားဆုံးကတော့ wubi ပါ။ တော်တော်ကောင်းပါတယ်။ သွင်းရတာ အရမ်းလွယ်သွားတယ်။ ဘာ ပြသနာမှမဖြစ်ဘူး။ မြန်မာစာကတော့ ကျွန်တော် မစမ်းရသေးဘူး။ ထူးထူးခြားခြားဘာမှပြောင်းလဲသွားတာတော့ မတွေ့ရဘူး။ အဲ… cd burning အတွက်တော့ barbosa ဆိုတဲ့ cd burnning လေးပါလာတယ်။ အရင်က သီးသန့်သွင်းရတယ်။ အခုတော့ သွင်းစရာမလိုတော့ဘူးပေါ့။ တခြား effect တွေကတော့ အရင်အတိုင်းပါပဲ။ Add to panel လေး…

  • Drupal 6.2 က တော့ တော်တော်လေးကို ကောင်းမွန်လာတာကိုတွေ့ရပါတယ်… အထူးသဖြင့် sidebar တွေကို AJAX အသုံးပြုလာတာ တွေ့ရပါတယ်။ Drag & Drop ပေါ့။ တော်တော်လေး လွယ်ကူသွားတယ်။ အရင်ကဆိုရင် တစ်ခုလုပ်လိုက် တစ်ခါ loading ဆွဲလိုက်နဲ့ တော်တော်လေးကို စိတ်ကုန်ဖို့ကောင်းတယ်။ နောက်ပြီး security ပိုင်းမြင့်တင်ထားတယ်လို့ပြောထားပါတယ်။ အဲဒါတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ အရင် version က ကျွန်တော့် blog မှာ spam တွေ ဝင်လာတာ မနည်းဘူး။ ဒါကြောင့် comment ကို approve လုပ်ပြီးပဲ လက်ခံခိုင်းထားတာ။ အခုတော့ အစမို့လားမသိဘူး။ spam တွေမဝင်သေးဘူး။ နောက်ပြီး AJAX တွေ တော်တော်များများသုံးထားတာကိုတွေ့တယ်။ summary…