saturngod
-
ဒီနေ့ google မှာ saturngod gmail ဆိုပြီး ရှာကြည့်လိုက်တော့ ကျွန်တော့် information တော်တော်များများထွက်လာတယ်။ အထူးသဖြင့် deviantart.com က information ပဲ။ ကျွန်တော်တို့တွေ community site တွေထဲမှာ ကိုယ့် Information တွေ ဖြည့်မိတာတွေ ကိုယ့် email လိပ်စာတွေ ထည့်မိတာတွေ ရှိကောင်းရှိမယ်။ ဒါဟာကောင်းလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီလိုမျိုး ကိုယ့် Information ကို အလွယ်တကူရှာတွေ့နိုင်တာ ကျွန်တော့် အထင်အတွက်တော့ မကောင်းဘူးထင်တာပဲ။ ကျွန်တော် ကိုယ်တိုင်က အေးအေးဆေးဆေးပဲ နေတတ်တဲ့လူတစ်ယောက်ဖြစ်ပြီး ကိုယ့်အကြောင်းလူမသိစေချင်ဘူး။ ဟိုးအရင်တုန်းက Internet ဆိုတာဘာမှန်း ကောင်းကောင်းမသိခင်တုန်းက တွေ့ရာနေရာမှာ ကိုယ့် information အမှန်တွေပဲ ထည့်ခဲ့ဘူးတယ်။ email တွေဆိုလည်း…
-
အခု HTML စာအုပ်ကို နည်းနည်းပြုပြင်ထားတယ်။ အဓိကတော့ design ပြင်လိုက်တယ်။ အရင်က InDesign နဲ့ရေးတယ်။ အခု Word နဲ့ပြောင်းပြီး ရေးထားတယ်။ PDF ပြောင်းလိုက်တော့ word က 1.38 MB လောက်ပဲရှိတယ်။ InDesing တုန်းက 3 MB လောက်ဖြစ်သွားတာကိုတွေ့ရတယ်။ အခုတော့ Word နဲ့ပဲ design တွေအစပြင်ထားပါတယ်။ စာတွေကတော့ အရင်စာတွေပါပဲဗျာ။
-
ဘာတွေမအားမှန်းတော့ မသိပါ။ ကိုယ့်ကိုယ်တောင် သေသေချာချာမသိဘူး။ တနေ့တနေ့ ဘာမှတောင် မလုပ်ရသေးဘူး ကုန်သွားပြန်ပြီ။ မီးလာချိန်ကတော့ မဆိုးပါဘူး။ အလှည့်ကျပဲပေါ့။ မီးမလာရင် အပြင်ထွက်ကာ လုပ်စရာလုပ်။မီးလာတော့ computer ရှေ့မှာ တကုတ်ကုတ်။အိမ်အလုပ်တော့ တို့မလုပ်။အိမ်ကပြောတော့ တုတ်တုတ်မလှုပ်။ဆူတာ ဆဲတာ မဆန်းတာ။အိမ်အလုပ်မှ မလုပ်တာ။ဘာတွေ ရှုပ်မှန်း မသိပါ။တနေ့ကုန်ပြန်ပြီဗျာ။ ဘာတွေမှန်းမသိအောင် အခုတလော ရှုပ်နေတယ်ဗျာ…. blog ရေးမယ်လုပ်လိုက်… မအားလိုက်နဲ့ပဲ… အခုတောင် file upload တင်နေလို့ စိတ်ထဲရှိတာ ရေးလိုက်တာပါဗျာ..
-
အခုတလော 2co က နာမည်ကြီးလာတာနဲ့ မြန်မာနိုင်ငံက သုံးလို့ရမလားဆိုပြီး မနေ့က စမ်းကြည့်တယ်။ ရပါ့ဗျာ။ အေးဆေးပဲ။ singup တွေ ဘာတွေ ဝင်လို့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း မနက်ဖြန်မှ ဝင်တော့မယ်လေဆိုပြီး လုပ်ထားတာ။ ဒီနေ့ ဝင်မယ်လည်း လုပ်ရော paypal လိုမျိုး ပိတ်လိုက်တာလားမသိ။ ဝင်မရတော့ပါ။ မနေ့က မြန်မာနိုင်ငံက IP နဲ့ ကျွန်တော်ဝင်လိုက်လို့များ ကြောက်လန့်ပြီး လုပ်လိုက်တာလားမသိဘူး။ ဘာဖြစ်လို့လည်းဗျာ။ မြန်မာနိုင်ငံကလူတွေ အနေနဲ့ကော ဝယ်လို့မရသင့်ဘူးလား။ မြန်မာနိုင်ငံက လူတွေက online ပေါ်ကနေ ငွေသုံးခွင့်မရှိဘူးလား။ အဓိပ္ပာယ်မဲ့သလိုပဲ။ အဲလိုမျိုးကြီးပိတ်တာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိမှာပါ။ မပြောချင်တော့ပါ။ မြန်မာနိုင်ငံကို စိတ်မကုန်ဘူး။ မြန်မာနိုင်ငံကို ပိတ်တဲ့ site တွေကို စိတ်ကုန်လာတာ။ ကြီးကျယ်တာလား…
-
typical install ဆို အဆင်ပြေတယ်ဗျ… custom install ဆို nero express မပါလာတော့ဘူး.. အဲမှာ သေတာပဲ.. သူမပါတော့ data ကို multi-session ကူးမရတော့ဘူး.. အခုတော့ ရွာပတ်နေတယ်.. 8 သွင်းပြီးတာ မှားပြီ… အခု 7 ပြန်သွင်းတာလည်း မရပြန်ဘူး.. ခက်၏… ခက်၏… 8 က typical ဆို အဆင်ပြေတယ်.. custom ဆိုလုံးဝကို အဆင်မပြေတော့တာ… အခုထက်ထိ 7 သွင်းနေတာ မရသေးဘူး.. ထပ်ကြိုးစားကြည့်အုံးမယ်.. 8 က hard disk နေရာယူတာ အရမ်းများတယ်.. typical သွင်းရင် 1.3 GB တောင်.. နည်းတာမဟုတ်ဘူး… အခုချိန်မှာတော့ 8…
-
mmgeeks ရဲ့ လုပ်ဆောက်ချက်လေးပါ.. http://code.google.com/p/burglish/ အခု notepad++ မှာ ရိုက်လို့ရနေပြီ… စမ်းကြည့်လိုက်ဗျာ. ကျွန်တော်လည်း အခုမှ စမ်းမှာ…
-
လိုအပ်ချက်တွေက ကမ်းကုန်ပါပဲဗျာ။ ဘာဖြစ်လို့မှန်းကိုမသိတာ။ စာလုံးတွေ တော်တော်လိုသေးတယ်။ အခုတော့ babylon အတွက် bgl ထုတ်ပေးထားပါတယ်။ ကျွန်တော်တို့ ဒီလ အကုန်မှာ beta ထွက်အောင် ကြိုးစားကြည့်မယ်။ ထပ်ဖြည့်ရမှာ တော်တော်များတယ်ဗျ။ http://www.mysteryzillion.com/forums…p?do=file&id=4
-
မေးလွန်းလို့… ဖြေလိုက်တာ… အဲ.. Information ကတာ့ update မဖြစ်တော့ဘူး.. သေချာအောင် site တွေပဲ သွားကြည့်လိုက်ပေါ့.. source : http://www.mysteryzillion.com/forums/showpost.php?p=281&postcount=2 hosting နဲ့ ပတ်သက်ပြီးတော့.. http://www.lunarpages.com/basic-hosting/ အဲဒါက www.padonma.com သုံးတဲ့ hosting ပါ.. ဈေးကတော့ များပါတယ်… Database Unlimited ပါ… အဲဒီ အချက်က Forum အတွက် သင့်တော်ပါတယ်.. ဒါပေမယ့် များလွန်းပါတယ်… https://www.hostmonster.com/hosting-features.htm အဲဒါက ကျွန်တော် အခုသုံးတဲ့ဟာပါ… Flashban.net လည်းသုံးပါတယ်.. မြန်မာနိုင်ငံမှာဆိုရင် သုံးလို့မရပါဘူး.. Control Pannel ထဲဝင်လို့မရပါဘူး… MPT ADSL နဲ့မှ ရပါတယ်… Bagan က ပိတ်ထားပါတယ်.. ဈေးကတော့ $5.95…
